Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းရန် စစ်အစိုးရကို NLD တိုက်တွန်း

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • ချင်းမိုင်(မဇ္စျိမ)။ ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ရန် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို ထပ်မံ တောင်းဆိုလိုက်သည်။

    အမျိုးသားနေ့ အောင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမသတင်းဌာန)

    အမျိုးသားနေ့ အောင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမသတင်းဌာန)

    ရန်ကုန် NLD ရုံးချုပ်တွင် ယနေ့ ကျင်းပသော နှစ် ၉ဝ ပြည့် အမျိုးသား အောင်ပွဲနေ့သို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ရာ ၇ နှစ်ကျော်အတွင်း ပထမဆုံး ဆင်နွှဲခွင့်ရသော နေ့ထူးနေ့မြတ် အခမ်းအနား ဖြစ်သည်။

    “ ဒီနိုင်ငံကို မှီတင်း နေထိုင်သူ အားလုံး ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တချက် ရှိပါတယ်၊ အားလုံးက ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားသွားသည်။

    ” ဒီလို ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ရာ ဘာတွေ လိုအပ်သလဲဆိုရင် လုံခြုံဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့က ကင်းဝေးဖို့ လိုအပ်တယ်။ အဲဒါတွေအားလုံးအတွက် ကျွန်မတို့ ကြိုးစားရမှာပါ။ အဲတော့ အမျိုးသားရေးဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ အရေး မဟုတ်ဘူး။ အားလုံးရဲ့အရေး၊ နိုင်ငံ့ ဝန်ထမ်းတွေလဲ ပါတယ်။ နိုင်ငံ့ ဝန်ထမ်းဆိုတာမှာ တပ်မတော်သားတွေလဲ ပါတယ်။ ပါတီ အဖွဲ့အစည်းတွေလဲ ပါတယ်၊ တဦးချင်း ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်တယ်” ဟု သူက ဆက်ပြောသည်။

    တိုင်းရင်းသားများ မပါဝင်ဘဲ စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်မည် မဟုတ်ဟုလည်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။“တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ကြိုးပမ်းရင် ထူးခြားတဲ့ အောင်ပွဲ မြန်မာနိုင်ငံ သမိုင်းမှာ ရစမြဲဘဲ ဖြစ်တဲ့အကြောင်း၊ အခု ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးပြေလည်ဖို့ လိုအပ်ဆုံးကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရဖို့ဘဲ ဖြစ်တယ် ”ဟု ဦးအုန်းကြိုင်က ပြောသည်။
    သင့်လျော်သည့် နိုင်ငံရေး အခြေအနေတရပ်ရဖို့ တိုင်းပြည်မှာ လက်တွေ့ ဖြေရှင်းရန် ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ အပါအဝင် ရဟန်းတော်များ၊ ကျောင်းသား ခေါင်းဆောင်များ စသည့် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည်။

    အခမ်းအနားတွင် ကဗျာဆရာ ကိုလေး(အင်းဝ ဂုဏ်ရည်)က စာပေနှင့် မျိုးချစ်စိတ်ဓာတ် ဆက်စပ်နေမှု၊ မျိုးချစ်စိတ်နှင့် အမျိုးသားအောင်ပွဲ ဆက်စပ်နေပုံများကို သူ့ဘဝ ကိုယ်တွေ့များဖြင့် ဟောပြောသွားသည်။
    အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လာသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ

    အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လာသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ

    ပြည်နယ်နှင့် တိုင်း အသီးသီးမှ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်များ၊ CRPP အဖွဲ့ဝင် ဦးအေးသာအောင်၊ ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ဝါရင့်နိုင်ငံရေး သမားကြီး သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ နိုင်ထွန်းသိန်းတို့ အပါအဝင် အားလုံး ၂,ဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

