Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မြို့တော်ဝန် သနားမှ ချမ်းသာရမည့် ဈေးသူဈေးသားများ

  • Friday, December 31, 2010
  • .
  • အကြောင်းအရာ >
  • မျက်နှာများ၌ ၀မ်းနည်းကြေကွဲမှု၊ ပူပန်စိုးရိမ်မှု၊ စိတ်ဓာတ်ကျ အားငယ်မှုတို့ဖြင့် တထောင်ဝန်းကျင် ရှိသော လူအုပ်ကြီးသည် တစုံတခုအား စောင့်မျှော်နေကြသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၀န်းကျင်အချိန်တွင် ဖြစ်သည်။ ရန်ကုန်မြို့ လှိုင်မြို့နယ်၌ အသစ်ဖွင့်လှစ်ထားသော သီရိမင်္ဂလာ ဈေးသစ်၏ ရှေ့ ကွက်လပ်၌ ဈေးသူဈေးသားများသည် ၎င်းတို့၏ ဆန္ဒအား ထုတ်ဖော်၍ လိုအပ်ချက်များ တောင်းဆိုရန် စုရုံး ထိုင်စောင့်နေကြခြင်း ဖြစ်သည်။

    thirimarket1

    သီရိမင်္ဂလာဈေးသစ် ဖွင့်ပွဲ (ဓာတ်ပုံ - ဧရာဝတီ)

    ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ ၅ ထပ် အဆင့်မြင့် သီရိမင်္ဂလာဈေးကြီးအား အထက်ပါ နေရာသို့ ပြောင်းရွှေ့လိုက် ခြင်းကြောင့် ဈေးရောင်းချသူ ရာပေါင်းများစွာသည် ဈေးသစ်၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရသည်။

    “ကျမတို့က တနေ့ဈေးရောင်းမှ တနေ့စားရတာလေ။ အခုရောင်းစရာ နေရာမရှိတော့ ဘယ်လိုလုပ်ပြီး ထမင်းစားကြ ရမယ်မှန်းကို မသိတော့ဘူး” ဟု ဆန္ဒထုတ်ဖော်နေသော လူအုပ်ထဲမှ အသက် ၄၀ ၀န်းကျင် အမျိုးသမီး တဦးက ပြောသည်။

    အဆိုပါ အမျိုးသမီး အပါအဝင် ဆန္ဒထုတ်ဖော်နေသည့် လူအုပ်ကြီးသည် ညနေ ၃ နာရီတွင်ဖွင့်လှစ်မည့် ဈေးသစ်ဖွင့်ပွဲ အခမ်းအနားသို့ လာရောက်မည့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ၎င်းထံ၌ ဈေးရောင်းရန် နေရာရရှိရေးအတွက် တောင်းဆိုရန် နေပူဒဏ်ကို ဂရုမစိုက်အားဘဲ ထိုင်စောင့်နေကြခြင်း ဖြစ်သည်။

    “ဈေးသည် တထောင်လောက် ဈေးမရောင်းရရင် မှီခိုနေတဲ့လူ သောင်းချီပြီးတော့ စားဖို့ အခက်အခဲ ဖြစ်ရတယ်” ဟုအမျိုးသမီးများ နှင့်အတူ ထိုင်နေသော ဈေးသည်အမျိုးသား တဦးက ဆိုသည်။

    သီရိမင်္ဂလာဈေးဟောင်းကြီးသည် ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေသော ရန်ကုန်မြို့၏ တခုတည်းသော ဈေးကြီး ဖြစ်သည့်အပြင် ရန်ကုန်မြို့နှင့် တခြားသော ပြည်နယ်၊ တိုင်းများသို့ ဆက်သွယ်ကာ စားသောက်ကုန် ပစ္စည်းအများအပြား တင်ပို့ရောင်းချနေသော ဈေးလည်း ဖြစ်သည်။

    ထိုဈေး၌ အထပ် ၅ ထပ်ပါရှိကာ မြေညီနှင့် ပထမထပ်တို့တွင် ဟင်းသီးဟင်းရွက်၊ ကုန်စိမ်းမျိုးစုံ၊ အသီးအနှံများ၊ ပန်းမျိုးစုံ၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ကုန်ခြောက်ပစ္စည်းအစုံကို လက်လီလက်ကား ရောင်းချခဲ့သည်။ ဈေးဆိုင်ခန်းပေါင်း ၂၂၈၀ ကျော်နှင့် ပျံကျ ဈေးသည် ထောင်ချီရှိပြီး တဈေးလုံး၌ ဈေးသူဈေးသား ၂ သောင်းဝန်းကျင် နေ့စဉ် ဈေးရောင်းချပေးနေခဲ့ကြောင်း ဈေးမှတ်တမ်းများအရ သိရသည်။

    ထိုသို့ ထောင်သောင်းချီသော ဈေးသူဈေးသားများသည် ဈေးသစ်၌ ဈေးရောင်းချရန် နေရာလုံးဝ အဆင်မပြေသော်လည်း ဈေးတာဝန်ရှိသူများက နေရာစီစဉ်ပေးခြင်းမရှိဟု ဈေးသူဈေးသားများက ပြောသည်။

    နေရာအဆင် မပြေသူများထဲတွင် ပျံကျ ဈေးသည်များအပြင် ဈေးဟောင်း၌ ဆိုင်ခန်းကိုယ်ပိုင်ရှိသူ များလည်း ပါဝင်သည်ဟု သိရသည်။

    သီရိမင်္ဂလာဈေးကြီးအား ပြောင်းရွှေ့ရခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဟု ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့်ဈေးတာဝန်ရှိသူများက ပြည်တွင်း ဂျာနယ်များကို ပြောဆိုခဲ့သည်။ သို့သော် အဆိုပါ ဈေးကြီးကို အေးရှားဝေါလ် ကုမ္ပဏီက အသုံးပြုမည်ဖြစ်ကြောင်း ဈေးသာယာရေး အဖွဲ့ဝင် တဦးက ဆိုသည်။

    “ဒီဈေးကြီးကို အေးရှားဝေါလ် ကုမ္ပဏီက သူတို့စီးပွားရေး အတွက်အသုံးပြုဖို့ မြို့တော်ဝန်နှင့်သဘောတူထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

    အေးရှားဝေါလ် ပိုင်ရှင်သည် စစ်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော ဖြစ်၍ ၎င်း၏ ဖိအားပေးမှုကြောင့် ပြောင်းရွှေ့ရခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။

    သီရိမင်္ဂလာ ဈေးကြီးဘေး၌ တည်ဆောက်ထားသော အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆိပ်ခံ ဘောများတွင် တရက်လျှင် ကွန်တိန်နာကားစီးရေ ရာချီ၍ ၀င်ထွက် သွားလာနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်လေ့ရှိ ကြောင်း သိရသည်။

    သီရိမင်္ဂလာဈေးကြီးသည် အထပ်မြင့် အဆောက်အအုံ တခုဖြစ်ပြီး အချက်အချာကျသည့် နေရာတွင် တည်ရှိနေခဲ့ သောကြောင့် အေးရှာဝေါလ်ကုမ္ပဏီက စိတ်ဝင်စားမှု ရှိပုံရကြောင်း၊ ဈေးပြောင်းရွှေ့ရခြင်းနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်နှင့် မြို့တော်ဝန်တို့ ငွေကြေးအပေးအယူ သဘောတူညီမှု ရယူကာ ဈေးကို အမိန့်အာဏာ အသုံးပြု၍ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။

    ယခုအခါ သီရိမင်္ဂလားဈေးဟောင်း နေရာများကို လေလံစနစ်ဖြင့် စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ကြေညာထားသည်။

    မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရန်ကုန်၏ စီးပွားရေး အချက်အချာ ကျသည့်နေရာများကို မကြာခဏ လေလံပစ်လေ့ရှိပြီး ၎င်းတဦးတည်းက ချုပ်ကိုင်၍ လက်ဝါးကြီး အုပ်လေ့ ရှိခြင်းအပေါ် စည်ပင် ၀န်ထမ်းများက မကျေနပ်ကြကြောင်း ကြားသိရသည်။

