Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

အတုအယောင် သာသနာဖျက်ရဲ့  အင်တာနက် စာမျက်နှာမှာ အမြင်မသင့်တော်တဲ့ လိုင်ပိုင်းဆိုင်ရာ သက်ရောက်ပေါ်လွင်စေတဲ့ ဓါတ်ပုံ လင့်ခ်ချိတ်ထားခဲ့တာ တွေ့ မြင်ခဲ့ရ

  • Tuesday, February 22, 2011
  • .
  • အကြောင်းအရာ >
  • နအဖ တိုင်းမှူးနဲ့  တပ်မမှူးတွေပါ အလိုတူ အလိုပါ သာသနာဖျက်ဆီးရအောင် စီစဉ်ထားတဲ့ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ရဲ့  အင်တာနက် စာမျက်နှာ (http://numberonesociology.com/activities.htm) မှာ အမြင်မသင့်တော်တဲ့ လိုင်ပိုင်းဆိုင်ရာ သက်ရောက်ပေါ်လွင်စေတဲ့ ဓါတ်ပုံ လင့်ခ်ချိတ်ထားတာကို အဲ့ဒီ အင်တာနက်စာမျက်နာ အခုဝင်ကြည့်လို့ မရအောင် ရပ်နားပစ်လိုက်တဲ့ အချိန်မတိုင်ခင်လေးမှာ တွေ့ မြင်ခဲ့ရပါတယ်။

    ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ရဲ့  အင်တာနက် စာမျက်နှာဖြစ်တဲ့ http://numberonesociology.com/activities.htm မှာ လှုပ်ရှားမှုဓါတ်ပုံတွေ ယခုလို ဖေါ်ပြထားခဲ့ပါတယ်။




































    အထက်ဖေါ်ပြတဲ့ လင့်ခ် ဖြစ်တဲ့ http://numberonesociology.com/activities.htm မှာ လှုပ်ရှားမှုဓါတ်ပုံတွေ ဖေါ်ပြထားတဲ့အထဲက ဒုတိယတန်း အလယ်ပုံကို အကယ်ချဲ့ ကြည့်ဖို့ ဆိုပြီး mouse click နှိပ်ကြည့်လိုက်ရင် ထွက်ပေါ်လာတဲ့ပုံက အောက်ပါအတိုင်း ရိုင်းစိုင်းသော လိင်ပိုင်းဆိုင်ရာ သက်ရောက်ပေါ်လွင်စေတဲ့ ဓါတ်ပုံဖြစ်နေတာကို တွေ့ မြင်ခဲ့ရပါတယ်။





































    အမျိုးသမီးနှစ်ဦး ခုန်ပေါက်ကနေတဲ့ပုံနဲ့  လိင်ပိုင်းဆိုင်ရာ ပုံသဏ္ဍန်ပါတဲ့ ဓါတ်ပုံကို လင့်ချိတ်ဖေါ်ပြထားမှုကို တွေ့ မြင်လိုက်ရတာ မယုံကြည်လောက်အောင် ဖြစ်ရပြီး၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆို

    ပြီး မော်ဒယ်မတွေနဲ့  ကခုန်နေတဲ့ လိင်ပိုင်းဆိုင်ရာ စကားလုံးတွေပါတဲ့ တရုတ်သီချင်းတွေ ဖွင့်ပြပြီး ခုန်ပေါက်ကခိုင်းတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ရရင် ဘာသာသာသနာတော်ကို အလွန်အကျူး ရိုင်းရိုင်းစိုင်းစိုင်း ဖျက်ဆီးနေတယ်ဆိုတာ သိကြရမှာဖြစ်သလို ယခုလို အင်တာနက်စာမျက်နှာမှာပါ လိင်ပိုင်းဆိုင်ရာ သက်ရောက်ပုံပေါ်လွင်စေတဲ့ ဓါတ်ပုံကို ပုံကြီးချဲ့ ကြည့်တဲ့နေရာမှာ အမျိုးသမီးနှစ်ဦး ခုန်ပေါက်ကနေတဲ့ပုံနဲ့ လိင်ပိုင်းဆိုင်ရာ ပုံသဏ္ဍန်ပါတာ ပြသထားတာကို ကြည့်ရင် ဒီသာသနာဖျက်ရဲ့  လုပ်ရပ်ဟာ ဘယ်လောက်ဆိုးရွားလည်းဆိုတာ သက်သေတစ်ခုပါဘဲ။

    ဒီ လိင်ပိုင်းဆိုင်ရာ သက်ရောက်ပုံပေါ်လွင်စေတဲ့ ဓါတ်ပုံကြီးကို ယုတ်မာစွာနဲ့  လင့်ခ်ချိတ်ဖေါ်ပြထားတာ ပေါ်လွင်သွားလို့  သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ရဲ့  အင်တာနက်စာမျက်နှာကို ယခုတော့ ၀င်ရောက်ကြည်ရှူလို့ မရအောင် ရပ်နားထားပစ်လိုက်တာ တွေ့ ရပါတယ်။
    ရဟန်းရှင်လူပြည်သူအပေါင်းက ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်အနေနဲ့  နအဖနဲ့  ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တွေရဲ့  လုပ်ရပ်တွေကို ၀ိုင်းဝန်းကန့် ကွက်ကြဖို့ လိုအပ်နေပါပြီ။ နအဖ တိုင်းမှူး၊ တပ်မမှူးတွေနဲ့  သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက် အကြောင်း ရေးသားဖေါ်ပြထားတဲ့ ပို့ စ်အား ဖတ်ရှူလိုပါက -

    “ဘာသာသာသနာကို စော်ကားနေတဲ့ နအဖနဲ့  သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တို့  ပေါင်းပြီး အလွန်အကျူး ရိုင်းစိုင်းပြနေပါပြီ။

    http://www.niknayman-niknayman.co.cc/2011/01/blog-post_14.html

    “နအဖ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းက သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက် ဖွင့်ပြတဲ့ ကခုန်ခိုင်းတဲ့ တရုတ်သီချင်းက အ၀တ်အစားတွေ ချွတ်ပြစ်လိုက်တဲ့။

    http://www.niknayman-niknayman.co.cc/2011/01/blog-post_5936.html

    အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်

  • Monday, January 24, 2011
  • .
  • အကြောင်းအရာ >

  • ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု အနုပညာ အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။အကယ်ဒမီပွဲ မကျင်းပမီက အိန္ဒြာကျော်ဇင်ကို “မာမီရှိန်း” ဇာတ်ကား “အတိတ်ရဲ့အရိပ်” ဇာတ်ကား များဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု ရနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆို နေခဲ့သည်။

    Academy-Award-for-2009

    အမျိုးသမီး တဦးသာပါသည့် ၂၀၀၉ အကယ်ဒမီ ထူးချွန်ဆု ရသူများ (ဓာတ်ပုံ - ဧရာဝတီ)

    “အာဏာပိုင်တွေက စပွန်ဆာ အားကိုးနဲ့ ၆ ခါလောက် လုပ်သွားတဲ့ အိန္ဒြာကျော်ဇင့် မင်္ဂလာပွဲကို တော်တော် မျက်စိ စပါးမွှေး စူးနေတာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မင်္ဂလာဆောင်နဲ့ အပြိုင်လို ခမ်းခမ်းနားနားကြီး လုပ်သွား တော့ မကျေနပ်တာလည်း ပါတယ်။ နိုင်ငံ့ခေါင်းဆောင် သမီးရဲ့ မင်္ဂလာပွဲနဲ့ ယှဉ်လိုက်သလို ဖြစ်သွားတာ။ ဒါကြောင့်လည်း အူဝဲ (အိန္ဒြာကျော်ဇင်) ကို မပေးတာလို့ ကြားတယ်” ဟု ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။

    “စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာ များကို ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ခဲ့သည်။ ၎င်း၏ မင်္ဂလာပွဲ ပြောစမှတ်ပြုပြီးနောက်တွင် မင်းသမီး အိန္ဒြာကျော်ဇင်၏ မင်္ဂလာပွဲက အခမ်းနားဆုံးဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။ဇန်န၀ါရီလ ၂၂ ရက်နေ့ နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင် ကဇာတ်ရုံ၌ ကျင်းပခဲ့သော ၂၀၀၉ ခုနှစ် ရုပ်ရှင်ထူးချွန် ဆုပေးပွဲတွင် ဆု ၉ ဆု ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မပါဝင်ခဲ့ပေ။အမျိုးသမီးဇာတ်ဆောင်ဆု ချီးမြှင့်ခြင်း မရှိသည်မှာ ၂၀၀၇ ခုနှစ် အပါအဝင် ၂ နှစ်ရှိပြီ ဖြစ်သည်။ ထိုနှစ်က အမျိုးသမီးဆုများ တဆုမှ ချီးမြှင့်ခြင်း မရှိပေ။

    “ရိုက်ထားတဲ့ ကားတွေ ဒီလောက် အများကြီးထဲမှာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အရည်အချင်းမျိုး မီတဲ့ အမျိုးသမီး သရုပ်ဆောင် မရှိလောက်ဘူးလို့ ထင်တယ်။ မစိုး (စိုးမြတ်သူဇာ) ဆိုလည်း “ကျောက်စက်ရေ” ကားထဲမှာ သရုပ်ဆောင် ထားတာ ကောင်းပါတယ်။ အူဝဲ (အိန္ဒြာကျော်ဇင်) ဆိုလည်း မဆိုးဘူး၊ ပေးမယ်ဆို ပေးလို့ရတဲ့ အခြေအနေမှာရှိတယ်။ သရုပ်ဆောင် ထားတာ စုတ်ပြတ်သတ်နေလည်း သူတို့ပေးချင်ပေးတာပဲ။ ဘယ်လောက် ပီပြင်နေလည်း သူတို့ မပေးချင် မပေးဘဲ နေတာပဲ” ဟု ဝါရင့်ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။

    ၂၀၀၉ ခုနှစ်တွင် ရုံတင်သည့် ဇာတ်ကား စုစုပေါင်း ၁၆ ကားရှိသည့် အနက် အကောင်းဆုံး ဇာတ်ကားဆုကို “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားက ရရှိခဲ့သည်။အဆိုပါ ဇာတ်ကားဆုကို ဒါရိုက်တာ စင်ရော် မောင်မောင်၏ စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခြင်းဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်သည် ပေါ်လစီ ဇာတ်ကားများ ရိုက်ကူးပေးခြင်းဖြင့် အာဏာပိုင်များ ကျေနပ် နှစ်သက်စေရန် ပြုမူလေ့ရှိသောကြောင့် ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။အမျိုးသား ဇာတ်ဆောင်ဆု အဖြစ် “မိုးည အိမ်မက်မြူ” ဇာတ်ကားတွင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် မင်းသား နေတိုးနှင့် အမျိုးသမီး ဇာတ်ပို့ ဆုအဖြစ် ယင်းဇာတ်ကားတွင်ပင် စိုးပြည့်သဇင်တို့ ရရှိသွားသည်။