    အလားတူပင် သန်လျင် NLD အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုးဟန်အိမ်တွင်လည်း NLD လူငယ်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း ၁ဝဝ ခန့် သံချပ်ထိုးခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည်ဖြင့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပခဲ့ကြောင်း ဗမာနိုင်ငံ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု- ဗဒတ မှ အတွင်းရေးမှူး ကိုရန်နိုင်က ပြောသည်။ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမျိုးသားနေ့ သဝဏ်လွှာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှန်မှန်ကန်ကန် ကျင်းပပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

    “ယခုအခါ နိုင်ငံတော်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းရေးအတွက် ကျန်ရှိနေသေးသော လုပ်ငန်းစဉ် နှစ်ရပ်ကို ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်”ဟု မိန့်ခွန်းတွင် ပါရှိသည်။ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ရာမှ ထွက်ပေါ်လာသည့် အမျိုးသား အောင်ပွဲနေ့တွင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ မပါရှိဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ် အောင်မြင်ရေး အကောင်အထည်ဖော်ရန်သာ ဦးတည် ဖော်ပြထားသည်။မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့၊ ခရစ်နှစ် ၁၉၂ဝ တွင်ု ဗြိတိသျှနယ်ချဲ့ လက်အောက်က မြန်မာပြည်သူများ တက္ကသိုလ်ပညာ သင်ကြားခွင့် မရစေသည့် ရန်ကုန်တက္ကသိုလ် အက် ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ် ကျောင်းသားကြီးများ ပထမ တက္ကသိုလ် ကျောင်းသားသပိတ် စတင်ခဲ့သည့်နေ့ ဖြစ်သည်။

    အမျိုးသားအောင်ပွဲနေ့ အနှစ်သာရအဖြစ် ကွဲပြားနေသော ဒီမိုကရေစီ အင်အားစုများ စည်းလုံးညီညွတ်ရေးကို ပထမဆုံး ပြုလုပ်ရန် မိတ္ထီလာခရိုင် အဖွဲ့ဝင်များက ထုတ်ပြန်ခဲ့သည်။“ဒီကနေ့အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့အတူ သူ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုနေချိန်ဖြစ်တော့ အစိုးရက ရွေးကောက်ပွဲကို ဘယ်လိုဘဲ ညစ်ညစ် ဘယ်သူ့ကိုဘဲ ရွေးရွေး လူထုက ဒေါ်စုကိုဘဲ ရွေးချယ်နေတာဘဲ။ ဒီအောင်ပွဲနဲ့အတူ ကိုယ်ကိုယ်တိုင် အင်အားရှိမှ စစ်တပ်နဲ့ ရင်ကြားစေ့ရေး လုပ်လို့ရမယ်”ဟု အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

    မိတ္ထီလာခရိုင် အဖွဲ့ချုပ်ရုံး၌ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ မန္တလေး ပြည်ကြီးတံခွန်၊ အနောက်တောင်မြို့နယ်၊ အရှေ့တောင်မြို့နယ် စသည့် ၈ မြို့နယ်မှ NLD အဖွဲ့ဝင် ၅ဝ တက်ရောက်သည့် အခမ်းအနားက သဝဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မည်ဖြစ်သည်။

    ကုလားတန် စီမံကိန်းတွင် ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်

  • .
  • အကြောင်းအရာ >
  • အိန္ဒိယနှင့် ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးကို အခုအခါ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
    Sittwe-jettyစီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်းမှတဆင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ ဖြစ်ကြသော မီဇူရမ်နှင့် အာသံပြည်နယ်များကို ဆက်သွယ်ဖေါက်လုပ်မည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။

    စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်နေကြောင်းကို စစ်တွေမြို့ခံ တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။“အခု သူတို့က စစ်တွေ ဆိပ်ကမ်းဟောင်း အင်းပေါက်ဝကနေ ကမ်းနားလမ်း တလျောက်ကို မြေတွေ စတင်ဖို့ နေပါတယ်။ သဲတွေကို လော်ရီကားတွေ တင်လာပြီး မြေဖို့ နေတာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံသား အင်ဂျင်နီယာတွေလည်း တွေ့တယ်။ သူတို့က ဆိပ်ကမ်းသာ ဟိုတည်မှာ တည်းခိုနေကြတာ ဖြစ်ပါတယ်။” ယခင်က စစ်တွေ ဆိပ်ကမ်းကို တည်ဆောက်ပါက အထင်ကရ နေရာများ ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အဆိုပါ သတင်းမှာ တိတ်ဆိတ်နေကြောင်း သူက ဆက်ပြောသည်။

    “အရင်ကတော့ စစ်တွေ ဆေးရုံကြီးကို ဝေသာလီ အားကစားကွင်းဘက်ကို ပြောင်းမယ်။ ဈေးကြီးကိုတော့ ယခင်က သင်္ချိုင်းဟောင်း အာဂျိတ်တောင်ကုန်းကို ပြောင်းမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့တာ ရှိပါတယ်။ အခုတော့ ဒီသတင်းတွေကို မကြားရတဲ့အတွက် လူတွေကတော့ ဆိပ်ကမ်းဆောက်ပေမယ့် စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်။” သို့သော်လည်း စစ်တွေ ဆေးရုံကြီးမှာ ဆိပ်ကမ်းဆောက်လုပ်သည့် နေရာနှင့် နီးကပ်စွာ တည်ရှိသဖြင့် ကားအ၀င်အထွက် အသံများနှင့် သင်္ဘောသံများကြောင့် ဆူညံမူများ ဖြစ်နိုင်ပြီး လေကောင်း လေသန့် ရနေမူကိုလည်း အဟန့်အတား ဖြစ်သွားနိုင်ကြောင်း သူက ပြောသည်။ ၎င်းပြင် စစ်တွေ ကမ်းနားလမ်း၊ မင်းကြီးကျောက်တန်းနှင့် ပလ္လင်တောများလည်း ပျက်စီးပျောက်ကွယ်သွားနိုင်ကြောင်း သူက ပြောသည်။

    “ခုလို အပျက်အစီးတွေ ရှိနိုင်ပေမယ့် ဒီစီမံကိန်းအတွက် အလုပ်အကိုင် အခွင့်အလန်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့တော့ နည်းနည်းမျှော်လင့်မိပါတယ်။ ရခိုင် စီးပွားရေးက လုံးဝ ချွတ်ခြုံကျနေတော့ ဒီစီမံကိန်းက အခွင့်အရေး တစုံတရာ ပေါ်ပေါက်နိုင်မလား ဆိုပြီး လူတွေက မျှော်လင့်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။အဆိုပါ စီမံကိန်းအတွက် အိန္ဒိယ အစိုးရက အမေရိကန် ဒေါ်လာ သန်း ၁၂၀ ထောက်ပံ့ပေးရန် မြန်မာစစ်အစိုးရနှင့် ၂၀၀၉ ခုနှစ် ဧပြီလက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း၏ အဓိက အရေးပါသော စစ်တွေ ဆိပ်ကမ်း စီမံကိန်းကို စတင်ဆောက်လုပ်နေပြီ စီမံကိန်း တခုလုံးကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု သိရသည်။

    ကုလားတန် မြစ်ကြောင်း စီမံကိန်းမှာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များအား စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး နိင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ဆက်စပ်မည် ဖြစ်သောကြောင့် ဒေသအတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူများ ရှိလာနိုင်မည်ဟု အများက ခန့်မှန်းပြောဆိုမူများ ရှိနေသည်။သို့သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများမှ ကုလားမြစ် ဘက်စုံ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရခိုင် ယဉ်ကျေးမူဆိုင်ရာ အမွေအနှစ်များ ပျက်စီးဆုံးရှုံးမူများ ရှိနိုင်ကြောင်း ဝေဖန်ပြောဆိုမူများလည်း ထွက်ပေါ်နေသည်။