    သီရိမင်္ဂလာဈေးကြီး၌ ကားစီးရေ အများအပြား ထားရှိနိုင်သော ကားပါကင်၊ ကုန်ပစ္စည်း အများအပြား သိုလှောင်ထားနိုင်သော နေရာများကို အေးရှားဝေါလ်က မျက်စိကျနေသည်ဟု ဈေးသာယာရေး အဖွဲ့ဝင်တဦးက ဆိုသည်။ လက်ရှိ ဖြစ်ပျက်နေသော ကိစ္စသည် ငွေကြေးကိုသာ ဦးစားပေးသော မြန်မာအစိုးရ အာဏာပိုင်များ၏ မဆန်းပြားသော ဇာတ်လမ်း တခုသာ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    သီရိမင်္ဂလာဈေးဟောင်းအား ကီလီဈေးကို ဖျက်၍ ပြောင်းရွှေ့ကာ ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့သည်။

    “ဒီဈေးကြီးက ကီလီဈေးကို ဖျက်ပြီးတော့ပြောင်းလာတာပါ၊ အဲဒီတုန်းက တခါဘ၀ပျက်ခဲ့ပြီးပြီ။ ဒီဈေးကို ရောက်တော့ လုံးဝမပြောင်းရတော့ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လာကြည့်ပြီး ပြောခဲ့တာ ကြားယောင်နေတုန်းပဲ” ဟု ဆိုင်ခန်းပိုင်ရှင် တဦးက ပြန်ပြောင်း ပြောပြသည်။

    ထိုအချိန်က ဆိုင်ခန်းတခန်းလျှင် ကျပ် ၄ သိန်းပေးသွင်းခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

    သီရိမင်္ဂလာ ဈေးပြောင်းမည့် အကြောင်းကို ဈေးသူဈေးသားများ၊ ဈေးသာယာရေး အဖွဲ့ဝင်များတို့ကို ကြိုတင်ပြောဆိုမှု မရှိခဲ့ကြောင်း သိရသည်။

    လက်ရှိဈေးသစ်နှင့်ပတ်သက်၍ ဈေးဝယ်သူ အိမ်ရှင်မ တဦးက “သွားရလာရတာက အရင်လို အဆင်မပြေတဲ့အပြင် ကုန်ဈေးတွေလည်း ပိုကြီးသွားတယ်” ဟု ဆိုသည်။

    ဈေးရောင်းချနေသူ ဈေးသည် တချို့ကလည်း ယခု ဈေးသစ်သည် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းဟု ဆိုကြသည်။

    လက်ရှိဖွင့်လှစ်ထားသော သီရိမင်္ဂလာ ဈေးသစ်သည် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ပိတောက်ချောင်းအနီးရှိ မြေဧက ၁၇ ဒသမ ၇၅ ဧကပေါ်၌ ဆောက်လုပ်ထားသော တထပ်ဟောလ်တိုက် ပုံစံ ဈေးဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၂၉၀၃ ခန်း၊ ဈေးရုံ ၉ ရုံ၊ ကားစီးရေ ၂ ထောင်ကျော် ထားနိုင်သော ကားပါကင်တို့ ပါရှိသည်။

    “တထပ် ဆောက်ရတာက မီးဘေး အန္တရာယ် ကင်းဖို့နဲ့ လေ၀င်လေထွက် ကောင်းဖို့ပါ” ဟု မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြည်တွင်းဂျာနယ်များကို ပြောဆိုသည်။

    ရန်ကုန်မြို့ရှိ ဈေးကြီးများသည် မကြာခဏ မီးလောင်မှုဖြစ်လေ့ရှိပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှုသည် မီးသတ်ဦးစီးဌာန၏ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှု များသွားရကြောင်း မြို့တော်ဝန်က လျှပ်တပြက် ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

    မီးသတ်ဦးစီးဌာနမှ ပြောဆိုရာတွင် ဈေးများ၌ မီးသတ်ရေကန်မရှိခြင်း၊ ဈေးများ၏ တည်ဆောက်မှုပုံစံ မှန်ကန်မှု မရှိခြင်း၊ ဈေးဆောက်မည်ဆိုပါက ဈေးတာဝန်ရှိသူများသည် မီးသတ်ဌာန၏ မီးဘေးအကြံဉာဏ် ယူလေ့မရှိခြင်း တို့ကြောင့် မီးလောင်မှု မကြာခဏဖြစ်ပွားရသည်ဟု ဆိုသည်။

    ရန်ကုန်မြို့၌ အခွန်လွတ်ဈေး ၁၁ ခုအပါအ၀င် စုစုပေါင်း ၁၆၈ ဈေးရှိပြီး ဈေးအားလုံးနီးပါးသည် မီးဘေးကာကွယ်မှု စနစ် အားနည်းကြောင်း သိရသည်။

    ဈေးပေါင်း ၁၀၀ ကျော်အနက် အများစုသည် ဟောင်းနွမ်းနေခြင်း၊ လူနေအိမ်များနှင့်နီးကပ်လွန်းခြင်းတို့ကြောင့် ပြောင်းရွှေ့ရနိုင်သော ဈေးကြီးများ၊ ဈေးဟောင်းများ ရှိနေ၍ ရန်ကုန်မြို့မှ ဈေးသူဈေးသားများသည် ကျီးလန့်စာစား ဘ၀သို့ ရောက်ရှိနေကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဆိုသည်။

    ပြောင်းရွှေ့ရမည်ဟု လတ်တလော သတင်းထွက်နေသော ဈေးကြီးများမှာ သင်္ဃန်ကျွန်း စံပြဈေးကြီး၊ ဗဟိုစံပြ ငါးဈေးကြီး၊ ရွှေတိဂုံ စေတီ ခြေရင်းရှိ ဒဂုံမြို့နယ်ဈေး၊ တောင်ဥက္ကလာပ မြို့နယ်မှ နန္ဒ၀န်ဈေးကြီး တို့ဖြစ်သည်။ ထို့ကြောင့် ထိုဈေးများမှ ဈေးသူ ဈေးသားများသည် စိုးရိမ်သောက ရောက်နေကြကြောင်း သိရသည်။

    “သူတို့ကဈေးတွေ ပြောင်းရမယ်ဆိုတာ ဘယ်တော့မှ ကြိုမပြောဘူး။ ပြင်ဆင်မှုက မရှိတော့ လူတွေ ဒုက္ခရောက် ကြတယ်။ ပြောင်းမယ့်ကိစ္စ ကန့်ကွက်တာများတဲ့ ဈေးဆိုရင် မီးရှို့ပစ်တတ်တယ်” ဟု ဗဟိုစံပြဈေးမှ အ၀တ်အထည် ရောင်းချသူ ဈေးဆိုင်ပိုင်ရှင် တဦးက ပြောသည်။

    သင်္ဃန်းကျွန်း ဈေးကြီးမီးလောင်မှုတွင်လည်း ၎င်း၏ အထည်ဆိုင်မီးလောင်ခံခဲ့ရပြီး သိန်းရာဂဏန်း ဆုံးရှုံးခဲ့ရသည်ဟု ရှင်းပြသည်။ ထိုမီးလောင်မှုသည် အာဏာပိုင်တို့၏ ရှို့မီးဟုသာ ထင်မြင်ကြောင်းလည်း သူက ဆိုသည်။

    thirimarket2

    ဈေးရှေ့မှ ဆောက်လုပ်ဆဲ ကားရပ်နားရာနေရာ (ဓာတ်ပုံ - ဧရာဝတီ)

    အာဏာပိုင်တို့၏ လုပ်ရပ်သည် သာမန်ပြည်သူများအား ကူညီမှု မရှိသည့်အပြင် ဒုက္ခဆင်းရဲတွင်းသို့ တွန်းပို့နေသည့် အသွင်သဏ္ဍန် ဆောင်နေကြောင်း၊ ဈေးမီးလောင်မှု၊ နေရာပြောင်းရွှေ့ရမှု တို့သည် နအဖ စစ်အစိုးရ လက်ထက်တွင် ပိုမိုများပြား လာကြောင်း စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။ ဈေးသစ်တည်ဆောက်မှုများ တိုးပွားလာသော်လည်း အရည်အသွေး တိုးတက်မှု အားနည်းကြောင်း သူက သုံးသပ် ပြောဆိုသည်။