    အကယ်ဒမီဆုရှင် နေတိုးက “အမျိုးသမီး ဇာတ်ဆောင်ဆုရော၊ အမျိုးသမီး ဇာတ်ပို့ ဆုရော မပေးခဲ့တဲ့ နှစ် ရှိခဲ့တော့ ဒီနှစ်က ကံကောင်းတယ် လို့တောင်ပြောရမယ်။ ကိုယ့် အနုပညာမောင်နှမတွေ မရတဲ့အတွက် ပြည့်ပြည့်၀၀ ၀မ်းသာမှုတော့ မဖြစ် ဘူးပေါ့။ ဆုရမယ်လို့ မှန်းထားတဲ့ မင်းသမီးတွေအနေနဲ့ တကယ် လက်တွေ့ မရတဲ့အချိန်မှာ ကြိုးစားချင်စိတ် လျော့သွား နိုင်တယ်။ အကယ်ဒမီ ဆုဆိုတာလည်း ကြိုးစားမှုအပြင် ကံတရားနဲ့ အများကြီး ဆိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။၎င်းကပင် မိုးညအိပ်မက်မြူဇာတ်ကားဖြင့် ဆုရရန် အစကတည်းက မျှော်လင့်ခဲ့ပြီး ကြိုးစားထားကြောင်း၊ ယခု အမှန်တကယ် ဆု ချီးမြှင့်ခံရသည့်အတွက် ၀မ်းသာ ကျေနပ်ကြောင်း၊ ထိုက်ထိုက် တန်တန် ရသည့် ဆု ဟု မြင်ကြောင်း ပြောသည်။

    ၂၀၀၉ ခုနှစ် ရုံတင်ပြသခဲ့သည့် ရုပ်ရှင် ၁၆ ကားထဲတွင် ဟာသဦးစားပေး ရုပ်ရှင်ဇာတ်ကား ၁၀ ကားပါဝင်သည်။
    ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးစဉ်က ဟာသဇာတ်ကားဖြစ်သော “အကယ်ဒမီရှော့ခ်” ဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းကြောင့် ဟာသဇာတ်ကား များကိုလည်း အကယ်ဒမီဆုချီးမြှင့်နိုင်သည်ဟု ယူဆကာ ဟာသဇာတ်ကား ရိုက်ကူးမှု ပိုများလာခြင်းဖြစ်သည်ဟု နာမည်ကြီး ဒါရိုက်တာ တဦးက ပြောသည်။
    “အခုက အကယ်ဒမီ ဆိုတာ ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်ပြီး ပေးနေမှန်းကို မသိတော့တာ။ အမျိုးသမီး ဇာတ်ဆောင်ဆု မပေး တာ အမျိုးသမီး သရုပ်ဆောင်တွေ ညံ့လာလို့ လို့ ပြောရမလိုဖြစ် နေပြီ” ဟု သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဆိုသည်။

    ၂၀၀၉ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မိန့်ခွန်းပြောကြားခဲ့ရာ အနာဂတ်တွင် ပြည် ထောင်စု စိတ်ဓာတ်နှင့် ဒို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မီဒီယာသမားကောင်းများပီပီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းက မိန့်ခွန်းတွင် “ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ရုပ်ရှင်ကားများ ရိုက်ကူးရာတွင် နိုင်ငံတကာအဆင့်မီ ရိုက်ကူးနိုင်စေ ရေးအတွက် နောက်ဆုံးပေါ် ရုပ်ရှင်ရိုက်ကင်မရာနှင့် ဖလင်ဆေးစက်၊ စတီရီယို အသံကူး ပြောင်းစက်၊ အရောင်ခွဲစက်၊ ရုပ်ရှင်ဖလင်ကား ကူးစက်တို့ကို ၀ယ်ယူတပ်ဆင်ပေးခဲ့ပြီး ခေတ်မီ မီးပိုင်းဆိုင်ရာနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများကိုလည်း ညှိနှိုင်း ၀ယ်ယူလျက်ရှိရာ မကြာမီအသုံးပြုနိုင်တော့မည်” ဟု ပြောခဲ့သည်။
    ဝန်ကြီးဦးကျော်ဆန်းက မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် စက်ပစ္စည်းများ ပံ့ပိုးပေမယ်ဟု ပြောနေသော်လည်း ရိုက်ကူးနေသည့် ရုပ်ရှင်ကားတချို့ကို အိမ်နီးချင်း ပြည်ပနိုင်ငံတွင် အသံကူးယူမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း ရုပ်ရှင် အသိုင်းအဝန်းက သုံးသပ်ပြောဆိုနေကြသည်။

    ၂၀၀၉ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပွဲတွင် ဇာတ်ကားဆု “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့် စင်ရော် ရုပ်ရှင် ထုတ်လုပ်ရေး၊ ဒါရိုက်တာဆုကို မီးပွားက “ဇော်ကကနေသည်” ဇာတ်ကားဖြင့်၊ အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးက “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ အမျိုးသမီးဇာတ်ပို့ဆုကို စိုးပြည့်သဇင်က “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ ဇာတ်ညွှန်း ဆုကို စာရေးဆရာ မြင့်ဦးဦးမြင့်က “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့်၊ တည်းဖြတ်ဆုကို ဇော်မင်း (ဟံသာမြေ) က “ကျောက်စက်ရေ” ဇာတ်ကားဖြင့်၊ ဓာတ်ပုံဆုကို ကိုကိုဌေးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ အသံဆုကို ဆန်းဦးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ တေးဂီတဆုကို ဓီရာမိုရ်က “ဇော်ကကနေသည်” ဇာတ်ကားဖြင့် အသီးသီး ရရှိခဲ့ကြသည်။

    အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်းဂျာနယ် တိုက်များကို တနှစ်ထက် တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်သည်ဟု မီဒီယာအသိုင်းအ၀န်းက ပြောဆိုနေကြသည်။ ယခုနှစ်တွင် အကယ်ဒမီပွဲတက်မည့် ရုပ်ရှင် လောကသားများကိုပါ တင်းကျပ်မှုများ ရှိသည်။

    http://www.bur.irrawaddy.org/

    လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

  • Saturday, January 22, 2011
  • .
  • အကြောင်းအရာ >

  • ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက် ပြီး ဦးဆောင် တရားစွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

    ndf-kachin

    မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးရှေ့တွင် ဒေါ်ဘောက်ဂျာကို ဒေသခံ NDF ခေါင်းဆောင် များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ကချင်သတင်းစဉ်)

    မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက် နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။

    ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို ဖမ်းဆီး ရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြားလိုက်ကြောင်း ပြောဆိုသည်။

    ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရားပြန်စွဲတဲ့အတွက် အခုလို ဖမ်းဝရမ်းထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခုလောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း တိမ်းရှောင်နေတယ်” ဟု ဆိုသည်။ ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။

    ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင်အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀ ကျော်ထံမှ သိမ်းယူခဲ့သည်။

    အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။ နစ်နာကြေး အနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝမဖြစ်နိုင်သည့် မြေအမျိုးအစားများသာ ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။ မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည်
    အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင်သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ ၎င်းတို့မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါနစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

    ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁ သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထား
    များအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ ဝရမ်းထုတ်ပိုင်ခွင့်မရှိကြောင်း၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

    မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက် တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

    http://www.bur.irrawaddy.org/

    စီအဲန်ပီညီလာခံတွင် သဘာဝဘေးဒါဏ် ကြုံတွေ့နေသည့် ချင်းပြည်သူအရေး ဆွေးနွေးမည်

  • Monday, January 3, 2011
  • .
  • အကြောင်းအရာ >

  • ချင်းအမျိုးသားပါတီ ညီလာခံကို လာမည့် ဇနန်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပဖြစ်ပြီး ညီလာခံတွင် ၀ါးသုဉ်းမှုနှင့် ဂီရိမုန်တိုင်းဒါဏ်ကြောင့် လူမှုအငတ်ဘေး ဒုက္ခကြုံတွေ့နေသည့် ချင်းပြည်သူအရေးကို အလေးအနက်ဆွေးနွေးကြမည် ဟု သတင်းရရှိသည်။

    CNP-logo2-150x150”စီအဲန်ပီ လမ်းစဉ်အတိုင်း ချင်းပြည်သူတွေရဲ့ လောလောလတ်လတ် ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ၊ မိမိတို့ရှေ့ မှောက်ရောက်နေတဲ့ အငတ်ဘေး ပြသာနာကို ကိုင်တွယ်ဖြေရှင်းဖို့က ပထမဆုံး အရေးကြီးနေတယ်” ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

    ညီလာခံသို့ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဗဟိုအဆင့် အလုပ်အမှု ဆောင်ကော်မီတီဝင်များ၊ မြို့နယ်အဆင့် ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်များ အနည်းဆုံး အင်အား ၄၀ ပါဝင်တက်ရောက်မည်ဖြစ်သည်။
    ညီလာခံတွင် လုပ်ငန်း ဆိုင် ရာ ငွေကြေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းပြန်လည်ရှင်းလင်းသုံးသပ်ချက်များ၊ တခြားနိုင်ငံရေး ပါတီများနှင့် အနာဂါတ်ဆက်ဆံရေး၊ လွှတ်တော်တွင်တင်သွင်းမည့် ပြည်နယ်အရေးကိစ္စများ၊ အနာဂါတ်ရှေ့လုပ်ငန်းစဉ်များ စသဖြင့် ဆွေးနွေးကြမည်ဖြစ်သည်ဟု သိရသည်။ထို့အပြင် ပေါ်လာမည့် အစိုးရသစ်အတွက် သမ္မတ၊ ၀န်ကြီးချုပ် နှင့် ၀န်ကြီးရုံးကိစ္စတွေလည်း အချိန်ရ ယင်ရသ လို ဆွေးနွေးကြ မည်ဖြစ်ကြောင်းလည်း ပြောကြသည်။

    ပြည်နယ်ဆိုင်ရာ ဥပဒေမူကြမ်းအတွက် (Bills) တော့ ဥပဒေရေးဆွဲရေးကော်မီတီဖွဲ့ပြီး ကျယ် ကျယ်ပြန့်ပြန့် လုပ်သင့် တယ်လို့ အထွေထွေအတွင်းရေးမှူးက ဆက်လက်ပြောပြသည်။ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကလည်း ချင်းပြည်သူများ ကြုံတွေ့နေသည့် အငတ် ဘေး ဒါဏ် ပံ့ပိုးကူညီရေး လုပ်ဆောင်နေသည်ဟု သိရသည်။

    နန်းဖဲဒေသတွင် ဦးထွန်းကျော် ဦးဆောင်ပြီး လမ်းဖောက်

  • .
  • အကြောင်းအရာ >
  • ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲဒေသတွင် အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)မှ ဒု-ဥက္ကဌ ဦးထွန်းကျော် ဦးဆောင်ပြီး ကားလမ်း ဖောက်လုပ်ပေးနေကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလက ဖရူဆိုမြို့နယ် မော်ခရိုရှေးကျေးရွာ အနီးရှိ ကားလမ်းကို မြန်မာစစ်အစိုးရမှ လာရောက်ပြုပြင်နေသည့် ပုံဖြစ်ပါသည်။ (ဓါတ်ပုံ-ကေတီ)

    ပြီးခဲ့သည့် နိုဝင်ဘာလက ဖရူဆိုမြို့နယ် မော်ခရိုရှေးကျေးရွာ အနီးရှိ ကားလမ်းကို မြန်မာစစ်အစိုးရမှ လာရောက်

    ပြုပြင်နေသည့် ပုံဖြစ်ပါသည်။ (ဓါတ်ပုံ-ကေတီ)

    ဦးထွန်းကျော် ဦးဆောင်ဖောက်လုပ်သည့် ၎င်းကားလမ်းသည် ၃ နှစ် စီမံကိန်း ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးအတွက်ဟု ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စတင်လုပ်ဆောင်သည်ဟု ကလလတနှင့် နီးစပ်သူ တဦးက ပြောသည်။ ၎င်းက “သူတို့က နှစ်လမ်း သွားတာ။ ရွာလမ်း ဖောက်တယ်။ ရွာထဲမှာ မြေညှိပေးတယ်”
    ဟု ပြောသည်။