    WOT - လုံခြုံရေဆိုင်ရာ Firefox နဲ့ Google Chrome တို့အတွက်

  • .
  • အကြောင်းအရာ >
  • WOT

    WOT ဆိုတာကတော့ လုံခြုံရေဆိုင်ရာ Firefox နဲ့ Google Chrome တို့အတွက် Extensions
    အဖြစ်နဲ့ လူတွေတော်တော်များများသိပြီးသား
    ပါ။အရင်တုန်းက Firefox ရဲ့ Add-ons အနေနဲ့ရှိ
    ခဲ့ပါတယ်။ခုဆို IE Chrome Firefox တို့အတွက် အသုံးပြုနိုင်ပါတယ်။ကိုယ်မသိ ကိုယ်မရောက်ဖူး
    တဲ့ ၀က်ဆိုဒ်တစ်ခုကို လုံခြုံရေးဘယ်လောက်ရှိလဲဆိုတာ ဇဝေဇ၀ါနဲ့ဝင်ကြည့်ရင်ကောင်းမလား
    ထွက်လိုက်ရင်ကောင်းမလား ဆိုဒ်ထဲမှာလည်းကိုယ်ရှာနေတာရှိနေတယ်။ခဏတော့ဝင်ကြည်ချင်
    တယ်။ပြီးတော့ ကိုယ့်စက်တစ်ခုခုဖြစ်သွားမှာ ဗိုင်းရပ်စ် အ၀င်ခံရမလားလဲစိုးရိမ်မိသေးတယ်။

    ဒီတော့ သင့်ရဲ့ဇဝေဇ၀ါဖြစ်နေတာကို WOT ကပြတ်ပြတ်သားသားဆုံးဖြတ်ပေးပါလိမ့်မယ်။
    ဒီလောက်တောင်ပြောနေမှ WOT ကိုမသုံးနိုင်စရာ ဘာအကြောင်းများရှိသေးလဲဗျာ။
    Firefox အတွက် ဒီမှာ
    Chrome အတွက် ဒီမှာ
    Internet Exploer အတွက် ဒီမှာ

    Flash Converter

  • .
  • အကြောင်းအရာ >

  • ဒီ Flash Converter ကိုကျတော်သီးခြားတင်ဖြစ်တာကတော့ သူက SWF FLV အတွက်သီးသန့်
    Converter တစ်ခုဖြစ်ပါတယ်။Flash Video မှာFLV အတွက် Converter တွေပေါသလောက်
    SWF အတွက်တော့ လက်ချိုးရေလို့ရပါတယ်။လက်ချိုးရေလို့ရတဲ့ထဲကကောင်းတာလေးကို
    ပဲကျတော်တင်ပေးလိုက်ပါတယ်။တချို့ကတော့ အင်တာနက်က ရလာတဲ့ SWF Flash ဖိုင်တွေ
    ကို Animation ပုံလေးတွေအနေနဲ့ပြောင်းချင်ကြပါတယ်။ဒါဆိုရင်တော့ ဒီဆောဖ်ဝဲလေးက
    အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။


    ပြောင်းလဲပေးနိုင်တဲ့ Format များကတော့
    SWF to AVI
    SWF to MPEG (VCD / DVD)
    SWF to MP4 (PSP / PS3)
    SWF to MP4 (iPod /iPhone /Apple TV)
    SWF to 3GP (Moblile)
    SWF to Zune (Microsoft)
    SWF to WMV (Windows Media)
    SWF to Windows Mobile
    SWF to FLV (Youtube Video)
    SWF to Mov (Quick Time)
    SWF to MP3
    SWF to Picture (BMP / PNG / JPEG / GIF / Animated GIF)
    SWF to Video
    အောက်ကပုံအတိုင်းဖြစ်ပါတယ်။

    SWF to Picture
    အောက်ကပုံအတိုင်းဖြစ်ပါတယ်။

    Downlaod Now!