    သီရိမင်္ဂလာဈေးမှ ဈေးသည်များ၏ ဆန္ဒပြ တောင်းဆိုချက်ကို ကြည့်ခြင်းဖြင့် အာဏာပိုင်တို့၏ ပြည်သူများအပေါ် အလေးမထားခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ပိုမို ပေါ်လွင် ထင်ရှားနေကြောင်း ၎င်းက ဆက်ပြောသည်။

    ဈေးသစ်ဖွင့်လှစ်ပြီး တပတ်ခန့်ရှိသည့်တိုင် မြို့တော်ဝန်နှင့်ဈေးတာဝန်ရှိသူများက နေရာ ခက်ခဲနေသည့် ဈေးသည်များအား နေရာစီစဉ် ပေးရန် တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း သိရသည်။

    ၂၄ ရက်နေ့က ဈေးသည်များ၏ ဆန္ဒပြ တောင်းဆိုမှုသည် အောင်မြင်မှု မရှိခဲ့ဘဲ မြို့တော်ဝန်၏ လျစ်လျူရှုခြင်းကို ခံနေရသဖြင့် ဒေါသထွက်ကာ စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုကြသည်။

    “ဦးအောင်သိန်းလင်းကို နေရာ ပေးဖို့ ဈေးသည်တွေက သံပြိုင် တောင်းတော့ ဖဲကြိုးဖြတ်ပြီးတာနဲ့ ချက်ချင်း ပြန်သွားတယ်။ ဈေးထဲလည်း ပတ်မကြည့်သွားဘူး။ ဘာမှလည်း ပြောမသွားပါဘူး။ လူတွေကို လှည့်မကြည့်ဘဲ မျက်နှာ နီနီရဲရဲနဲ့ ကားပေါ်တက်သွားတယ်” ဟု ဆန္ဒပြ ဈေးသည် တဦးက ပြောသည်။

    ရန်ကုန်အခြေစိုက် သတင်းထောက်တဦး ကူညီသည်။

    http://bur.irrawaddy.org/

    မတ်လ ကျောက်မျက်ပွဲအမီ နေပြည်တော်မှာ ဟိုတယ်တိုး

  • .
  • အကြောင်းအရာ >
  • မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

    ရန်ကုန် (မဇ္ဈိမ) ။ ။ မတ်လ နေပြည်တော်ကျောက်မျက်ပြပွဲအမီ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အခန်းများ ထပ်တိုးချဲ့ကာ ဆောက်လက်စ ဟိုတယ်များ အမြန်ပြီးစီးရန် ကြိုးစားနေကြသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ က နေပြည်တော်တွင် ပထမဆုံး ကျင်းပသည့်ကျောက်မျက်ပြပွဲလာ ဧည့်သည် အရေအတွက်အနေအထားကို မူတည်ကာ မတ်လကျောက်မျက်ပွဲတွင် ဧည့်သည်အခန်းများလုံလောက်မှုရှိစေ
    ရန် ဆောင်ရွက်နေကြသည်။

    “လာမယ့် မတ်လ ကျောက်မျက်ပွဲမှာ ဧည့်သည်
    MCC

    ရန်ကုန်မြို့၌ MCC Centerတွင် နိုဝင်ဘာ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်က ကျင်းပပြီးစီးသွားခဲ့သည့် ကျောက်စိမ်းပြပွဲ။ ဓာတ်ပုံ- မဇ္ဈိမ။

    အရေအတွက် ထပ်တိုးလာမယ်လို့ ကျောက်မျက်ပြပွဲ ကော်မတီက ပြောတယ်၊ ဒါကြောင့် လက်ရှိ လည်ပတ်နေတဲ့ ဟိုတယ်တွေကလဲ အခန်း တွေကို ထပ်တိုးကြတယ်၊ အသစ်တွေလဲ ဆောက်လက်စတွေ အပြီးသတ်ဖို့ အမြန် ပြင်ဆင်နေကြတာပေါ့” ဟု စကိုင်းပဲလေ့စ် ဟိုတယ်မှ တာဝန်ရှိသူက ပြောသည်။

    ရွှေ့ဆိုင်းကျင်းပခဲ့သော ၂ဝ၁ဝ ပြည့်နှစ် နှစ်လည် ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော နေပြည်တော်တွင် ပထမ ဆုံးကျင်းပသော ကျောက်မျက်ပြပွဲကို ပြည်တွင်း ပြည်ပကုန်သည် ၆၇၅ဝ တို့ တက်ရောက်ခဲ့သည်။

    နေပြည်တော်တွင်လက်ရှိလည်ပတ်နေသောဟိုတယ်အခန်းပေါင်း စုစုပေါင်း ၁၅ဝဝေ ကျာ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။“နိုဝင်ဘာလတုန်းက ကျမတို့ဟိုတယ်ကို နဂိုအခန်းထက် ပိုပြီး တိုးလိုက်တယ်၊ အရင်က ၄၀ ကျော်၊အခု ၅၀ကျော်လောက် ထပ်တိုးနေတယ် ၊ကျောက်မျက်ပွဲအမီ အခန်း စုစုပေါင်း ၅၀ ကျော်လောက် ထပ်ချဲ့ခဲ့ရတယ်၊ နေပြည်တော်ဟာ ဧည့်သည်တွေ တကူးတက လာလည်တာထက် အလုပ်ကိစ္စကြောင့် လာတဲ့သူတွေ များတယ်၊ ဒါကြောင့် ဧည့်သည် ပြတ်တယ်ဆိုတာ မရှိသလောက်ပဲ” ဟု ရွိုင်ရယ် ကုမုဒြာဟိုတယ် ဈေးကွက်တာဝန်ရှိသူက ပြောသည်။

    အမရာဟိုတယ်တွင် စုစုပေါင်းအခန်း ၆၄ခန်းတိုးချဲ့ခဲ့ရာ ယခုပြီးခါနီးဟု အဆိုပါဟိုတယ်မှ အရောင်း တာဝန်ခံ တဦးက ပြောသည်။“အမရာ ဟိုတယ်မှာလက်ရှိ အခန်း ၆၇ခန်းရှိပါတယ်။ နိုဝင်ဘာလ ကျောက်မျက်ပွဲ အမီ ၆၄ ခန်း ထပ်ပြီး တိုးချဲ့ခဲ့တယ်။ပြီးသလောက် ဖွင့်ခဲ့နိုင်တယ်၊ကျန်တာတွေကို မကြာခင် ပြီးအောင် တည်ဆောက်နေ တယ်”ဟု ယင်းက ပြောသည်။လည်ပတ်နေသော ဟိုတယ်များ အနက် အော်ရီယံပဲလေ့စ် ဟိုတယ်၊ ဟိုတယ် သင်္ဂဟ တို့တွင်လည်း အခန်းများ ထပ်မံတိုးချဲ့နေကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှလည်း အခန်းလိုအပ်ချက် မရှိစေရန် ဆောင်ရွက်ရမည်ဟု ဟိုတယ် လုပ်ငန်းရှင်များကို ထုတ်ပြန် ကြေညာထားကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။

    “နေပြည်တော်မှာ ကျောက်မျက်ပွဲ လုပ်တော့မယ် ဆိုကထဲက အခန်းတွေ လိုတယ်၊ တည်းခိုဖို့ အခက်အခဲရှိတယ် ဆိုတာမျိုးတွေ မဖြစ်စေဖို့ ဟိုတယ်ခရီးက လုပ်ငန်းရှင်တွေကို ပြောထားတယ် ”ဟု နေပြည်တော် ဟိုတယ် လုပ် ငန်းရှင် တဦးက ပြောသည်။ကျောက်မျက်ပြပွဲအမီ တည်ဆောက်နေသည့် ဟိုတယ်များမှာ Junction ဟိုတယ်၊ ဇမ္ဘူသီရိဟိုတယ်၊ ကောင်းကင်နန်းတော် ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ်၊ တုံဂပူရီ ဟိုတယ်၊ မန်းမြန်မာဟိုတယ်၊ မြင့်မိသားစု ဟိုတယ်၊ Country ဟိုတယ်နှင့် Golden Land ဟိုတယ် တို့ ဖြစ်သည်။


    http://www.mizzimaburmese.com/

    ပဲခူးအနောက်ပိုင်း မတ်ပဲခင်းများ ပျက်စီးနေ

  • .
  • အကြောင်းအရာ >
  • အောင်ထက် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၀ မိနစ်

    ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များ၏ အဓိကစိုက်ပျိုးသီးနှံ မတ်ပဲခင်းများ ယခုနှစ်တွင် အများအပြား ပျက်စီးပြီး အထွက်နှုန်းလျော့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီနှင့် ပြည်ခရိုင်အတွင်း မြို့နယ် ၁၄ မြို့နယ်ရှိ မတ်ပဲခင်း အားလုံးလိုလို ပိုးကျနေပြီး၊ ပျက်စီးမှု ပမာဏမှာ စိုက်ဧက၏ လေးပုံတပုံခန့်အထိပင် ရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။

    “အပင်ပေါက်စ အရွက်တွေ စိမ်းညို့နေတဲ့အချိန်
    matpell

    ပျက်စီးနေသော မတ်ပဲစိုက်ခင်းများကို ယခုလ ၂၄ ရက်နေ့တွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - အောင်ထက်၊ မဇ္ဈိမ)

    တလသားမှာ ပိုးကျတာ။ အရွက်တွေ ဝါခြောက်ပြီး အပင်တွေ သေကုန်တယ် ” ဟု မင်းလှမြို့နယ်အပိုင် ထောက်ကြံ့ကွင်း ကျေးရွာမှာ မတ်ပဲ စိုက်တောင်သူ တဦးက မဇ္ဈိမကို ပြောသည်။ မတ်ပဲပင်များတွင် ပိုးကျသောကြောင့် ပိုးသတ်ဆေးများ သုံးစွဲသော်လည်း အပင် များ ဆက်လက်သေဆုံးနေသည်ဟု ဆိုသည်။

    ပိုးအမည်ကိုမူ မြစ်ဖုရောဂါပိုး၊ ရွက်ခြောက်ရောဂါပိုး၊ မှိုရောဂါ ပိုး၊ ထိပ်နာကျရောဂါပိုး၊ မြစ်ပုပ်ရောဂါပိုး စသဖြင့် ဒေသ အလိုက် ကွဲပြားစွာ ခေါ်ဝေါ်နေကြသည်။

    “ဒီနှစ်က ပိုဆိုးမယ်။ အရင် တဧက ၁၂ တင်းလောက် ထွက် တဲ့အခင်း အခုနှစ် ၇ တင်း၊ ၈ တင်း ရရင် ကံကောင်းလို့ပဲ” ဟု အခင်းဖြစ်ရာ ဒေသတွင်းမှ တောင်သူတဦးက ပြောသည်။ စိုက်ပျိုးချိန်မှန်၊ ရာသီမှန်သော်လည်း ပဲပင်သေနှုန်း တစတစများလာသည့် အနေအထားကို တောင်သူ လယ်သမား များ စိုးရိမ်နေကြသည်ဟု ဆိုသည်။ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ပဲအထွက် ကျဆင်းလာခဲ့ရာမှ ယခုနှစ်တွင် ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း အုတ်ဖို တောင်သူများက ခန့်မှန်းကြသည်။ ပဲခူးတိုင်း အနောက်ခြမ်း မတ်ပဲစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှ NLD ပါတီဝင် ဒေါ်ခင်ဝိုင်းက “မတ်ပဲက ၂ လလောက်နဲ့ သီးပြီး ဆန်ထက်လည်း ဈေးကောင်းရတော့ လယ်သမားတွေ စိုက်ကြတယ်။ ဒီပဲခူးတိုင်း အနောက်အခြမ်းမှာ ဒီအချိန်ဆိုရင် လယ်သမားတွေအားလုံး ပဲစိုက်ကြတယ်” ဟု မဇ္ဈိမကို ပြောသည်။

    အစိုးရ စိုက်ပျိုးရေးဌာနများသို့ အကူအညီတောင်းသော်လည်း ကွင်းဆင်းစစ်ဆေးမှု မရှိဘဲ၊ ဌာနမှ ရောင်းချသည့် ပိုးသတ်ဆေးမျိုးစုံကိုသာ ရောင်းချကြောင်းနှင့် ဝယ်ယူအသုံးပြုသော်လည်း ပိုးမသေဘဲ အပင်များသာ ဆက်လက်သေဆုံးနေကြောင်း အုတ်ဖိုမြို့နယ်၊ ထူးကုန်းကျေးရွာ မတ်ပဲစိုက်တောင်သူများ အဆိုအရ သိရသည်။
    မတ်ပဲကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် သက်လျင်မိုးစပါးရိတ်သိမ်းပြီး မိုးနှောင်းကာလ (အောက်တိုဘာလ နှောင်းပိုင်း) မှစ၍ စိုက်ပျိုးသည်။ မိုးနှောင်းကာလတွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ အောက် ပိုင်း ဒေသတွင် မိုးစပါးရိတ်သိမ်းပြီး ထွန်ရေးမဲ့စနစ်ဖြစ်သော ခုတ်ဖုံးစနစ်သာမက ရေလိုက်စနစ်များဖြင့် စိုက် ပျိုးကြသည်။

    matpell1

    ပျက်စီးနေသော မတ်ပဲစိုက်ခင်းများကို ယခုလ ၂၄ ရက်နေ့တွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - အောင်ထက်၊ မဇ္ဈိမ)

    မတ်ပဲ တဧကအတွက် မျိုး၊ ဓာတ်မြေသြဇာစရိတ်၊ သူရင်းငှားခ အပါအဝင် စိုက်ပျိုးစရိတ် ကျပ် တသိန်းကျော် ကုန်ကျသည်။ ပုံမှန်အားဖြင့် တဧကထွက်နှုန်း ပျမ်းမျှ ၁ဝ တင်း ဝန်းကျင်နှင့် အထက်တွင် ရှိပြီး ဒိုင်သွင်းဈေး တတင်း ကျပ် ၂ သောင်းခန့် ပြန်ရသဖြင့် အထွက်ကောင်းပါက တဧကကျပ် ၁ သိန်းခန့် အမြတ်အစွန်းကျန်သည်။

    လက်ရှိ မတ်ပဲပင်များ သေဆုံးမှုကို အဖွဲ့အစည်းများ၊ ပညာရှင် များက ကွင်းဆင်းမှု မရှိသလို သုံးသပ်ပြောဆိုမှု အမျိုးမျိုးလည်း တွေ့ရသည်။ မြေဆီအစိုဓာတ်များ၍ မြေသားကျပ်ခြင်းကြောင့် အရွက်များ ဝါကျင့်သေဆုံးခြင်းဟု တောင်သူများက ယူဆ နေသကဲ့သို့ ဓာတုဓာတ်မြေသြဇာ များကြောင့် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်ခြင်းဟု ယူဆသည့် ပညာရှင်များ တွေ့ရသည်။

    “နှစ်ပေါင်းများစွာ ပိုးသတ်ဆေးမျိုးစုံ သုံးစွဲလာကြတဲ့ ဆိုးကျိုးပဲ။ မြေတွေ အချဉ်ပေါက်ကုန်ပြီ။ မြေအချဉ်ဓာတ် များနေရင် မြေအစိုဓာတ် မထိန်းနိုင်ဘူး။ မြေကန်းတယ်ခေါ်တယ်။ မြေပြင်ရမယ်။ ပထမတန်းစား မြေပြန်ဖြစ်ဖို့ ထိုက်သင့်သလောက် အချိန်ယူရမယ်။ ဒီလိုမြေမှာ မတ်ပဲမှ မဟုတ်ဘူး၊ စပါးစိုက်လည်း အထွက်လျော့မှာပဲ” ဟု စိုက်ပျိုးရေးပညာရှင် အရာရှိတဦးက သုံးသပ်သည်။နောက်ချေး၊ ကောက်ရိုးဆွေး၊ ပဲမှော်၊ ကုက္ကိုလ်ရွက်ကဲ့သို့ သဘာဝ မြေသြဇာ ပြောင်းသုံးပြီး ဘာကာရှီနည်း ခေါ် အနုဇီဝပိုး မွေးမြူခြင်းဖြင့် မြေပြုပြင်ရမည်ဟု သူက ဆက်ပြောသည်။ လယ်မြေအသုံးမပြုဘဲ ယင်းသို့ ပြုပြင်ရန်မှာ တောင်သူများအတွက် အကြီးမားဆုံး အခက်အခဲဟု ဆိုသည်။

    မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲတင်ပို့မှုတွင် ကနေဒါနိုင်ငံနောက် ဒုတိယနေရာတွင် ရှိသည်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာ ရေး နှစ်တွင် မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးတန်ချိန် ၁၂ သိန်း ထွက်ရှိခဲ့ပြီး၊ ယင်းအနက် မတ်ပဲ ထွက်ရှိမှုမှာ တဝက်တိတိ (တန်ချိန် ခြောက်သိန်းကျော်) ရှိခဲ့သည်။

    http://www.mizzimaburmese.com/

    ၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ

  • .
  • အကြောင်းအရာ >
  • ဒါရိုက်တာ ကြည်ဖြူသျှင် (ရုပ်ရှင် ဒါရိုက်တာ)

    2011-kyi-phyu-shinဂျပန်ကလာတဲ့ ကင်မရာအဖွဲ့တဖွဲ့က မြန်မာဒါရိုက်တာနဲ့ ပေါင်းပြီး ရုပ်ရှင်ပြိုင်ပွဲ ဝင်နိုင်လောက်တဲ့ ဇာတ်ကားတွေ ရိုက် ချင်တယ်လို့ ကမ်းလှမ်းလာတာမျိုး ရှိတယ်။ သူတို့ ကမ်းလှမ်းတာက မြန်မာ့ရုပ်ရှင်လောကအတွက် ဆိုပြီး ကမ်းလှမ်း လာတာမျိုးပါ။ ရုပ်ရှင်လောက တိုးတက်ဖို့အတွက် တခြားနိုင်ငံက နည်းပညာတွေပါ သုံးဖို့လိုအပ်မယ်ထင်လို့ သူတို့ အဖွဲ့နဲ့ ပူးပေါင်းအလုပ်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ သူတို့ကလည်း သူတို့ရဲ့ နည်းပညာတွေကိုပါ မျှဝေပေးမယ် ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရုပ်ရှင်လောကအတွက်တော့ နည်းပညာပိုင်းဆိုင်ရာအရ အမြတ်ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့ကတော့ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။

    အနဂ္ဂ (အဆိုတော်)

    2011-Anaga01၂၀၁၁ မှာ ကျနော့် တကိုယ်တော်အခွေ ထွက်မယ်၊ အဲဒီခွေနဲ့ ပတ်သက်တဲ့ ပွဲလေး တပွဲလုပ်ဖို့ စီစဉ်ထားတယ်။ ဇန်နဝါရီ လမှာတော့ ပန်းချီပြပွဲတပွဲ လုပ်ဖို့ စီစဉ်ထားတယ်။ အရင်တုန်းကတည်းက လုပ်လာတဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမယ်လို့ စိတ်ကူးထားပါတယ်။ ကျနော့်အကူအညီကို လိုတယ်လို့ ပြောလာတဲ့လူတွေ၊ ကျနော်က မနေနိုင် မထိုင်နိုင် သွားကူရမယ့်ကိစ္စတွေကို ဆက်လုပ်သွားဦးမှာပါ။ ဟိုလူနဲ့ ပေါင်းပြီး မလုပ်ဘူး၊ ဒီအဖွဲ့အစည်းနဲ့ ပေါင်းပြီး မလုပ်ဘူး ဆိုတာမျိုးတော့ ကျနော့်မှာ မရှိပါဘူး။

    ၂၀၁၁ နဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ မျှော်လင့်ချက်ကတော့ ကျနော့်အခွေထွက်မယ်၊ ဒီအခွေနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ အားပေးမှုကို လိုချင်တယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအပိုင်းတွေမှာ ဆိုရင် အခုလက်ရှိ ကျနော်တို့နိုင်ငံမှာ အင်တာနက်နဲ့ တခြားဆက်သွယ်မှုတွေ အဆင့်မြင့်မြင့် လုပ်လာနိုင်ပြီ။ ဒါပေမယ့် ၂၀၁၁ ကို ဒီထက်ပိုပြီးကောင်းတဲ့ အင်တာနက် ဆက်သွယ်မှုတွေ၊ ပညာရေးကိစ္စတွေမှာ တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်း နိုင်မယ့် နှစ်မျိုး ဖြစ်စေချင်ပါတယ်။ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ ၂၀၁၀ မှာတော့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံရတယ်၊ မုန်တိုင်းတိုက်တယ်၊ မီးတွေလောင်တယ်၊ ပြီးတော့ ရွေးကောက်ပွဲလည်း လုပ်သွားတယ်။ အဲဒါတွေကတော့ မြင်ခဲ့ရတာ တွေပါ။

    လာမယ့်နှစ်သစ်မှာ တယောက်နဲ့တယောက် အမုန်းတွေ၊ ရန်ငြိုးတွေမထားဘဲနဲ့ ဆက်ဆံစေချင်တယ်။ ခုထက်ထိ မြင်ရတာက ကားမောင်းတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ အမှိုက်ပစ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် စည်းကမ်း မဲ့တာမျိုးတွေ တွေ့နေရပါတယ်။ အဲဒါတွေက လာမယ့်နှစ်သစ်မှာ မပျောက်သေးဘူး ဆိုရင်တောင်မှ လျှော့နိုင်လိမ့်မယ်၊ စည်းကမ်းပိုရှိလာမယ်လို့တော့ မျှော်လင့်တာပဲ။

    နှုတ်ခမ်းမွေး ညီနောင် (လူရွှင်တော်)

    2011-moustache_brosနှုတ်ခမ်းမွေး လူမော်။ ။ ကျနော်တို့က အိမ်မှာ ဆိုင်းဘုတ်သာ တင်ထားတာ သက်ဆိုင်ရာက ပွဲမိန့်မပေးတော့ ပွဲမကရတာ ကြာပီ။ အဲဒါကြောင့် လာမယ့်နှစ်ဆိုရင်လည်း ကျနော်တို့ အတွက် ပွဲမိန့်က သေချာဦးမှာမဟုတ်ဘူး။ ဒီလူပဲ၊ ဒီအစိုးရပဲ ဆိုရင်တော့ သေချာတယ် ကျနော်တို့ ကရဦးမှာ မဟုတ်ဘူး။ အိမ်ကိုလာတဲ့ နိုင်ငံခြားသားတွေလောက်ကိုပဲ ကပြရမှာပဲ။ ၂၀၁၀ မှာတော့ အစ်မကြီး စု လွတ်လာလို့ ကျနော်တို့ ညီအစ်ကိုတတွေက ဝမ်းသာတယ်၊ ပျော်ရွှင်ရတယ်။ ၂၀၁၁ မှာတော့ ဒီထက် ဝမ်းသာစရာကောင်းတဲ့ ကိစ္စတွေနဲ့ ကျနော်တို့ ဆုံချင်တယ်။ ကျနော်တို့ မိတ်ဆွေကြီး ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ထောင်ထဲမှာ ရှိနေတုန်းပဲ။ နှစ်သစ်မှာ သူတို့တွေ လွတ်ငြိမ်း ချမ်းသာခွင့်ရကြပါစေ၊ သူတို့တွေလည်း ပျော်ရွှင်ရပါစေလို့ ပြောချင်ပါတယ်။