    ယခုလို နန်းဖဲဒေသရှိ ကျေးရွာများအတွက် လမ်းများ ကောင်းမွန်အောင် ဖောက်လုပ်ပေး သည့်အတွက် ရွာသူ၊သားများ အနေဖြင့် ၀မ်းသာနေကြကြောင်း လမ်းဖောက်ရာတွင် ပါဝင်လုပ်ကိုင်နေသူ နန်းဖဲဒေသမှ ရွာသားတဦးက ပြောသည်။

    “သူတို့ ရွာလမ်း လာဖောက်ပေးတာ ရွာသားလည်း ကူညီတယ်လေ။ ရွာတချို့ပေါ့ ၀က်တွေ နွားတွေတောင် သတ်ပေးတယ်။ သူတို့ ပျော်လို့လေ” ဟု သူက ပြောပါသည်။ကလလတသည် နန်းဖဲဒေသ၌ လမ်းများ ဖောက်လုပ်ခြင်းသည် ၎င်းတို့ စီးပွားရေး ဆောင်ရွက်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ပြောရေးဆိုခွင့်ရှိသူ စောခဲရိုက ပြောသည်။

    “ကျနော် ကြားရသလောက် သူတို့ သစ်ထုတ်တယ်လေ။ အဲမှာ သူတို့ သစ်ထုတ်တယ်။ လူထုအတွက်ကတော့ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးတော့ ကောင်းသွားတာပေါ့” ဟု ပြောသည်။ကလလတသည် နန်းဖဲဒေသရှိ ကလီးလျား၊ ဒေါလာစော၊ ကလော်ဒို၊ တော်ခူ၊ ကရော၊ ဘေသဟာရီ၊ ဂျာလကွာနှင့် နန်းခွီးခို စသည့် ကျေးရွာများအပြင် ကျေးရွာပေါင်း ၁၈ ရွာအား လမ်းများ ဖောက်လုပ်ပေးနေခြင်း ဖြစ်သည်ဟု ကလလတနှင့် နီးစပ်သူက ဆက်ပြောသည်။

    ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

    မွန်လက်နက်ချအဖွဲ့ လောင်းကစားဝိုင်း တရားဝင် ဖွှင့်ခွင့်ရရှိ

  • .
  • အကြောင်းအရာ >
  • ပြီးခဲ့သည့် လပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချခဲ့သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့အား ကရင် ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းရွာအနီး)ရွာ၌ သက်ဆိုင်ရာ အာဏာပိုင်များက လောင်းကစားဝိုင်းများ တရားဝင် ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    နိုင်ရှောင် လက်နက်ချ အခမ်းအနား တက်ရောက်စဉ်

    နိုင်ရှောင် လက်နက်ချ အခမ်းအနား တက်ရောက်စဉ်

    “အနီထောင်၊ အန်ဂလုံ၊ ကြက်ဝိုင်း၊ ဖဲဝိုင်းအမျိုးစုံရှိတယ်၊ နေ့ရောညပါ စည်ကားနေတာပဲ၊ အာဝါဒေးလိုပဲပေါ့” ဟု ကော့ပေါက်ရွာသား နိုင်သိန်းက ပြောသည်။

    သူ့အပြောအရ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယအကြိမ် လက်နက် အပ်နှံခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့ တွင်လည်း မော်လမြိုင်မြို့ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ပထမတစ်ကြိမ်လက်နက်ချခဲ့သည်ကို ယခင်သတင်းများ၌ ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    “တစ်နေ့ကို ပျမ်းမျှသုံးသိန်းလောက် အကောက်ကြေးရပါတယ်၊ ဒါမှလည်းကျနော်တို့တပ်ဖွဲ့ဝင်တွေ ရပ်တည်ရေးအတွက် အဆင်ပြေမှာပါ”ဟု အဆိုပါ မွန်ငြိမ်းချမ်းရေးကာကွယ်ရေး(မွန်လက်နက်ချ)တပ်ဖွဲ့မှ အမည်မဖေါ်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက ကောင်းဝါသတင်းသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။ အဆိုပါမွန် လက်နက် ချအဖွဲ့မှ အင်အား(၂၀) ဦးခန့် ကော့ပေါက်ရွာ၌ စုဆောင်းထားရှိရန် မြန်မာအာဏာပိုင်မှ ညွှန်ကြားထားရှိပြီး ၄င်းတို့ရပ်တည်ရေးအတွက် လောင်းကစားဝိုင်းများ ဖွင့်လှစ်စေခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ဝင်ပြောပြချက်အရ သိရသည်။

    “ခလေးရောလူကြီးပါမကျန် လောင်းကစားဝိုင်းကို ရောက်နေကြတယ်၊ ငွေကြေးကိစ္စတွေကြောင့် လင်မယားချင်းပြဿနာတက်ကြတာကတော့ နေ့တိုင်းလိုလိုပဲ၊ ခုတလောကျောင်းပိတ်ရက်ကလည်း ရှည်နေတော့ ကျမကျောင်းသားတွေဆိုရင် အဲဒီဝိုင်းတွေမှာပဲ”ဟု အမည်မဖေါ်လိုသော ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ယင်းကဲ့သို့လောင်းကစားဝိုင်းများ တရားဝင်ဖွင့်ပေးထားသဖြင့် ဒေသအတွင်း မလိုလားအပ်သော ရာဇဝတ်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေရကြောင်း ဗုဒ္ဓဘာသာမွန်ရဟန်းတော်များအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

    နွေစပါးအတွက် လယ်သမားများထံ အဓမ္မ ငွေကောက်

  • .
  • အကြောင်းအရာ >
  • သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ် မိုင်းရင် မြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စု ၄ စုတွင် နွေစပါး စိုက်ပျိုးရေး စီမံကိန်းအတွက် လယ်သမားများထံ (မျိုးစပါးကြေး) တစ်ဧက ကျပ် ၂ သောင်းခွဲနှုန်း ကောက်ခံနေကြောင်း ဒေသတွင်းလာသတင်းအရ သိရသည်။

     သျှမ်းပြည်တနေရာ လယ်ယာမြေမြင်ကွင်း (flickr.com/photos)

    သျှမ်းပြည်တနေရာ လယ်ယာမြေမြင်ကွင်း (flickr.com/photos)

    မိုင်းရင် အပါအ၀င် မန့်ဆာလုံ၊ မိုင်းနမ့် နှင့် ဖဆောင် ကျေးရွာအုပ်စုများတွင် မိုင်းရင် မြို့နယ်ခွဲ ဥက္ကဋ္ဌ စိုင်းထွန်းလျံ ကိုယ်တိုင် ဒီဇင်ဘာလကုန်ပိုင်းက စတင်ကောက်ခံ နေခြင်း ဖြစ်ကြောင်းသိရသည်။

    မိုင်းရင် ဒေသခံလယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောရာတွင် “ကိုယ်စိုက်ချင်တဲ့စပါးမျိုး စိုက်လို့မရဘူး၊ သူတို့ထုတ်ပေးတဲ့ စပါးမျိုးပဲစိုက်ရမယ်၊ အဲဒီနွေစပါးက မစိုက်မနေရပေါ့ မျိုးစပါးဝယ်ဖို့ မိုင်းရင်အပါအ၀င် ကျေးရွာအုပ်စု ၄ ခုက လယ်သမားတွေဆီမှာ တစ်ဧက ကျပ်၂ သောင်းခွဲ ကောက် တာ တချို့လည်း ထည့်ပြီးပြီတချို့လည်းမထည့် ရသေးဘူး” ဟု သူက ဆိုသည်။

    အဆိုပါ မျိုးစပါးဖိုးငွေများ ကောက်ယူနေသော်လည်း စပါးမျိုးထုတ်ပေးခြင်း မရှိသေးသည့်အပြင်မည့်သည့် အမျိုးအစား ဖြစ်သည်ကိုလည်း မသိရသေးကြောင်း သူက ဆက်ပြောသည်။မိုင်းရင်ဒေသခံအများစုမှာ လယ်သမားများဖြစ်ကြပြီး ၎င်းတို့စိုက်ပျိုးလိုသည့် သီးနှံကို စိုက်ပျိုးခွင့်မရပဲ စစ်အစိုးရ၏ နွေစပါးစီမံကိန်းကိုသာ စိုက်ပျိုးနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။လာမည့် မတ်လပိုင်းတွင် အဆိုပါနွေစပါးများ စတင်စိုက်ပျိုးတော့မည် ဖြစ်သည်။

    မတ်လ ကျောက်မျက်ပွဲအမီ နေပြည်တော်မှာ ဟိုတယ်တိုး

  • Friday, December 31, 2010
  • .
  • အကြောင်းအရာ >
  • မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

    ရန်ကုန် (မဇ္ဈိမ) ။ ။ မတ်လ နေပြည်တော်ကျောက်မျက်ပြပွဲအမီ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အခန်းများ ထပ်တိုးချဲ့ကာ ဆောက်လက်စ ဟိုတယ်များ အမြန်ပြီးစီးရန် ကြိုးစားနေကြသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ က နေပြည်တော်တွင် ပထမဆုံး ကျင်းပသည့်ကျောက်မျက်ပြပွဲလာ ဧည့်သည် အရေအတွက်အနေအထားကို မူတည်ကာ မတ်လကျောက်မျက်ပွဲတွင် ဧည့်သည်အခန်းများလုံလောက်မှုရှိစေ
    ရန် ဆောင်ရွက်နေကြသည်။

    “လာမယ့် မတ်လ ကျောက်မျက်ပွဲမှာ ဧည့်သည်
    MCC

    ရန်ကုန်မြို့၌ MCC Centerတွင် နိုဝင်ဘာ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်က ကျင်းပပြီးစီးသွားခဲ့သည့် ကျောက်စိမ်းပြပွဲ။ ဓာတ်ပုံ- မဇ္ဈိမ။

    အရေအတွက် ထပ်တိုးလာမယ်လို့ ကျောက်မျက်ပြပွဲ ကော်မတီက ပြောတယ်၊ ဒါကြောင့် လက်ရှိ လည်ပတ်နေတဲ့ ဟိုတယ်တွေကလဲ အခန်း တွေကို ထပ်တိုးကြတယ်၊ အသစ်တွေလဲ ဆောက်လက်စတွေ အပြီးသတ်ဖို့ အမြန် ပြင်ဆင်နေကြတာပေါ့” ဟု စကိုင်းပဲလေ့စ် ဟိုတယ်မှ တာဝန်ရှိသူက ပြောသည်။

    ရွှေ့ဆိုင်းကျင်းပခဲ့သော ၂ဝ၁ဝ ပြည့်နှစ် နှစ်လည် ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော နေပြည်တော်တွင် ပထမ ဆုံးကျင်းပသော ကျောက်မျက်ပြပွဲကို ပြည်တွင်း ပြည်ပကုန်သည် ၆၇၅ဝ တို့ တက်ရောက်ခဲ့သည်။

    နေပြည်တော်တွင်လက်ရှိလည်ပတ်နေသောဟိုတယ်အခန်းပေါင်း စုစုပေါင်း ၁၅ဝဝေ ကျာ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။“နိုဝင်ဘာလတုန်းက ကျမတို့ဟိုတယ်ကို နဂိုအခန်းထက် ပိုပြီး တိုးလိုက်တယ်၊ အရင်က ၄၀ ကျော်၊အခု ၅၀ကျော်လောက် ထပ်တိုးနေတယ် ၊ကျောက်မျက်ပွဲအမီ အခန်း စုစုပေါင်း ၅၀ ကျော်လောက် ထပ်ချဲ့ခဲ့ရတယ်၊ နေပြည်တော်ဟာ ဧည့်သည်တွေ တကူးတက လာလည်တာထက် အလုပ်ကိစ္စကြောင့် လာတဲ့သူတွေ များတယ်၊ ဒါကြောင့် ဧည့်သည် ပြတ်တယ်ဆိုတာ မရှိသလောက်ပဲ” ဟု ရွိုင်ရယ် ကုမုဒြာဟိုတယ် ဈေးကွက်တာဝန်ရှိသူက ပြောသည်။