    SWF မှ Mp3 ပြောင်းလဲပုံ

  • .
  • အကြောင်းအရာ >
  • SWF မှ Mp3 ပြောင်းလဲပုံ

    အရင်တုန်းက ကျတော် iwisoft Flash Converter အကြောင်းရေးသားပြီးပါပြီး။ဒါေ ပမယ့်မပြည့်
    စုံဘူးထင်လို့ နောက်ထပ်ပိုစ့်အသစ် တစ်ခုပြန်ရေးလိုက်ပါတယ်။ခုရေးမှ
ာက Flash(SWF)နဲ့ပါတ်
    သက်တဲ့အကြောင်းကို အဓိကထားပြီးရေးပါမယ်။အင်တာနက်ပေါ်က Flash သီးချင်းလှလှလေးတွေ
    ကို Video ကိုပဲဖြစ်ဖြစ် Mp3 ကိုပဲဖြစ်ဖြစ်ပြန်လည်ပြောင်းချင်တယ်ဆိုရင်တော့ ဒီပိုစ့်ကိုသာ အစအ
    ဆုံးဖတ်လိုက်ပါ။သူငယ်ချင်းတစ်ယောက်ကပြောတယ် သူကြိုက်တဲ့ Flash သီးချင်းတွေကို အခွေ
    ထုတ်ချင်တယ်လို့ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဘူးတဲ့.....ကျတော်လည်းသူ့ကိုပြောပြလိုက်တယ်...
    ဒီလို ဒီလိုပေါ့ ခေါင်းညိတ်ပြီးပြုံးလို့ပြီးတော့သူ့လိုမျိုး ပြုလုပ်ချင်တဲ့သူတွေ အဆင်ပြေအောင်
    ဘလော့မှာပိုစ့်တင်လိုက်ပေါ့တဲ့ ဒါနဲ့သူ့ရဲ့အကြံပေးချက်နဲ့ ကျတော်ဒီပိုစ့်ကိုရေးဖြစ်ခဲ့တာပါ......

    Flash (swf) ဖိုင်တွေကို Mp3 သီချင်းပြောင်းချင်လို့ပဲဖြစ်ဖြစ် Video Format ပြောင်းချင်တာပဲဖြစ်
    ဖြစ် လိုအပ်တဲ့ ဆောဖ်ဝဲက တစ်ခုတည်းပါ။အဲဒါကတော့ Iwisoft Flash Converter ပဲဖြစ်ပါတယ်။
    ပထမဆုံး Iwisoft Flash Converter ကို ဒီမှာ ဒေါင်းလိုက်ပါ။
    ပြီးတော့ စက်ထဲမှာ အင်စတောလုပ်လိုက်ပေါ့။
    အင်စတောလုပ်လို့ပြီးရင် ဖိုင်ထဲမှာ ကျတော်ပေးထားပြီးးသား Crack ဖိုင် ကိုအသုံးပြုပြီး
    Register လုပ်လိုက်ပါ။ဒါမှသုံးရတာအဆင်ပြေမှာ နို့မို့ Trail Version နဲ့ဆိုစိတ်ညစ်ရဦးမယ်။
    Register လုပ်တာက တခြားနဲ့မတူဘူး။ခုဆောဖ်ဝဲက Cracking လုပ်ရမှာဖြစ်တဲ့အတွက်
    Serial Numbers တွေမလိုအပ်ပါဘူး။

    Crack ဖိုင်ကိုဖွင့်လိုက်ရင်ဒီအတိုင်မြင်ရမယ်။ပြီးရင် Crack it now ကိုနိုပ်.....ဝင်းဒိုးတစ်ခုပေါ်လာ
    မယ်။သူရွေးခိုင်းတဲ့ဖိုင်ကို ရွေးလိုက် ပြီးတော့ OK ပေါ့။
    ခုမှ Full Version ကိုသုံးရမှာ.......
    ဆောဖ်ဝဲကို Run လိုက်ပါ။အောက်ပါအတိုင်း..............