    နှုတ်ခမ်းမွေး ပါပါလေး။ ။ ကျနော်တို့ လူရွှင်တော်တွေရဲ့ ပြက်လုံးဆိုတာက စိတ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြက်မှ ပိုပြီး အရသာ ရှိတယ်။ ဒါပေမယ့် တစုံတယောက်က နောက်ကနေ ထိန်းချုပ်ပြီးတော့ ဒါမပြက်နဲ့၊ ဒါက နိုင်ငံတော်ကို ပြက်ရယ်ပြုတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ လူရွှင်တော်တွေအနေနဲ့ ပြက်ရတာ အရသာမရှိတော့ဘူး။ ခုကျတော့ ဘယ်အငြိမ့်ပဲ ကက၊ ဘာပဲ ပြက်ပြက်၊ ဘယ်ဆိုင်းပဲ တီးတီး၊ တီးလုံးတောင်မှ နိုင်ငံတော်ကို ပြက်ရယ်ပြုတယ်ဆိုရင် မတီးရဘူး။ ၂၀၁၁ မှာ ရုပ်ရှင် ရိုက်တဲ့ပုဂ္ဂိုလ်များလည်း လွတ်လွတ် ကျွတ်ကျွတ် ရိုက်ရပါစေ၊ ကျနော်တို့ အငြိမ့်ကတဲ့ ပုဂ္ဂိုလ်များလည်း လွတ်လွတ်ကျွတ်ကျွတ် ကရပါစေ၊ စာရေးတဲ့ ပုဂ္ဂိုလ်များလည်း ကလောင် ထက်ထက်နဲ့ ရေးရပါစေလို့ နှစ်သစ်မှာ ကျနော်တို့ နှုတ်ခမ်းမွေး ညီနောင်က ဆန္ဒပြုလိုက်ပါတယ်ဗျာ။

    မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)

    phyu_phyu_thin_AF2011-Pကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိ သေး ဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာ တယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။

    နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာ တဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

    ဦးအေးသာအောင် (CRPP အတွင်းရေးမှူး)

    2011-Ayethaaung၂၀၁၁ မှာတော့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲအရ လွှတ်တော် ပေါ်လာမယ်၊ အစိုးရအသစ် ပေါ်လာမယ်။ ဒါပေမယ့် ဒီ လွှတ်တော်နဲ့ အစိုးရက တမျိုးသားလုံး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည် ဘူး။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ကျနော်တို့ မဖြစ်မနေ လုပ်ကြရမယ်၊ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမှာပဲ။ နအဖ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို CRPP အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်။ လက်ရှိ တိုင်းပြည်အနေအထားအရ တိုင်းရင်းသားတွေ အနေနဲ့ တန်းတူအခွင့်အရေး ရဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိဖို့ လိုအပ်တယ်။ အဲဒါကြောင့် NLD အပါအဝင် တခြား နိုင်ငံရေးပါတီတွေ လက်တွဲပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။ ၂၀၁၁ ကတော့ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် ကျပ်ကျပ်တည်းတည်းနဲ့ ဖြတ်သန်းရဦးမယ့်နှစ်လို့ ကျနော် မြင်ပါတယ်။ နှစ်သစ်မှာလည်း လူတိုင်းလူတိုင်းက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆက်လက် ကြိုးပမ်း သွားဖို့ လိုဦးမယ်လို့ ကျနော်ပြောချင်ပါတယ်။

    ဦးကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း)

    2011-kyaw-thu-2009-11-2-8-10-41နှစ်သစ်မှာ ဘာတွေလုပ်မလဲဆိုတော့ ကျနော်တို့ လုပ်နေတဲ့ လူမှုရေးလုပ်ငန်းဆိုတာက လုပ်ချင်တိုင်း လုပ်ခွင့်ရတဲ့ အခြေ အနေမရှိသေးတော့ ဘာကိုမှ ကြိုပြောလို့မရဘူးဗျ။ အများအကျိုးကို ဒီထက်တိုးပြီး ဘယ်လိုကူညီလို့ ရမလဲ ဆိုတာကိုပဲ ကျနော် ခေါင်းထဲ ထည့်ထားတယ်။ ဆိုတော့ လုပ်ငန်းတွေ အကောင်အထည်ဖော်မှပဲ ကျနော့်အနေနဲ့ ပြောလို့ ကောင်း မယ်။ အခုလက်ရှိတော့ ကျနော်တို့ရဲ့ မျက်စိ ခွဲစိတ်ခန်းကိစ္စကိုပဲ ဇောင်းပေးပြီး လုပ်ဆောင်နေပါတယ်။ ရှေ့နှစ် ဧပြီလ လောက်ဆိုရင် စတင်ပြီး ခွဲစိတ်မှုတွေ လုပ်နိုင်ပါပြီ။

    ကိုလေး (အင်းဝဂုဏ်ရည်) (ကဗျာဆရာ)

    2011-Kolayကျနော့်ကို စာရေးခွင့်တွေဘာတွေ ပိတ်ထားတာ ၁၂ နှစ် ရှိပြီ။ အခုထိလည်း ပိတ်ထားတုန်း ပဲ။ ဘာမှလည်း ရေးခွင့် ပြောခွင့် မရှိဘူး ဆိုတော့ ကျနော့်အနေနဲ့ ဘာ အစီအစဉ်မှ မရှိဘူးလို့ ပြောလို့ရတယ်။ NLD ကလုပ်တဲ့ စာပေ ဟောပြောပွဲတွေ ဘာတွေမှာ ကျနော့်ကို ပြောဖို့ ဖိတ်တာမျိုး တွေတော့ နှစ်တိုင်းလိုလိုရှိပါတယ်။ အမျိုးသားအောင်ပွဲနေ့ တို့ ပြည်ထောင်စု နေ့တို့ ဘာတို့ပေါ့ဗျာ။ လာမယ့်နှစ်မှာလည်း ကျနော့်ကို ဟောပြောဖို့ ထပ်ဖိတ်ဦးမယ်ဆိုရင်တော့ သွားပြီး ဟောဖြစ် ပြောဖြစ်ဦးမှာပါ။ ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက် စာရေးခွင့်၊ ဟောပြောခွင့်မရဘဲနဲ့ ကျနော့်အသက် တနှစ်ကြီးသွားဦးမှာ ကိုတော့ နှမြောတယ်ဗျာ။

    ကျနော် ငယ်စဉ် ပညာသင်တုန်းက အင်္ဂလိပ်တွေ ဆုတ်တဲ့အချိန်နဲ့ ကြုံနေတော့ နေရာတိုင်းမှာ သေနတ်သံ၊ ဗုံးသံနဲ့ အလောင်းတွေအပေါ် နင်းပြီး ကျောင်းတက်ခဲ့ရတယ်။ ကျနော်တို့နိုင်ငံမှာလည်း ဒီနေ့ထက်ထိ သေနတ် သံ တွေ ဗုံးသံတွေ ရှိနေတုန်းပဲ။ အခု ပညာသင်နေတဲ့ ကလေးတွေအနေနဲ့ ကျနော်တို့ ငယ်ငယ်တုန်းကလို အလောင်းတွေပေါ် နင်းလျှောက် ပြီး ကျောင်းတက်ရတာမျိုး၊ သေနတ်သံ၊ ဗုံးသံတွေကို ညအိပ်ရာဝင်တေး အဖြစ်မှတ်ပြီး အိပ်စက်ရတာမျိုးတွေ မကြုံရပါစေနဲ့ တော့လို့ ခုခေတ် ကလေးတွေအတွက် နှစ်သစ်လက်ဆောင် အဖြစ် ဆုတောင်းပေးချင်ပါတယ်။

    ကျော်ကျော်ဗို (သရုပ်ဆောင်)

    2011-Kyaw-Kyaw-Boအနုပညာ လုပ်ငန်းတွေကိုပဲ ရှေ့တိုးပြီးဆက်လုပ်သွားမှာပါ။ နှစ်သစ်တနှစ်ဖြစ်တာကြောင့် စိတ်သစ်၊ လူသစ်နဲ့ အကောင်းတွေကို ဆက်လုပ်သွားမှာပါ။ ရှေ့တိုးပြီး အောင်မြင်အောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်ကို ကျနော့်အတွက် ပြောရမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ ပိုပြီးထိရောက်မှုရှိလာတယ်။ ပရိသတ်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှု ပိုကောင်း လာတယ်။ လုပ်ငန်းဆိုင်ရာတွေမှာလည်း ပိုပြီးအဆင်လာပါတယ်။