    အမရာဟိုတယ်တွင် စုစုပေါင်းအခန်း ၆၄ခန်းတိုးချဲ့ခဲ့ရာ ယခုပြီးခါနီးဟု အဆိုပါဟိုတယ်မှ အရောင်း တာဝန်ခံ တဦးက ပြောသည်။“အမရာ ဟိုတယ်မှာလက်ရှိ အခန်း ၆၇ခန်းရှိပါတယ်။ နိုဝင်ဘာလ ကျောက်မျက်ပွဲ အမီ ၆၄ ခန်း ထပ်ပြီး တိုးချဲ့ခဲ့တယ်။ပြီးသလောက် ဖွင့်ခဲ့နိုင်တယ်၊ကျန်တာတွေကို မကြာခင် ပြီးအောင် တည်ဆောက်နေ တယ်”ဟု ယင်းက ပြောသည်။လည်ပတ်နေသော ဟိုတယ်များ အနက် အော်ရီယံပဲလေ့စ် ဟိုတယ်၊ ဟိုတယ် သင်္ဂဟ တို့တွင်လည်း အခန်းများ ထပ်မံတိုးချဲ့နေကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှလည်း အခန်းလိုအပ်ချက် မရှိစေရန် ဆောင်ရွက်ရမည်ဟု ဟိုတယ် လုပ်ငန်းရှင်များကို ထုတ်ပြန် ကြေညာထားကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။

    “နေပြည်တော်မှာ ကျောက်မျက်ပွဲ လုပ်တော့မယ် ဆိုကထဲက အခန်းတွေ လိုတယ်၊ တည်းခိုဖို့ အခက်အခဲရှိတယ် ဆိုတာမျိုးတွေ မဖြစ်စေဖို့ ဟိုတယ်ခရီးက လုပ်ငန်းရှင်တွေကို ပြောထားတယ် ”ဟု နေပြည်တော် ဟိုတယ် လုပ် ငန်းရှင် တဦးက ပြောသည်။ကျောက်မျက်ပြပွဲအမီ တည်ဆောက်နေသည့် ဟိုတယ်များမှာ Junction ဟိုတယ်၊ ဇမ္ဘူသီရိဟိုတယ်၊ ကောင်းကင်နန်းတော် ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ်၊ တုံဂပူရီ ဟိုတယ်၊ မန်းမြန်မာဟိုတယ်၊ မြင့်မိသားစု ဟိုတယ်၊ Country ဟိုတယ်နှင့် Golden Land ဟိုတယ် တို့ ဖြစ်သည်။


    http://www.mizzimaburmese.com/

    ကချင့်အရှေ့မြောက် အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

  • Monday, December 27, 2010
  • .
  • အကြောင်းအရာ >

  • နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများတွင် ရေခဲမှတ်အောက် ရောက်နေ ကာ လာမည့်လ ပထမပတ်အတွင်း အအေးလှိုင်း ဖြတ်သန်းဖွယ်ရှိကြောင်း ရန်ကုန်ရှိ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်းချက်အရ သိရသည်။ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ဆွမ်ပရာဘွန် မြို့တွင် ရေခဲမှတ်အောက် အေးနေရာမှ အင်အား အသင့်အတင့်ရှိ အအေးလှိုင်းတခု ဝင်လာနိုင်သည်ဟု ဦးထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

    “မြန်မာပြည် မြောက်ပိုင်းစွန်းလေး၊ ကချင်ပြည်နယ်
    weather

    photo :: www.tunlwin.com

    အရှေ့ မြောက် ထိပ်လေးလောက်မှာ ကျတယ်။ ရေခဲမှတ်ထိ ရောက်အောင် အေးနေတဲ့ အပူအချိန်ကို တွေ့ရပါတယ်။ ရေခဲမှတ်အောက် ရောက်နေကြတဲ့ အပူချိန်ကတော့ ကချင် ပြည်နယ် အရှေ့မြောက်ပိုင်းပါ။အင်အားအသင့် အတင့်ရှိတဲ့ အအေးလှိုင်း ဝင်ချင်တဲ့ သဘောပေါ့နော်“ ဟု ဒေါက်တာ ထွန်းလွင်က မဇ္ဈိမကို ပြောသည်။

    အအေးလှိုင်း စီးဆင်းမှုမှာ ဒေသတခုချင်းအတွက်ရှိ ပျမ်းမျှ အပူချိန်ထက် အပူချိန် လျော့နည်းလာခြင်းဖြစ်ပြီး ထိုအပူ ချိန်ထက် ၁၂ မှတ်အောက် ကျဆင်းပါက အပြင်းထန် ဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

    ယခင်က မြန်မာနိုင်ငံသို့ အအေးလှိုင်းဖြတ်သန်းရာတွင် အနောက်ဘက် အိန္ဒိယလေစီးကြောင်းနှင့် အရှေ့ဘက် တရုတ်လေစီးကြောင်းကသာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ယခုနှစ် ကချင်ပြည်နယ်အတွင်း အအေးပြင်းထန် လာမှုမှာ မြန်မာပြည်အပေါ်ဘက် ဟိမဝန္တာတောင်တန်းတွင် ဖြစ်ပေါ်သော လေစီးကြောင်းကြောင့် ဖြစ်ကြောင်း နှင့် ယခုလေစီးကြောင်းသည် ကချင်မြောက်ပိုင်း သာမက အချို့ဒေသများတွင်ပါ အအေးပိုလာနိုင်ရာရေခဲမှတ် အောက်အထိ ရောက်ရှိလာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက်ခန့်မှန်းသည်။ သူက စစ်ကိုင်းတိုင်းအထက် ပိုင်း ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း တွေဟာလောလောဆယ်မှာ ဒုတိယ အအေးဆုံးပါ။ ပထမ အအေးဆုံးက ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ရခိုင်ပြည်နယ်ရယ်၊ မန္တလေးရယ်၊ မကွေးရယ်၊ ရှမ်းတောင် ရယ်၊ ကယားရယ်၊ ပဲခူး၊ ဧရာဝတီလည်း ပါတယ်။ အဲဒါတွေက တတိယမြောက်ပေါ့“ ဟု ဆိုသည်။

    အအေးမြင့်မား မှုမှာ ယခင်နှစ်များထက် စောလျင်စွာ ဖြစ်ပေါ်နေပြီး ယခုထက် မြင့်မားလာပါက ကလေးနှင့် သက်ကြီးရွယ်အိုများအပေါ် အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

    http://mizzimaburmese.com/

    ပြည်တွင်း သတင်းသမားဆု ချီးမြှင့်မည်

  • .
  • အကြောင်းအရာ >
  • နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်တွင်း သတင်းထောက်များအတွက် ရည်ရွယ်ကာ မြန်မာ့စာနယ်ဇင်း ၅ ဆုကို စာရေးဆရာ ၃ ဦး ပါဝင်သည့် ၅ ဦးပါ စီစဉ်သူများက ရန်ကုန်တွင် ယခုလ ၃၁ ရက်နေ့၌ ချီးမြှင့်မည်ဟု ၎င်းတို့အဆိုအရ သိရသည်။

    awardpressသတင်းဂျာနယ်များ၌ တနှစ်တာ ဖော်ပြခဲ့သည့် သတင်း၊ အထွေထွေ သတင်းဆောင်းပါး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ သတင်းဆောင်းပါး၊ သတင်းဓာတ်ပုံနှင့် ကာတွန်းဆုဟူ၍ ၅ ဆု သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ သီရိရိပ်သာ၌ ချီးမြှင့်သွားမည်ဟု သိရခြင်း ဖြစ်သည်။

    “၁ဝ နှစ်တာ ကာလအတွင်း သတင်းဂျာနယ်တွေ ထွန်းကားလာတာနဲ့အမျှ သတင်းသမား လူငယ်တွေ များလာတယ်။ ကြိုးလည်း ကြိုးစားကြတယ်၊ အားလည်း ထုတ်ကြတယ်။ သူတို့တွေကို ဘယ်လိုအားပေးမလဲလို့ စဉ်းစားခဲ့ကြတယ်။လွန်ခဲ့တဲ့ ၃နှစ်ကတည်းက တိုင်ပင်ခဲ့ ရာက ခုမှ အကောင်အထည် ဖြစ်ခဲ့တာပါ” ဟု ဦးဆောင်သူတဦးဖြစ်သူ ဒီဇိုင်နာ ဦးစိုးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။ တဆုလျှင် ၅ မူးသား ရွှေပြားတခုစီပါ ချီးမြှင့်မည်ဟု ဆိုသည်။

    သူက ဆက်ပြီး “တချို့လူငယ်တွေက သူတို့ရတဲ့ အခကြေးငွေနဲ့က လုပ်ရတာနဲ့က တော်တော် ကွာဟနေတယ်။ အဲဒီအခြေအနေမှာ တချို့က စိတ်ဓာတ်ကျသွားတာ ရှိတယ်။ တချို့ကလည်း ဒူပေဒါပေခံပြီး ကျန်ခဲ့တာတွေ လည်း ရှိတယ်။ ဒီအခြေအနေမှာ သူတို့ကို အသိအမှတ်ပြုတဲ့ သဘောပါ” ဟု ပြောသည်။စီစဉ်သူများမှာ စာရေး ဆရာများဖြစ်သည့် ကျော်ရင်မြင့်၊ ရဲနိုင်မိုး၊ ညီပုလေး၊ ကာတွန်း အော်ပီကျယ်နှင့် စိုးဝင်းငြိမ်းတို့ ဖြစ်သည်။ ကာတွန်းဆုကို ဆရာအော်ပီကျယ်က ရွေးချယ်ကာ သတင်းဓာတ်ပုံဆုကို ဦးစိုးဝင်းငြိမ်းနှင့် ကျန် ၃ ဆုကိုမူ စာရေးဆရာ ၃ ဦးက ရွေးချယ်သွားမည်။

    “သတင်းကာတွန်း အစစ်ကတော့ ကျနော်တို့ဆီမှာ သိပ်ပြီး ရေးလို့ မရဘူးဗျ။ အဲဒီတော့ ကျနော်က လောလော ဆယ် သတင်းရင်ခုန်သံ ရှိတာပေါ့။ ဒီကာတွန်းဖတ်ပြီး ပြည်သူတွေ ရင်ထဲမှာ ပီတိဖြစ်တယ်လို့ ကြားတာလေး တွေ ရှိတယ်။ တနှစ်လုံး ကာတွန်း ဘယ်လောက် ဆွဲနိုင်ခဲ့လဲ၊ ပြည်သူ့ရင်ခုန်သံနဲ့ ဘယ်လောက် နီးစပ်သလဲ ဆိုတာတွေ ကြည့်ပြီး ရွေးချယ်ခဲ့တာပါ” ဟု ဆရာအော်ပီကျယ်က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံတွင် ပြန်ကြား ရေးဝန်ကြီးဋ္ဌာနမှ ချီးမြှင့်သော အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုအပြင် အခြား ပုဂ္ဂလိက မီဒီယာများ ကလည်း သုတ ရသ စာပေဆုများကို နှစ်စဉ် ချီးမြှင့်နေသော်လည်း သတင်းသမားများအတွက်မူ ယခုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    “သတင်းထောက်တွေအတွက် လုပ်သင့်တယ်လေ။ ဒီလိုမျိုး ဦးဆောင်ပြီး လုပ်မယ့်သူ မရှိတဲ့အချိန်မှာ ကိုရဲနိုင်မိုး တို့ ထလုပ်တာ အရမ်းမိုက်တယ်။ သတင်းထောက်တွေ အားလုံးကလည်း စိတ်ဝင်စားကြတယ်လေ။ တဖြည်း ဖြည်း သတင်းထောက် အင်အားစုတခု ရလာနိုင်တယ်” ဟု ရန်ကုန်ရှိ ဂျာနယ်သတင်းထောက် တဦးက ပြောဆိုသည်။

    ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည် ဖော်မည်

  • .
  • အကြောင်းအရာ >

  • ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီ အတွင်းရေးမှူး၏ ညီလာခံ မိန့်ခွန်း အတိုင်း ဘက်မလိုက် ကြားနေ၀ါဒ မူအတိုင်း ရပ်တည်သွားမည်ဖြစ်ပြီး ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။


    ၀ ပြည်နယ်အစိုးရ ဒုဥက္ကဌနှင့် ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်၏ UWSA ၏ရပ်တည်ချက် ၆ ချက် မိန့်ခွန်းမှာ -
    ၁။ ၀ ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရပ်တည်သွားမည်။
    ၂။ ၀ပြည်နယ်တွင် မိမိကိုယ်ပိုင်တပ်မတော်ရှိရမည်။ ၀ လက်နက် ၀ လက်တွင်းရှိရမည်။ ၀ ပြည်နယ်၌ ၀ လက်နက်ကိုင်တပ်မတော်သာရှိရမည်။
    ၃။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထွက်မည်မဟုတ်။
    ၄။ ဘယ်စိုးရပဲတက်တက် သီးခြား ၀ လွတ်လပ်ရေး တောင်းဆို/ ကြေငြာမည်မဟုတ်။
    ၅။ ဘယ်စိုးရပဲတက်တက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ ၀ ပြည်နယ်ရရှိရေးတောင်းဆိုသွားမည်။
    ၆။ ယခုတက်လာမည့် အရပ်သားအစိုးရနှင့် ၀ ပြည်နယ်အရေးဆွေးနွေးမည်။ ဘက်မလိုက် ကြားနေမူဝါဒကျင့်သုံးမည်။

    smlအဆိုပါပုဂ္ဂိုလ် ဆက်ပြောသည်မှာ “ နအဖစစ်အစိုးရက ၀ ပြည်တိုးတက်ဖို့သူ့မှာစေတနာရှိတာမဟုတ်ဘူး။ ဒီတော့ ကျနော် တို့ တိုးတက်ချင်ရင် ကျနော်တို့ကိုယ်တိုင် လုပ်မှဘဲရတော့မယ်။ တက်လာမယ့် အစိုးရသစ်နဲ့ ၀ အရေး သွားဆွေးနွေးမယ်။ စစ်အစိုးရလုပ်ငန်းစဉ်ထဲမှာလဲ မပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံထဲ မှာလဲ ၀င်မပါဘူး။ မိန့်ခွန်းထဲမှာပါတဲ့ အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူအတိုင်းရပ်တည်သွားမယ် ” - ဟု ဆို၏။

    ထို့အပြင် အခြားနိုင်ငံကို အားကိုးမည်မဟုတ်ဘဲ မိမိဘာသာရပ်တည်နိုင်ရေးကြိုးစားသွားမည်ဟု ဆို၏။
    “ ရေနံ ဂက်စ်ရောင်းရဖို့အရေး နအဖက တရားအားထုတ် နေရတယ်လေ။ တရုတ်ကလဲ သူမသာရင် သူမလုပ်ဘူး ဆိုတာ ကျနော် တို့ သိနေပြီးသားဘဲ။ တဖက်ကလဲ ကျနော်တို့ဟာ တရုတ်အတွက် အပေါက်ဖြစ်နေလို့ သူတို့ဖိအားမပေးပါဘူး” - ဟု ရှင်းပြ သည်။

    ၀ ပြည်ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်တာစီမံကိန်းအနက် ယခုအကောင်အထည်ဖော်နေသည်မှာ ၀ ပြည်အတွက် ရေအားလျှပ်စစ် ၂ နေရာတည်ဆောက်နေပြီး နအဖ ထိန်းချုပ်နယ်မြေ တန့်ယန်းမြို့အထိ ဖြန့်ဝေပေးနိုင်မည် ဟု ရေအားလျှပ်စစ်အင်္ဂျင်နီယာ တဦး ကပြောသည်။“ တခုက သံလွင်မြစ်နဲ့ နမ့်မားချောင်းဆုံမှာလုပ်တယ်။ ၈၀၀ မဂ္ဂါဝပ်အထိ အားရှိမယ်။ တန့်ယန်းအထိ ပေးနိုင်မယ်။ နောက်တခု က နမ့်မားချောင်းပေါ်မှာဘဲ။ ဒါက တော့ ၂၀၀ မဂ္ဂါဝပ်ဘဲပေးနိုင်မယ်။ ၀ ပညာရှင်နဲ့ တရုတ်ခွန်းမင်ဖွံ့ဖြိုးရေး ကုမ္မဏီက ပညာရှင် တွေ ပူးပေါင်း ပြီးလုပ်နေတယ်။ လာမယ့်နှစ်ဖွင့်ပွဲလုပ်နိုင်အောင် ကြိုးစားနေပါတယ်”- ဟု အဆိုပါ အင်္ဂျင်နီယာကပြောပြသည်။

    ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးအတွက် ၅၅ ကီလို မီတာရှည် ပန်ဝိုင်- မိုင်းမော ၂ လမ်းသွား ကွန်ကရစ် လမ်းတံတားကိုလည်း တည်ဆောက်နေရာ ၂၀၁၂ အပြီး စီမံကိန်းဖြစ်သည်ဟု အဆိုပါ ၀ အရာ ရှိက ဆက်လက်ပြောပြသည်။၁၀ ရက်ကြာ ကျင်းပသည့်အဆိုပါ ညီလာခံ တွင် ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီဝင် ၂၅၀၀ ကျော်တက်ရောက်သည်ဟု သိရသည်။

    Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်

  • .
  • အကြောင်းအရာ >

  • အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း နှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချခြင်းဖြင့် အခပေး ရုပ်သံလိုင်း ကြည့်ရှုမည့် ဖောက်သည် အသစ်များ ရှာဖွေ၍ စီးပွားရေး အားပြိုင်မှု ပြင်းထန်နေကြသည်။

    skynet_two

    ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပပြုလုပ်သော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်း မြှင့်တင်ရေး သရုပ်ဆောင် နေသည့် မြန်မာမော်ဒယ် လှပျိုဖြူ နှစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)

    ၂၀၀၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ဆွေမျိုးသားချင်းတချို့နှင့် ဦးဝင်းမော်၊ ဦးအေးကျော် အပါအ၀င် အပေါင်း အပါ များက မြန်မာ စာတန်းထိုး နိုင်ငံခြား ရုပ်ရှင်များ ပြသသည့် ဖျော်ဖြေရေး ရုပ်သံ လိုင်းနှင့် အားကစားလိုင်းများကို ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော အခပေး ရုပ်သံလိုင်း ဈေးကွက်ကို ဦးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှ စတင် ပြီး ရွှေသံလွင် ကုမ္ပဏီက Sky Net အမည် ဖြင့် အခပေးရုပ်သံလိုင်းများ ဈေးကွက်တွင်း ၀င်ရောက်လာခြင်းကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ဈေးကွက်အားပြိုင်မှုမှာ ပြင်းထန်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရွှေသံလွင် Sky Net က သူတို့ရဲ့ အခပေး ရုပ်သံလိုင်းတွေရဲ့ဈေးနှုန်းကို တ၀က်တိတိ လျှော့ပစ်လိုက်တယ်။ Forever Group က လည်း အခပေး ရုပ်သံလိုင်းတွေကို ဈေးတွေတ၀က်ကျော်ကျော် လျှော့ပစ်တယ်။ ဒီ ကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ကို ဈေးတွေလျှော့ရောင်း နေကြတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။ရွှေသံလွင်ကုမ္ပဏီ၏ Sky Net အခပေးရုပ်သံလိုင်း ၃၈ လိုင်းကြည့်ရှုရန် ရုပ်သံလိုင်း
    ဖမ်းစက် တန်ဖိုး၏ ပုံမှန်ကုန်ကျစရိတ်မှာ၆၈၀၀၀ကျပ် ဖြစ်သော်လည်း ၅၀ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၃၄၀၀၀ ကျပ်၊ ရုပ်သံလိုင်းနှစ်စဉ်ကြေးအတွက် တလလျှင် ၁၈၀၀၀ ကျပ်နှုန်း ဖြင့် တနှစ်စာ ၂၁၆၀၀၀ ကျပ်ကျသင့်မည် ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၁၀၈၀၀၀ ကျပ်အထိ ဈေးနှုန်းများ လျှော့ချ ပေးထားကြောင်း သိရှိရသည်။

    Forever Group ကုမ္ပဏီကလည်း MRTV 4 နှင့် နိုင်ငံတကာ ရုပ်သံလိုင်းများ ပါဝင်သည့် အခပေးရုပ်သံဖမ်း စက် နှင့် 5 Movie ၊5 Series နှင့် Star Sports ဖမ်းယူနိုင်သော ရုပ်သံဖမ်းစက် ဟူ၍ နှစ်မျိုးခွဲခြားပြီး ဈေးနှုန်များ လျှော့ချရောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
    YANGON_EXPO_2010_SKY_NET400

    ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိကျင်းပသောYANGON EXPO 2010တွင်SKY NET အခပေး ရုပ်သံလိုင်း အရောင်းမြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် တဦး

    (ဓာတ်ပုံ - ဧရာဝတီ)



    “MRTV 4 နဲ့ နိုင်ငံတကာလိုင်းတွေ ဖမ်းနိုင် တဲ့ ရုပ်သံဖမ်းစက်နဲ့ တနှစ်စာ ရုပ်သံလိုင်း ကြည့်ရှုခွင့်အတွက် ၆၀၀၀၀ ကျပ်ပါ။ 5 Movie ၊ 5 Series နဲ့ 5 Sports ရုပ်သံလိုင်း ဖမ်းစက် ၆၂၀၀၀ ကျပ်။ အဲဒီအထဲမှာ သုံးလ အခပေး ရုပ်သံလိုင်း ကြည့်ခွင့် ပါတယ်” ဟု Forever Group ကုမ္ပဏီ မှ အရောင်း ကိုယ်စားလှယ် တဦးက ပြောသည်။

    ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးကမူ လက်ရှိ Sky Net ရုပ်သံလိုင်းများ လျှော့ဈေး ဖြင့် ရောင်းချခြင်းမှာ ကုမ္ပဏီအတွက် အရှုံးပေါ်စေကြောင်း၊ သို့သော်လည်း ဈေးကွက်ရရှိရေးကိုသာ အာရုံထားနေ သည့်အတွက် အရှုံးခံ ရောင်းချနေခြင်း ဖြစ်ကြောင်း ရှင်းပြ သည်။

    “Sky Net က အခပေး ရုပ်သံလိုင်း ၀န်ဆောင်မှုအပါအ၀င် ၀န်ဆောင်မှု သုံးမျိုးလုပ်နေတယ်။ ပထမ က DTH လို့ခေါ်တဲ့ Direct To Home စနစ်နဲ့ အခပေးရုပ်သံလိုင်း ရောင်းတာ။ ဒုတိယ က MPS လို့ခေါ်တဲ့ Multi-play Services စနစ်နဲ့ ရုပ်သံလိုင်း၊ အင်တာ နက်၊ ဖုန်းလိုင်း ၀န်ဆောင်မှု ပေးတာ။ တတိယ က FTTX လို့ခေါ်တဲ့ ဖိုက်ဘာဆက်ကြောင်းနဲ့ ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက် ၀န်ဆောင်မှု ပေးတာပါ။ လောလောဆယ်တော့ ရုပ်သံလိုင်းဝန်ဆောင်မှု တခုပဲ ရောင်းနိုင်သေးတယ်။ ကျန်တဲ့ အင်တာနက်၊ ဖုန်း၊ရုပ်သံလိုင်း သုံးမျိုးပေါင်း ၀န်ဆောင်မှုက ၂၀၁၁ ခုနှစ်ထဲမှာ စရောင်းမယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။


    ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့က ရောင်းချသော အခပေးရုပ်သံလိုင်းများတွင် CNN ကဲ့သို့သော နိုင်ငံတကာ သတင်း ရုပ်သံ လိုင်းများပါဝင်သော်လည်း သတင်းများမှာ တိုက်ရိုက်ကြည့်ရှုရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် စစ်အစိုးရအကြောင်းပါသောသတင်းများကို ဖြုတ်ပယ် ဆင်ဆာတည်းဖြတ်ပြီးမှ ကြည့်ရှုခွင့်ပြုခြင်း ဖြစ်ကြောင်း သိရှိရသည်။ရုပ်သံလိုင်း ဈေးကွက်တွင် ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့ အားပြိုင်နေချိန် အမှန်တကယ်ဈေးကွက်ကို ဦးဆောင်နေသူ မှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀င်ရောက်နေသော ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းများဖြစ်ကြောင်း ရန်ကုန်မြို့ရှိအီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များက ပြောသည်။

    “အဓိက ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ရုပ်သံလိုင်းနဲ့ ပြည်ပမြန်မာသတင်းမီဒီယာတွေကို ကြည့်ချင်လို့ ရှစ်ပေစလောင်း တပ် တာ များတယ်။ အချို့တွေက အယ်ဂျာဇီးယားနဲ့ စင်ကာပူ စီအင်အေလို နိုင်ငံတကာ သတင်းလိုင်း တွေကြည့်ချင်ကြတယ်။ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ရှစ်ပေစလောင်းတပ်တဲ့ သူ တော်တော်များလာတယ်”ဟု ရန်ကုန်မြို့မှ ရှစ်ပေ စလောင်း ရောင်းချသူ အီလက်ထရွန်နစ် အရောင်းဆိုင် ပိုင်ရှင် တဦးက ရှင်းပြသည်။ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းဖမ်းစက် တခုလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး ကုန်ကျပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းများကဲ့သို့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးရန် မလိုသောကြောင့် လူကြိုက်များကြောင်း သိရှိရသည်။

    “5 Movie ၊ 5 Series နဲ့ Star Sports ရုပ်သံလိုင်းတွေဆိုရင် တလရုပ်သံလိုင်းကြေး ကျပ် ၁၁၀၀၀ ပေးရတယ်။ ရှစ်ပေစလောင်း က တော့ တခါပဲကုန်တယ်။ နိုင်ငံတကာ သတင်းတွေ လွတ်လွတ်လပ်လပ် ကြည့်ရတယ်။ မြန်မာ့နိုင်ငံရေးသတင်းတွေ စုံစုံလင်လင် သိရ၊ မြင်ရတယ်”ဟု ရန်ကုန် လသာမြို့နယ်မှ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV4 ၊ International Myanmar ဟူသော စစ်အစိုးရပိုင် ရုပ်သံ လိုင်း လေးခုရှိပြီး အများစုမှာ အစိုးရ၏ ၀ါဒဖြန့်သတင်း နှင့် အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည်။

    http://www.irrawaddy.org/bur/

    KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

  • .
  • အကြောင်းအရာ >

  • ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။

    KNPP400“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြော လို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ် တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော် တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။

    တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်း ရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကို မှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။

    သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ် တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။ နအဖ စစ်အစိုးရ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဘော်လခဲမြို့နယ် ရွာသစ် အနီးရှိ သံလွင်မြစ်ပေါ်တွင် တည်
    ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။

    ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင် လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ “အနီးအနားမှာ ရှိတဲ့ ဒေသတွေမှာ လည်း ရေလွှမ်းမိုးနိုင်ဖွယ် ရှိတယ်၊ ဒါ့အပြင်ကို ကျနော်တို့ သားရဲ တိရစ္ဆာန်တွေ သေဆုံး ပျက်စီး နိုင်တဲ့ အခြေ အနေတွေရှိတယ် ဆိုတော့ ဆုံးရှုံးမှုတွေ ပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။
    အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင်ရှိသော ပွန်ချောင်း တံတား အနီးတွင် KNPP တပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။

    KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။ ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည် သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

    http://www.irrawaddy.org/bur/

    ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

  • .
  • အကြောင်းအရာ >
  • ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။


    တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာစစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင်သတင်းဌာန

    တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာ စစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင် သတင်းဌာန

    ဧရာဝတီမြစ်၏ တဖက်တချက်ရှိ မြစ်ကြီးနား နှင့် ၀ိုင်းမော် မြို့နှစ်မြို့ကို ဆက်သွယ်ပေးသည့် ဗလမင်းထင်တံတား တွင် ပြီးခဲ့သည့် အပတ်မှစ၍ ညနေ ၆နာရီမှ မနက် ၆နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။
    “ဒေသခံ ပြည်သူတွေက ခက်ပြီလေ။ ၆နာရီပိတ်တာ ဆိုတော့ ၆နာရီအတောအတွင်းဝင်လာရမယ်။ အဲထက် နောက်ကျရင်တော့ ဝိုင်းမော်မြို့မှာ အိပ်လိုက်ရတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။ယခုလို ညသွားလာခွင့် ပိတ်ပင်လိုက်သည်မှာ လာမည့် နှစ်သစ် ဇန်န၀ါရီ ၇ ရက်မှ ၁၁ ရက်ထိ “၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” အား မြစ်ကြီးနားတွင် ကျင်းပမည် ဖြစ်သောကြောင့် မြို့တွင်းလုံခြုံရေး တင်းကြပ်လာခြင်း ဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောပါသည်။

    နှစ်စဉ်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကျင်းပချိန်ရောက်တိုင်း မြို့တွင်း လူအဝင်အထွက် စစ်ဆေးမှု များတင်းကြပ်ပြီး မနောပွဲကျင်းပသည့် စီတာပူ မနောကွင်းအထဲတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာချ ထားလျက်ရှိသည်။မြစ်ကြီးနားမြို့တွင် ကျောင်းတက်နေသည့် ဝိုင်းမော်တစ်ဖက်ကမ်းမှ ကျောင်းသူကျောင်းသား များက အိမ်ပြန်နောက်ကျမည် စိုးရိမ်သဖြစ် ၎င်းတို့၏ ညကျူရှင်ချိန် ရွှေ့လိုက်ရကြောင်းကိုလည်း ဝိုင်းမော် ဒေသခံတစ်ဦးမှ ပြောသည်။

    တဖက်မှာလဲ ယခုလို တံတား ဖြတ်သန်းခွင့် အချိန်ကန့်သတ်လိုက်ခြင်းပေါ် ဝိုင်းမော်မြို့နယ် ဒေသခံတစ်ဦးမှ “စစ်အစိုးရနှင့် ဆိုင်တဲ့လူတွေ၊ရေအားလျှပ်စစ်ကားတွေဖြတ်ဖို့နေမှာ။အဲကားမှာဘာတွေ သယ်သွား၊ သယ်လာ လုပ်တယ် ဆိုတာ မသိခိုင်းစေတာကြောင့် ဖြစ်မယ်။” ဟုလည်း ထင်မြင်ချက်ပြောသည်။ တရုတ်နယ်စပ်မှ မြစ်ကြီးနားသို့ ဝင်ရန် တစ်ခုတည်းသာရှိသည့် ဗလမင်းထင်တံတား မုဒ်ဝ၌လည်း ဖြတ်သန်း သွားလာနေသည့် ဒေသခံ၊ ခရီးသွားများအား စစ်အာဏာပိုင်များမှ ပုံမှန်မေးမြန်းစစ်ဆေးနေသည်မှာ ယခုချိန် ပိုပြီးတင်းကြပ်လာ ကြောင်း ဒေသခံများပြောသည်။

    ကေအဲန်ယူ၏ စောင့်ကြို တိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

  • .
  • အကြောင်းအရာ >
  • လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။


    Young-KNLAနအဖ ခလရ (၁၀၆) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့ လက်နက်ကြီး တပ်ဆင် ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများ သို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်း တက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြို တိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်း က နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။

    အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။


    DSCN3040-1အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်း ကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက် တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီး နှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

    ၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။

    နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

    ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ် ဆုံးရှုံးနေ

  • Saturday, December 25, 2010
  • .
  • အကြောင်းအရာ >
  • ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် အတွင်းရှိ ရမ်းဗြဲကျွန်း ပတ်ပတ်လည်တွင် တည်ရှိသော ကျွန်းငယ်များနှင့် ကျေးရွာများမှ လယ်မြေများကို ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံ လယ်သမားများက လက်လွှတ် ဆုံးရှုံး နေကြရကြောင်း လယ်သမားများက ပြောသည်။

    မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း

    မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း

    ကျောက်ဖြူ အနောက်ဘက် ၈ မိုင်ခန့်တွင်ရှိသည့် မဒေးကျွန်း၌ နိုင်ငံတကာ အဆင့်မီ ရေနံတင် ဆိပ်ကမ်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ဆိပ်ကမ်း အတွက် လိုအပ်သော မြေများကို နိုင်ငံခြား ကုမ္ပဏီများက ဒေသခံ အာဏာပိုင်များနှင့် ပူပေါင်းကာ မရောင်းမနေရ ၀ယ်ယူနေသဖြင့် လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှုံးနေကြရခြင်း ဖြစ်သည်။

    အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက “ ဘိုးဘွားပိုင် ကိုယ့်လယ်မြေကို ဘယ်လောက်ဈေးဘဲရရ ဘယ်သူမှ မရောင်းချင်ကြပါဘူး။ မရောင်းရင် မရဆိုတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် ရောင်းရတာပါဘဲ။ အခု လယ်သမားတွေ ကျွန်တော်တို့ မဒေးကျွန်းပေါ်မှာ တော်တော်များများ လယ်မြေတွေ မရှိကြတော့ပါဘူး” ဟု ပြောသည်။

    မဒေးကျွန်းပေါ်တွင် ဒေ၀ူးကုမ္ပဏီနှင့် တရုတ် အင်ဂျင်နီယာများမှ ရေနက်ဆိပ်ကမ်းနှင့် ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်နေပြီး ဒေသခံပြည်သူများ အနေဖြင့် လယ်ဧက ၁၀၀ နီးပါးခန့် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
    “နိုင်ငံခြားကုမ္ပဏီတွေကက တဧကကို လက်ရှိ ပေါက်ဈေးအတိုင်း ကျပ် ၈ သိန်းပေးပေမယ့် သက်ဆိုင်ရာ စစ်တပ်တို့ ရယကတွေက တခါ ကြားကဖြတ်ယူတဲ့ အတွက် တ၀က်လောက်ဘဲ ရပါတယ်။ သူတို့ကို မပေးရင် အမျိုးမျိုး အကြောင်းပြပြီး အနိုင်ကျင့်မှာကို စိုးတဲ့ အတွက် သူတို့ပေးတဲ့ အတိုင်း ယူနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

    ၎င်းပြင် ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန် ကျေးရွာနှင့် ၇ မိုင်အကွာ မရကျွန်းကျေးရွာတွင်လည်း ဓါတ်ငွေ သန့်စင်စက်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေများကို အာဏာပိုင်များက လျော်ကြေးပေးပြီး သိမ်းယူခဲ့ကြောင်း သိရသည်။
    ကျောက်ဖြူ အမှတ် (၁)  ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း

    ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း

    “လယ်ယာမြေတွေကို စက်မူလုပ်ငန်းအတွက် ကျရောက်တဲ့ နေရာ ပါဝင်ရင် ရောင်းပေးလိုက်ကြရပါတယ်။ ဖယ်ပေးလိုက်ကြရတယ်။ ဖယ်ပေးလိုက်ရတဲ့ လယ်မြေတွေကို ဘယ်နေရာမှာမှ အစားထိုးမပေးနိုင်တော့ လယ်သမားတွေ လယ်ယာမြေတွေကို လက်လွှတ်ဆုံးရှုံးသွားကြရတာပေါ့။ အခုဆိုရင် လယ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန် ကြရပါပြီ ” ဟု ကျောက်ဖြူမှ လူကြီး တစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့တွင်လည်း ပြည်သူများ အပန်းဖြေအနားယူစရာနေရာများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ငွေကြေး ချမ်းသာသူများက အပိုင်သိမ်းပြီး အဆောက်အဦးများ ဆောက်လုပ်နေသဖြင့် အများပိုင် အပန်းဖြေစရာ မြေကွက်လပ်များမကျန်တော့ကြောင်း သိရှိရသည်။

    ကျောက်ဖြူနှင့် စေတီယျ ကျေးရွာအကြားတွင် တည်ရှိသော လေယျာဉ်ကွင်း မြောက်ဘက်တွင် ကျောက်ဖြူမြို့ ခံများ အပန်းဖြေ အလှကြည့်ရာ နေရာများမှာ ယခုအခါ မကျန်ရှိတော့ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။ယခု အခါ ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို လွန်ခဲ့သည့်လ အနည်းငယ်ကစပြီး အသစ်ပြင် ဆင် တည်ဆောက်နေရာ အဆိုပါ တံတား အနီးရှိ ဆိုင်ခန်း အများအပြားကိုလည်း ပြည်သူများက ဖယ်ပေးလိုက်ရကြောင်း သိရသည်။

    ကရင်ပြည်နယ်တွင် ကုန်တင်ကားများ ချောဆွဲနေ

  • .
  • အကြောင်းအရာ >

  • ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်အစိုးရက ကားချောဆွဲမှုများ ရှိသဖြင့် အဝေးပြေးလမ်းမကြီးတွင် ပြေးဆွဲနေသော ကုန်တင်ကား ပိုင်ရှင်နှင့် ကားသမားများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ နအဖတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၅) မှ တပ်ဖွဲ့ဝင်များ ကရင်ပြည် နယ်ရှိ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ ကားချောဆွဲခြင်းကို စိုးရိမ်နေခြင်း ဖြစ်သည်။“ကားချောဆွဲတာက မလုပ်တာ ကြာပြီဆိုပေမယ့် အခုတော့ ပြန်ပေါ်လာပြီး ကရင်ပြည် နယ်က ကုန်တင်ကားတွေ အ၀င်နည်းလာတယ်” ဟု ရန်ကုန်မြို့ ဘုရင့်နောင် အခြေစိုက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။

    နိုင်ငံတော်က လိုအပ်လာပါက သယ်ယူပို့ဆောင်ပေးရန်ဟူသော အချက်ကို သက်ဆိုင်ရာမြို့နယ် ယာဉ်ကြီး၊ ယာဉ်ငယ် အသင်းနှင့် ကားပိုင်ရှင်များက သဘောတူထားရကြောင်း သိရသည်။ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တပ်အရာရှိများက လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများကို လမ်းဆုံများ၊ တံတားများ တွင် ရပ်တန့်စေပြီး ချောဆွဲလေ့ရှိကြောင်းလည်း ကားမောင်းသမားများက ဆိုသည်။ ချောအဆွဲခံရဖူးသော ကုန်တင် ကားမောင်းသမားတဦးက“စစ်တပ်အတွက် ချောပို့ပေးတယ်ဆိုတာ ဘာမှမရဘူး၊ စစ်တပ်က ကားတန်းနဲ့အတူ သွားလို့ ကံမကောင်းရင် တိုက်ပွဲနဲ့ ရင်ဆိုင်ရတတ်တယ်” ဟု ပြောသည်။

    ချောဆွဲရာတွင်လည်း သွားရောက်ရမည့် ခရီးအတွက် စက်သုံးဆီကို အလုံအလောက် ထုတ်မပေးသည့်အပြင် တပ်သားများ၏ ရိုင်းစိုင်းစွာ ဆက်ဆံမှုကိုလည်း ခံရကြောင်း ၎င်းက ဆိုသည်။ ဘားအံနှင့် ရန်ကုန်သို့ ကုန်တင် ကား တစီးသည် တလလျှင် ၅ ခေါက်ခန့် အစုန်အဆန် ပြေးဆွဲနေကြောင်း၊ ကားမောင်းသမားတဦးကို ခရီးစဉ် တခေါက်လျှင် စရိတ်ငြိမ်း ကျပ် ၅ သောင်း၊ ယာဉ်နောက်လိုက်မှာ ၃ သောင်းခန့် ရရှိကြောင်း သိရသည်။
    စစ်အစိုးရက ကားများကို ချောဆွဲသည့်အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ရိက္ခာသယ်ပို့ခိုင်းရန် ဒေသခံပြည် သူများကိုလည်း ပေါ်တာဆွဲနေကြောင်း သိရသည်။

    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ၀န်းထော၊ ကြာအင်း၊ ၀ါးခုတ်တော စသည့် ကျေးရွာမှ ဒေသခံများကို စစ်အစိုး ရတပ်နှင့် နယ်ခြားစောင့်တပ် လက်ခံထားသော DKBA ပူးပေါင်းတပ်များက မာနယ်ပလောဒေသသို့ ရိက္ခာပို့ရန် ပေါ်တာဆွဲနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက မကြာသေး ခင်ရက်ပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။ပေါ်တာဆွဲနေသောတပ်ရင်းမှာနအဖ၏ ခြေမြန်တပ် ရင်း (ခမရ) ၆၁ နှင့် ဗိုလ်ဘိ ဦးဆောင်သော နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ (၅) တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

    http://www.irrawaddymedia.com/bur/

    ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီး

  • .
  • အကြောင်းအရာ >

  • ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက် ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက် သောကြောင့် ဈေးသူ ဈေးသားများ ယမန်နေ့က ကန့်ကွက်ဆန္ဒပြရာ ၅ ဦးအဖမ်းခံရကြောင်း သတင်းရရှိသည်။

    Thiri-Mingalar

    ယခုနှစ် နိုဝင်ဘာလ အစောပိုင်းက တွေ့ရသော သီရိမင်္ဂလာဈေး။ (ဓာတ်ပုံ - Popular News)

    သီရိမင်္ဂလာ ဈေးဟောင်းမှ ဆိုင်ခန်းပေါင်း ၁၀၀၀ ခန့်အား နေရာသစ်တွင် ဆိုင်ခန်းသစ် ချမပေးနိုင်ဘဲ အမိုးအကာ မရှိသည့် ကွင်းပြင်ထဲတွင် ရောင်းချခိုင်း သောကြောင့် ဈေးသူဈေးသားများက မရောင်းချနိုင်ဟု ဆန္ဒပြခြင်း ဖြစ်ကြောင်း ကုန်စိမ်းဒိုင်တဦးက ပြောသည်။

    “ဒီအတိုင်း ဆိုရင်တော့ မရောင်းနိုင်ဘူး။ အမိုးအကာမရှိဘူး။ ပိုက်ဆံလည်း သွင်းထား ပြီးသား။အဲဒါကို မတရားလုပ်တာ။ သည်းမခံ နိုင်တော့ဘူး။ ဒီနေ့ ဖွင့်ပွဲရှိတော့ လူကြီးလာ တဲ့အထိ စောင့်ပြောမယ် ဆိုပြီး ဈေးသားတွေ သွားစောင့်နေတာ”ဟုဆိုင်ခန်း နေရာ ပြန်လည်မရရှိသူ ကုန်စိမ်းဒိုင်တဦးက ပြောသည်။

    လက်ရှိ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ခန့်အတွက်သာ နေရာရှိပြီး သီရိမင်္ဂလာ ဈေးဟောင်းမှ ပြောင်းရွှေ့ ရသော ဈေးဆိုင်ခန်းပေါင်းမှာ ၃၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။ဆိုင်ခန်းအားလုံး အတွက် နေရာပေးနိုင်ခြင်း မရှိသောကြောင့် ဈေးအနောက်ဘက် အမိုးအကာမရှိသော မြေကွက်လပ်တွင် ဈေးရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။“ကျမတို့ ဒီကွင်းထဲမှာ အမိုးအကာမရှိဘဲ ဘယ်လို ဈေးရောင်းရမလဲ။ ဒါပေမယ့် ကွင်းထဲမှာပဲ ရောင်း ခိုင်းတယ်။ ဘယ်တော့ ဆိုင်နေရာ ဆောက်ပေးမယ်ဆိုတာလည်း မပြောနိုင်ဘူး။ မတရားသိပ်လုပ်ကြတယ်” ဟု ကုန်စိမ်းလက်ခွဲဒိုင်တဦးက ပြောသည်။

    ဈေးရုံအတွင်း ယနေ့ဖွင့်ပွဲကျင်းပရာသို့ လာရောက်မည့် တာဝန်ရှိသူအား ပြောကြားမည်ဟုဆိုကာ မထတမ်း ဆန္ဒပြနေသူများထဲမှ ၅ဦးအား လှိုင်မြို့နယ် ရဲများက နေ့လည် ၁နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ထုတ်သွား ကြောင်း၊ထို့နောက် လုံထိန်းများ၊ရဲများ ထပ်မံရောက်ရှိလာပြီး ဈေးဝန်းအတွင်းမှဈေးသူဈေးသားများနှင့်ဈေးဝယ် များကို မောင်းထုတ်ကာ ဈေးအတွင်း လုံခြုံရေးချထားကြောင်း သိရှိရသည်။သီရိမင်္ဂလာဈေးဟောင်းမှ ဈေး နေရာသစ်သို့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဈေးသစ်တည်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ညနေ ၃ နာရီဝန်းကျင်တွင် ဈေးဖွင့်ပွဲပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုန်စည်ဒိုင်ကြီး တချို့သာ လျှင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ “၂ နာရီကတည်းက ဈေးထဲကလူတွေ အကုန်မောင်းထုတ်လိုက်တာ။ အားလုံးကိုလည်း ပြောတယ်။ ဒီကိစ္စကို ထပ်ပြောတဲ့သူ ငွေဒဏ်အပြင် ထောင်ဒဏ် ၆ လလို့လည်း ပြောလိုက် တယ်” ဟု ကုန်စိမ်းဒိုင်ပိုင်ရှင်တဦးက ပြောသည်။ သီရိမင်္ဂလာဈေးသည် အများအားဖြင့် ၂၄ ရီ လည်ပတ်နေ သော ဈေးကြီး တခုဖြစ်ပြီး ရန်ကုန်မြို့အတွက် ကုန်စိမ်းများ၊ ရာသီစာ သီးနှံများ၊ ပန်းများ၊ ကုန်ခြောက်များ လက်လီလက်ကား အဓိက ဖြန့်ဖြူးရာ ဈေးကြီးတခုဖြစ်သည်။

    http://www.irrawaddymedia.com/bur/

    စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

  • .
  • အကြောင်းအရာ >

  • နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။

    dkba-dec-25-10-02

    ယာယီ ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည်တဦးကို ဆေးစစ်ပေးနေစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)

    စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေ ဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင် ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများ ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

    ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူ တဦးက “ဝေါ်လေရွာရဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးဆီမှာ ဦးနှောက်အမှေးရောင် ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ အတွက် ဒီကူးစက်ရောဂါပိုးဟာ မြန်မာ ဒုက္ခသည် တွေ ဆီက ကူးတာဖြစ်နိုင်တယ်ဆိုပြီး ဒီနေ့လယ်မှာ ဒုက္ခသည်တွေကို ထိုင်း ကျန်းမာရေးဌာနက ဆေးလာစစ်နေတယ်။ ထိုင်း ရွာခံတွေကတော့ ဒုက္ခသည်တွေဆီက လာတာဆိုပြီးတော့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အာဏာပိုင်တွေကို ပြောဆိုနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

    ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ဆူထင်း ဆ၀ါနစင်၏ ညီမဖြစ်သူက “ဘယ်ကစ ပြီး ကူးတာကိုတော့ စစ်နေတုန်းပဲ။ ဒီစစ်ပြေး ဒုက္ခသည်တွေ ကျမတို့ရွာမှာ လာနေကြတာ ၂ လရှိတော့မယ်။ အဲလိုကာလ ကြာရှည်လာတဲ့ အပေါ်မှာ ရွာသားတွကလည်း သူတို့ကို ပြန်စေချင်တဲ့ ဆန္ဒတွေရှိကြတယ်” ဟု ပြောသည်။ နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့က ဒုက္ခသည်အားလုံးကို ဆေးစစ်ရာတွင် မည်သည့် ရောဂါ လက္ခဏာမျှ မတွေ့ရကြောင်း သိရသည်။

    ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ပေးထားသည့် ယာယီ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ၂၃၃ ဦး ရှိပြီး တင်းကျပ်ထား သည့် စည်းကမ်းချက်များကြောင့် စခန်းထဲသို့ မ၀င်ဘဲ နယ်စပ်တွင် မိမိအစီအစဉ်နှင့် ခိုလှုံနေသူ မြန်မာစစ်ပြေး ဒုက္ခသည် ၃၀၀ ခန့်ရှိသေးကြောင်း NGO အဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။ ထိုင်း လယ်ပိုင်ရှင်တဦးက “ထိုင်းဘက်ကတော့ မြန်မာဘက်မှာ ဘာတိုက်ပွဲတွေမှ မဖြစ်စေချင်ဘူး။ ထိုင်း စိုက်ပျိုးရေး လုပ်ငန်းရှင် အများစု က ဝေါ်လေမြိုင်ဒေသမှာ လယ်ယာမြေတွေငှားပြီး ကောက်ပဲသီးနှံတွေ သွားစိုက်ပျိုးကြတယ်။ ပြီးရင် အဲဒီ ထွက်ကုန်တွေကို ထိုင်းဘက် ပြန်တင်သွင်းကြတဲ့လုပ်ငန်းက အကျိုးအမြတ် အတော်လေးရှိတဲ့အတွက် မြန်မာဘက်မှာ အေးအေး ဆေးဆေးဖြစ်ဖို့ ထိုင်းဖက်က ဆန္ဒရှိကြတယ်” ဟု ဆိုသည်။ သို့သော် DKBA နှင့် နအဖတပ်များ ယမန့်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

    dkba-dec-25-10-01

    တိုက်ပွဲဖြစ်ပွားရာ တကော်ကျိုး တောင်ကုန်းမှ DKBA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ - ဧရာဝတီ)

    မြ၀တီခရိုင် ဖလူးဒေသတွင် DKBA နှင့် နအဖ ခြေလျင်တပ်ရင်းများ ယမန်နေ့ နံနက် ၆ နာရီကျော်မှ မွန်းလွဲ ၁ နာရီအထိဖြစ်ပွားခဲ့ သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်သောကြောင့် မဲဆောက်ဆေးရုံကြီးသို့ရောက်ရှိလာကြောင်း ၊ ဆေးကုသမှုကိစ္စများကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ယူပေး ထားကြောင်း သိရသည်။

    ဖလူးလေးရွာရှိ စစ်ရေးအရ ဗျူဟာကျသည့် တောင်ကုန်းကို DKBA အဖွဲ့မှ သိမ်းယူရန် တက်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

    ယင်းတိုက်ပွဲတွင် ဖလူးဒေသအခြေစိုက် နအဖ ခြေလျင်တပ်ရင်း (၂၃၀)၊ ခြေမြန်တပ်ရင်း (၅၄၇)၊ (၃၅၆) တို့နှင့် DKBA ကလိုထူးဘော ဗျူဟာ (၁) တပ်ဖွဲ့တို့အကြား ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း DKBA မှ ဗိုလ်မှူးကြီး ကျော်သက်က ပြောသည်။၎င်းက “ဒီနေ့ဖြစ်တာက တကော်ကျိုး တောင်မှာ။ တိုက်ပွဲက ၇ နာရီနီးပါးကြာတယ်။နအဖဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ အလုံး၃၀ဆယ်လောက် ရှိမယ်။ ဖလူးလေးရွာထဲကို ကျတာလည်း မနည်းဘူး။ ရွာသားတချို့ ဒဏ်ရာရတယ် လို့သိရတယ်” ဟု ပြော သည်။

    ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက “မြ၀တီ ဖလူးဒေသမှာရှိတဲ့ မဟာဗျူဟာကျတဲ့ တောင်ကုန်းအများစုကို မြန်မာစစ်တပ်က အခိုင်အမာတပ်စွဲပြီး ထိန်းချုပ်ထားတဲ့အတွက် ဒီတောင်ကုန်းတွေကို တက်သိမ်းဖို့ဆိုရင်တော့ သိပ်တော့မလွယ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

    http://www.irrawaddymedia.com/bur/

    ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်

  • Wednesday, December 22, 2010
  • .
  • အကြောင်းအရာ >
  • ယခုနှစ်အတွင်း ငါးမွေးမြူရေးဆိုင်ရာ အထွေထွေ ကုန်ထုတ်စရိတ်နှင့် ဝင်ငွေ အချိုးမမျှသဖြင့် အကျိုးအမြတ် နည်းပါးခြင်း၊ ငါးဈေးကွက် ပျက်ခြင်းတို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
    Fishry002

    ရန်ကုန်တိုင်းအတွင်းရှိ ငါးမွေးကန်တခု။

    (ဓာတ်ပုံ - Yangon Media)

    ငါးမွေးမြူသူများ အနေဖြင့် နိုင်ငံခြားသုံးငွေ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မွေးမြူရေးငါးများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အခက်အခဲရှိခြင်း၊ မွေးမြူစရိတ် မြင့်မားလာခြင်း များကိုလည်း ရင်ဆိုင်နေရကြောင်း ရန်ကုန်တိုင်း အတွင်းရှိ ငါးမွေးမြူရေး သမားများက ပြောသည်။

    “မနှစ်ကဆို ဒေါ်လာဈေးက တဒေါ်လာကို ၁၂၀၀ လောက် ပေါက်တယ်။ ဒီနှစ် ၉၀၀ လောက် ဆိုတော့ ပြည်ပပို့တဲ့သူတွေ အနေနဲ့ကလည်း ချိန်ဆပြီး ပို့နေရတယ်” ဟု ပြည်ပသို့ ငါးတင်ပို့နေသူ တဦးက ဆိုသည်။

    ငါးမြစ်ချင်း မွေးမြူသူများမှာ ထုတ်လုပ်မှုစရိတ်နှင့် ပေါက်ဈေးမှာ တွက်ခြေမကိုက်သည့် အနေအထားတွင် ရှိနေပြီး ငါးမြစ်ချင်း ပြည်ပတင် ပို့သူများမှာလည်း ပြည်ပ ၀ယ်လိုအားနည်းနေခြင်း၊ ငွေကြေးဈေးနှုန်း အတက်အကျ အပြောင်းအလဲ မတည်ငြိမ် မှုများ ရှိနေခြင်းတို့ကြောင့် ငါးမြစ်ချင်း ပြည်ပတင်ပို့မှုကို ချင့်ချိန် လုပ်ဆောင်နေရကြောင်း သိရသည်။
    ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရရှိရန် ရည်မှန်းထားသော်လည်း လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်း ၃၅၄ ကျော်သာ ရရှိသေး ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် စစ်ဆေးရေးဌာနစုမှ သိရသည်။

    လက်ရှိ ငါးဈေးကွက် အတက်အကျ အနေအထားမှာ နိုင်ငံခြားသုံးငွေနှင့် ချိတ်ဆက်နေပြီး ငါးအစာဈေးနှုန်း အတက်အကျပေါ်လည်း မူတည်နေကြောင်း ရန်ကုန်တိုင်းရှိ ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးကဆိုသည်။
    “ငါးဈေးတွေကလည်း ဆက်တိုက်ကျနေတော့ အရှုံးပေါ်နေတာ။ ငါးအစာဈေးကလည်း တက်လာတော့ မကိုက်ရင်မကျွေးဘူး။ လာမယ့်နှစ်မှာ ငါးလည်းလျှော့မွေးမယ်၊ ငါးစားလည်း လျှော့ကျွေးမှ ဖြစ်တော့မယ်” ဟု ၎င်းက ပြောသည်။ယခုနှစ် စက်တင်ဘာလတွင်းမှစ၍ တချို့ငါးဈေးများမှာ တပိဿာလျှင် ကျပ် ၂၃၀၀ မှ ကျပ် ၁၉၀၀ သို့ကျဆင်းနေပြီး ပို့ကုန်ရငွေ (Export Earning) တန်ဖိုးမှာလည်း လက်ရှိပေါက်ဈေး တဒေါ်လာလျှင် ၉၂၅ ကျပ်ဝန်းကျင်မှ ထပ်မံကျဆင်းမည့် အလားအလာများ ရှိနေသည့်အတွက် ငါးဈေးနှုန်း ပြန်လည်မြင့်တက်လာမည် မဟုတ်ကြောင်း ပြည်ပသို့ ငါးတင်ပို့ရောင်းချနေသူတဦးက ဆိုသည်။

    ပြည်တွင်း နိုင်ငံခြားငွေကြေး အရောင်းအဝယ် ဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၈၅၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြုပ်နှံမှု များပြားလာခြင်းများကြောင့် ပို့ကုန်ရငွေမှာ ထပ်မံကျဆင်းဦးမည်ဖြစ်ကြောင်း နိုင်ငံခြား ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးလုပ်ငန်းကို ၁၉၈၈ ခုနှစ်မတိုင်မီကပင် လုပ်ကိုင်ခဲ့ကြပြီး ၁၉၈၈ ခုနှစ်တွင် ငါးမွေးကန်ဧက ၆၃၀၀ ရှိခဲ့ကြောင်း၊ ရေချိုငါးမွေးမြူရေး လုပ်ငန်းဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်း ၁၉၉၈ ခုနှစ်တွင်မူ ငါးမွေးကန်ဧကမှာ ၅ သောင်းနီးပါး ရှိလာကြောင်း၊ လက်ရှိကာလတွင် ငါးမွေးမြူရေးကန်ဧက ၂ သိန်း ၁ သောင်းကျော်ရှိကြောင်း ပြည်တွင်း စီးပွားရေး ဂျာနယ်များ၏ ဖော်ပြချက်အရ သိရသည်။ယခုနှစ် စက်တင်ဘာလအတွင်းကလည်း မိုးကြီးပြီး ရေလျှံမှုများကြောင့် မြန်မာပြည်အထက်ပိုင်းတွင် ငါးမွေးမြူရေးကန် ဧကများစွာ ထိခိုက် ဆုံးရှုံးမှု ဖြစ်ခဲ့သေးသည်။