    ဒီမှာအသုံးပြုလိုရနိုင်ပေမယ့် တစ်ခုချင်းပဲ Convert လုပ်ပေးနိုင်ပါတယ်။ဒီမှာတစ်ခုကောင်းတာ
    က Flash တစ်ပုဒ်လုံးကို မလိုချင်သူများ ကိုလိုချင်သလောက် စမှတ် ဆုံးမှတ် သတ်မှတ်ပြီးတော့
    လိုသလောက်ပဲ Convert လုပ်ပေးနိုင်ပါတယ်။ဒီဟာက ဘာအတွက်ကောင်းသလဲဆိုတော့
    Animation Gif လုပ်ရာမှာပိုအဆင်ပြေပါတယ်။ဖိုင်တစ်ခုလုံးကို Convert လုပ်ဖို့ဆိုရင်တော့
    တစ်ခုပြီးတစ်ခု တစ်ပုဒ်ပုဒ် Convert လုပ်ရတာဆိုတော့ သိပ်တော့အလုပ်ဖြစ်မယ်မထင်ပါဘူး။
    ဒါဆို ပုံမှာ မြှားပြထားတဲ့နေရမှာ Switch to Batch mode ကိုနိုပ်လိုက်ရင်အောက်ပုံအတိုင်း


    ဒီတစ်ခါတော့ သီးချင်းဖိုင် အများကြီးကို တစ်ခါတည်း Convert လုပ်နိုင်ပါပြီး......
    1. Convert လုပ်မယ့် သီချင်းဖိုင်များပေါင်းထည့်ရန်
    2. Convert လုပ်ပြီးထွက်လာမယ့် ဖိုင်အမျိုးအစား
    3. Convert လုပ်ပြီးထွက်လာမယ့် ဖိုင်အမျိုးအစား ကိုစိတ်ကြိုက်ပြောင်းရန်
    4. Convert လုပ်ပြီး Video / Mp3 / ပုံများရောက်ရှိမယ့်နေရာ
    5. Pause နိုပ်ပြီးလိုချင်တဲ့ပုံကို ရိုက်နိုင်ပါတယ်။
    6. ရိုက်ပြီးပုံထွက်မယ့်နေရာ
    7. ကိုယ် Convert လုပ်ချင်တဲ့ဖိုင် ပြည့်ပြီးဆိုရင် စပြီး Convert လုပ်ဖို နိုပ်လို့ရပါပြီး နည်းနည်းတော့ကြာမယ်
    သီချင်းတစ်ပုဒ်ကို ၅ မိနစ်လောက် စောင့်ရမယ်ထင်တယ်။ခုပုံမှာ ကျတော်လိုချင်တဲ့ Video
    Format ကတော့ AVI ဖြစ်ပါတယ်။တကယ်လို့တခြားလိုချင်တယ်ဆိုရင် နံပါတ် ၃ နေရာမှာ
    နိုပ်ပါ။အောက်ပုံ........


    ပြောင်းလဲနိုင်တဲ့ Video Format များကတော့
    SWF to AVI
    SWF to MPEG (VCD / DVD)
    SWF to MP4 (PSP / PS3)
    SWF to MP4 (iPod /iPhone /Apple TV)
    SWF to 3GP (Moblile)
    SWF to Zune (Microsoft)
    SWF to WMV (Windows Media)
    SWF to Windows Mobile
    SWF to FLV (Youtube Video)
    SWF to Mov (Quick Time)ဖြစ်ပါတယ်။
    သီချင်းသက်သက်လိုချင်ပါက
    SWF to MP3
    ပုံတွေလိုချင်ပါက
    SWF to Picture (BMP / PNG / JPEG / GIF / Animated GIF)