    ကာတွန်းအော်ပီကျယ်

    2011-Aw-Pi-Kyalကျနော်ကတော့ ၂၀၁၁ မှာ ၂၀၁၀ က အကြွေးတွေပဲ ကျေအောင် ဆက်လုပ်ရမှာပါ။ ထွေထွေထူးထူး လုပ်စရာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က အလုပ်တွေ ကျန်နေတာကြောင့် အဲဒါတွေကိုပဲ ဆက်လုပ်သွားမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ဘာမှ မထူးခြားခဲ့ဘူး လို့မြင်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလိုပဲ ထွေထွေထူးထူးပြောင်းလဲတာ မရှိခဲ့ဘူးလို့ မြင်တာပါပဲ။ လာမယ့် ၂၀၁၁ မှာလည်း ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလို့ ထင်ပါတယ်။

    မြစံပယ်ငုံ (မင်းသမီး၊ သီး ညီအစ်ကိုများ အငြိမ့်အဖွဲ့)

    2011-mee-theeလာမယ့် ၂၀၁၁ ဇန်နဝါရီလမှာ ဦးဇာဂနာရဲ့ မွေးနေ့ပွဲကို ကျမတို့ အဖွဲ့တွေ ကျင်းပပေး သွားဖို့ အစီအစဉ်ရှိတယ်။ အဲဒီကနေတဆင့် ကျမတို့ကို ဦးဇာဂနာ ဖြစ်စေချင်တဲ့ မြန်မာ့ရိုး ရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့သူတွေ ဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါ။ လာမယ့် ၂၀၁၁ မှာ ဘယ်လို အခက်အခဲတွေပဲ ကြုံရ ကြုံရ ကျမ တတ်နိုင်တဲ့ ဘက်ကနေ အတတ် နိုင်ဆုံး ကြိုးစားပြီး ပြည်သူချစ်တဲ့ အနုပညာသမား စစ်စစ်ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ နှစ်သစ်မှာ လူသားတိုင်း စိတ်ချမ်းသာမှု ရနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။ ။

    ကချင့်အရှေ့မြောက် အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

  • Monday, December 27, 2010
  • .
  • အကြောင်းအရာ >

  • နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများတွင် ရေခဲမှတ်အောက် ရောက်နေ ကာ လာမည့်လ ပထမပတ်အတွင်း အအေးလှိုင်း ဖြတ်သန်းဖွယ်ရှိကြောင်း ရန်ကုန်ရှိ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်းချက်အရ သိရသည်။ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ဆွမ်ပရာဘွန် မြို့တွင် ရေခဲမှတ်အောက် အေးနေရာမှ အင်အား အသင့်အတင့်ရှိ အအေးလှိုင်းတခု ဝင်လာနိုင်သည်ဟု ဦးထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

    “မြန်မာပြည် မြောက်ပိုင်းစွန်းလေး၊ ကချင်ပြည်နယ်
    weather

    photo :: www.tunlwin.com

    အရှေ့ မြောက် ထိပ်လေးလောက်မှာ ကျတယ်။ ရေခဲမှတ်ထိ ရောက်အောင် အေးနေတဲ့ အပူအချိန်ကို တွေ့ရပါတယ်။ ရေခဲမှတ်အောက် ရောက်နေကြတဲ့ အပူချိန်ကတော့ ကချင် ပြည်နယ် အရှေ့မြောက်ပိုင်းပါ။အင်အားအသင့် အတင့်ရှိတဲ့ အအေးလှိုင်း ဝင်ချင်တဲ့ သဘောပေါ့နော်“ ဟု ဒေါက်တာ ထွန်းလွင်က မဇ္ဈိမကို ပြောသည်။

    အအေးလှိုင်း စီးဆင်းမှုမှာ ဒေသတခုချင်းအတွက်ရှိ ပျမ်းမျှ အပူချိန်ထက် အပူချိန် လျော့နည်းလာခြင်းဖြစ်ပြီး ထိုအပူ ချိန်ထက် ၁၂ မှတ်အောက် ကျဆင်းပါက အပြင်းထန် ဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

    ယခင်က မြန်မာနိုင်ငံသို့ အအေးလှိုင်းဖြတ်သန်းရာတွင် အနောက်ဘက် အိန္ဒိယလေစီးကြောင်းနှင့် အရှေ့ဘက် တရုတ်လေစီးကြောင်းကသာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ယခုနှစ် ကချင်ပြည်နယ်အတွင်း အအေးပြင်းထန် လာမှုမှာ မြန်မာပြည်အပေါ်ဘက် ဟိမဝန္တာတောင်တန်းတွင် ဖြစ်ပေါ်သော လေစီးကြောင်းကြောင့် ဖြစ်ကြောင်း နှင့် ယခုလေစီးကြောင်းသည် ကချင်မြောက်ပိုင်း သာမက အချို့ဒေသများတွင်ပါ အအေးပိုလာနိုင်ရာရေခဲမှတ် အောက်အထိ ရောက်ရှိလာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက်ခန့်မှန်းသည်။ သူက စစ်ကိုင်းတိုင်းအထက် ပိုင်း ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း တွေဟာလောလောဆယ်မှာ ဒုတိယ အအေးဆုံးပါ။ ပထမ အအေးဆုံးက ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ရခိုင်ပြည်နယ်ရယ်၊ မန္တလေးရယ်၊ မကွေးရယ်၊ ရှမ်းတောင် ရယ်၊ ကယားရယ်၊ ပဲခူး၊ ဧရာဝတီလည်း ပါတယ်။ အဲဒါတွေက တတိယမြောက်ပေါ့“ ဟု ဆိုသည်။

    အအေးမြင့်မား မှုမှာ ယခင်နှစ်များထက် စောလျင်စွာ ဖြစ်ပေါ်နေပြီး ယခုထက် မြင့်မားလာပါက ကလေးနှင့် သက်ကြီးရွယ်အိုများအပေါ် အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

    http://mizzimaburmese.com/

    ပြည်တွင်း သတင်းသမားဆု ချီးမြှင့်မည်

  • .
  • အကြောင်းအရာ >
  • နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်တွင်း သတင်းထောက်များအတွက် ရည်ရွယ်ကာ မြန်မာ့စာနယ်ဇင်း ၅ ဆုကို စာရေးဆရာ ၃ ဦး ပါဝင်သည့် ၅ ဦးပါ စီစဉ်သူများက ရန်ကုန်တွင် ယခုလ ၃၁ ရက်နေ့၌ ချီးမြှင့်မည်ဟု ၎င်းတို့အဆိုအရ သိရသည်။

    awardpressသတင်းဂျာနယ်များ၌ တနှစ်တာ ဖော်ပြခဲ့သည့် သတင်း၊ အထွေထွေ သတင်းဆောင်းပါး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ သတင်းဆောင်းပါး၊ သတင်းဓာတ်ပုံနှင့် ကာတွန်းဆုဟူ၍ ၅ ဆု သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ သီရိရိပ်သာ၌ ချီးမြှင့်သွားမည်ဟု သိရခြင်း ဖြစ်သည်။

    “၁ဝ နှစ်တာ ကာလအတွင်း သတင်းဂျာနယ်တွေ ထွန်းကားလာတာနဲ့အမျှ သတင်းသမား လူငယ်တွေ များလာတယ်။ ကြိုးလည်း ကြိုးစားကြတယ်၊ အားလည်း ထုတ်ကြတယ်။ သူတို့တွေကို ဘယ်လိုအားပေးမလဲလို့ စဉ်းစားခဲ့ကြတယ်။လွန်ခဲ့တဲ့ ၃နှစ်ကတည်းက တိုင်ပင်ခဲ့ ရာက ခုမှ အကောင်အထည် ဖြစ်ခဲ့တာပါ” ဟု ဦးဆောင်သူတဦးဖြစ်သူ ဒီဇိုင်နာ ဦးစိုးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။ တဆုလျှင် ၅ မူးသား ရွှေပြားတခုစီပါ ချီးမြှင့်မည်ဟု ဆိုသည်။