    ပုံထဲမှာ လှုပ်တာလေးတွေလိုချင်ရင်တော့ Animated GIF ကိုရွေးလိုက်ပေါ့။
    နောက်ဆုံး VCD လုပ်ချင်သူများအတွက် Nero 6 Ultra Edition ကိုလည်းတစ်ခါတည်းဒေါင်း
    သွားနိုင်ပါတယ်။

    လေ့လာစရာ နည်းပညာများ

  • .
  • အကြောင်းအရာ >
  • ဓါတ်ပုံတွေကို ခဲ ခြစ်ထားသလိုလေး...
    http://www.zuzuaung.co.cc/?p=957

    P2 ဂိမ်းခွေတွေကို ကွန်ပြူတာထဲ ထည့် ဆော့ ရအောင်
    http://www.zuzuaung.co.cc/?p=911

    youserials.com ကို Hack ခြင်း
    http://www.zuzuaung.co.cc/?p=922
    that is funny

    Megaupload Leech
    http://www.myidgroup.org/forums/showthread.php?963-Megaupload-Leech&p=3943#post3943

    Adobe Photoshop CS5 Extended Portable [Preactivated]
    http://www.zuzuaung.co.cc/?p=907

    Mother board များနှင့်ပတ်သတ်သော Slot များအကြောင်းပါ။ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။
    http://www.myidgroup.org/forums/showthread.php?941-Slot-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8

    Kaspersky All version Activation Key
    http://www.zuzuaung.co.cc/?p=889
    Facebook ရှိသူများ slidbar က Like Me မှာ like နိပ်ထားပါက zuzuaung.co.cc မှ တင်သော ပိုစ်တိုင်း သင့် Home Pages မှာလာပြမှာဖစ်ပါတယ်။

    Windows DeLuXe Edition 2010 v2.0
    http://www.zuzuaung.co.cc/?p=757
    ဒီလောက်ကောင်းနေတဲ့ OS တွေရှိနေတာ Window ဟာ ပြုတ်ကျသွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး

    “ အောင်ဆန်းစုကြည် ” ဂုဏ်ပြုတေး

  • .
  • အကြောင်းအရာ >
  • အောင်ဆန်းစုကြည်
    သံစဉ်/စာသား..ကုမာရ
    တေးဆို..ခွပ်ဒေါင်းမျိုးဆက်သစ်ညီအစ်ကိုများ
    တေးဆို .ထက်အောင်ရှိုင်းနှင့်ညီအကိုများ
    KEY:A
    A D A A D A
    ဒီနေ့ ဒီရက် ဒီအခါ ဒီရာသီလေးမှာ .. လူသားလေး တဦးက ဒီမြေ ဒီရေ မှာမွေးဖွား ..
    D A G A
    ကြိုစိုသည် ကမ်းလင့်သည် လောကကြီးကဆိုခဲ့သည်..
    A D A A D
    လူသားလေးရဲ့ဘ၀ ရှင်သန်တာ ပြည်သူတွေအတွက်ပါ .. သူပေးစပ်ခဲ့သမျှ ရာဇ၀င်တွေ
    A
    တွင်ရစ်ပြီ
    D A G A G A G A
    အာဇာနည် ကျွန်ုပ်တို့၏ နှလုံးသား၏ အမိသည် အောင်ဆန်းစုကြည် .. အောင်ဆန်းစုကြည်
    A D A G
    အိုမေမေ ရေ ပြည်သူတွေရင်မှာလေထင်ကျန်နေ မြင်ယောင်နေ အမေ့ရဲ့အပြုံး အမေ့ပုံရိပ်
    A
    စွဲကျန်နေ
    A D A G
    အိုမေမေ ရေ ပြည်သူတွေရင်မှာလေထင်ကျန်နေ မြင်ယောင်နေ အမေ့ရဲ့အပြုံး အမေ့ပုံရိပ်

    A G A G A
    စွဲကျန်နေ အောင်ဆန်းစုကြည် .. အောင်ဆန်းစုကြည်




    AungSanSuuKyi fullmix (Group version) by http://soundcloud.com/S1