    သူက ဆက်ပြီး “တချို့လူငယ်တွေက သူတို့ရတဲ့ အခကြေးငွေနဲ့က လုပ်ရတာနဲ့က တော်တော် ကွာဟနေတယ်။ အဲဒီအခြေအနေမှာ တချို့က စိတ်ဓာတ်ကျသွားတာ ရှိတယ်။ တချို့ကလည်း ဒူပေဒါပေခံပြီး ကျန်ခဲ့တာတွေ လည်း ရှိတယ်။ ဒီအခြေအနေမှာ သူတို့ကို အသိအမှတ်ပြုတဲ့ သဘောပါ” ဟု ပြောသည်။စီစဉ်သူများမှာ စာရေး ဆရာများဖြစ်သည့် ကျော်ရင်မြင့်၊ ရဲနိုင်မိုး၊ ညီပုလေး၊ ကာတွန်း အော်ပီကျယ်နှင့် စိုးဝင်းငြိမ်းတို့ ဖြစ်သည်။ ကာတွန်းဆုကို ဆရာအော်ပီကျယ်က ရွေးချယ်ကာ သတင်းဓာတ်ပုံဆုကို ဦးစိုးဝင်းငြိမ်းနှင့် ကျန် ၃ ဆုကိုမူ စာရေးဆရာ ၃ ဦးက ရွေးချယ်သွားမည်။

    “သတင်းကာတွန်း အစစ်ကတော့ ကျနော်တို့ဆီမှာ သိပ်ပြီး ရေးလို့ မရဘူးဗျ။ အဲဒီတော့ ကျနော်က လောလော ဆယ် သတင်းရင်ခုန်သံ ရှိတာပေါ့။ ဒီကာတွန်းဖတ်ပြီး ပြည်သူတွေ ရင်ထဲမှာ ပီတိဖြစ်တယ်လို့ ကြားတာလေး တွေ ရှိတယ်။ တနှစ်လုံး ကာတွန်း ဘယ်လောက် ဆွဲနိုင်ခဲ့လဲ၊ ပြည်သူ့ရင်ခုန်သံနဲ့ ဘယ်လောက် နီးစပ်သလဲ ဆိုတာတွေ ကြည့်ပြီး ရွေးချယ်ခဲ့တာပါ” ဟု ဆရာအော်ပီကျယ်က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံတွင် ပြန်ကြား ရေးဝန်ကြီးဋ္ဌာနမှ ချီးမြှင့်သော အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုအပြင် အခြား ပုဂ္ဂလိက မီဒီယာများ ကလည်း သုတ ရသ စာပေဆုများကို နှစ်စဉ် ချီးမြှင့်နေသော်လည်း သတင်းသမားများအတွက်မူ ယခုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    “သတင်းထောက်တွေအတွက် လုပ်သင့်တယ်လေ။ ဒီလိုမျိုး ဦးဆောင်ပြီး လုပ်မယ့်သူ မရှိတဲ့အချိန်မှာ ကိုရဲနိုင်မိုး တို့ ထလုပ်တာ အရမ်းမိုက်တယ်။ သတင်းထောက်တွေ အားလုံးကလည်း စိတ်ဝင်စားကြတယ်လေ။ တဖြည်း ဖြည်း သတင်းထောက် အင်အားစုတခု ရလာနိုင်တယ်” ဟု ရန်ကုန်ရှိ ဂျာနယ်သတင်းထောက် တဦးက ပြောဆိုသည်။

    ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည် ဖော်မည်

  • .
  • အကြောင်းအရာ >

  • ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီ အတွင်းရေးမှူး၏ ညီလာခံ မိန့်ခွန်း အတိုင်း ဘက်မလိုက် ကြားနေ၀ါဒ မူအတိုင်း ရပ်တည်သွားမည်ဖြစ်ပြီး ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။


    ၀ ပြည်နယ်အစိုးရ ဒုဥက္ကဌနှင့် ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်၏ UWSA ၏ရပ်တည်ချက် ၆ ချက် မိန့်ခွန်းမှာ -
    ၁။ ၀ ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရပ်တည်သွားမည်။
    ၂။ ၀ပြည်နယ်တွင် မိမိကိုယ်ပိုင်တပ်မတော်ရှိရမည်။ ၀ လက်နက် ၀ လက်တွင်းရှိရမည်။ ၀ ပြည်နယ်၌ ၀ လက်နက်ကိုင်တပ်မတော်သာရှိရမည်။
    ၃။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထွက်မည်မဟုတ်။
    ၄။ ဘယ်စိုးရပဲတက်တက် သီးခြား ၀ လွတ်လပ်ရေး တောင်းဆို/ ကြေငြာမည်မဟုတ်။
    ၅။ ဘယ်စိုးရပဲတက်တက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ ၀ ပြည်နယ်ရရှိရေးတောင်းဆိုသွားမည်။
    ၆။ ယခုတက်လာမည့် အရပ်သားအစိုးရနှင့် ၀ ပြည်နယ်အရေးဆွေးနွေးမည်။ ဘက်မလိုက် ကြားနေမူဝါဒကျင့်သုံးမည်။

    smlအဆိုပါပုဂ္ဂိုလ် ဆက်ပြောသည်မှာ “ နအဖစစ်အစိုးရက ၀ ပြည်တိုးတက်ဖို့သူ့မှာစေတနာရှိတာမဟုတ်ဘူး။ ဒီတော့ ကျနော် တို့ တိုးတက်ချင်ရင် ကျနော်တို့ကိုယ်တိုင် လုပ်မှဘဲရတော့မယ်။ တက်လာမယ့် အစိုးရသစ်နဲ့ ၀ အရေး သွားဆွေးနွေးမယ်။ စစ်အစိုးရလုပ်ငန်းစဉ်ထဲမှာလဲ မပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံထဲ မှာလဲ ၀င်မပါဘူး။ မိန့်ခွန်းထဲမှာပါတဲ့ အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူအတိုင်းရပ်တည်သွားမယ် ” - ဟု ဆို၏။

    ထို့အပြင် အခြားနိုင်ငံကို အားကိုးမည်မဟုတ်ဘဲ မိမိဘာသာရပ်တည်နိုင်ရေးကြိုးစားသွားမည်ဟု ဆို၏။
    “ ရေနံ ဂက်စ်ရောင်းရဖို့အရေး နအဖက တရားအားထုတ် နေရတယ်လေ။ တရုတ်ကလဲ သူမသာရင် သူမလုပ်ဘူး ဆိုတာ ကျနော် တို့ သိနေပြီးသားဘဲ။ တဖက်ကလဲ ကျနော်တို့ဟာ တရုတ်အတွက် အပေါက်ဖြစ်နေလို့ သူတို့ဖိအားမပေးပါဘူး” - ဟု ရှင်းပြ သည်။

    ၀ ပြည်ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်တာစီမံကိန်းအနက် ယခုအကောင်အထည်ဖော်နေသည်မှာ ၀ ပြည်အတွက် ရေအားလျှပ်စစ် ၂ နေရာတည်ဆောက်နေပြီး နအဖ ထိန်းချုပ်နယ်မြေ တန့်ယန်းမြို့အထိ ဖြန့်ဝေပေးနိုင်မည် ဟု ရေအားလျှပ်စစ်အင်္ဂျင်နီယာ တဦး ကပြောသည်။“ တခုက သံလွင်မြစ်နဲ့ နမ့်မားချောင်းဆုံမှာလုပ်တယ်။ ၈၀၀ မဂ္ဂါဝပ်အထိ အားရှိမယ်။ တန့်ယန်းအထိ ပေးနိုင်မယ်။ နောက်တခု က နမ့်မားချောင်းပေါ်မှာဘဲ။ ဒါက တော့ ၂၀၀ မဂ္ဂါဝပ်ဘဲပေးနိုင်မယ်။ ၀ ပညာရှင်နဲ့ တရုတ်ခွန်းမင်ဖွံ့ဖြိုးရေး ကုမ္မဏီက ပညာရှင် တွေ ပူးပေါင်း ပြီးလုပ်နေတယ်။ လာမယ့်နှစ်ဖွင့်ပွဲလုပ်နိုင်အောင် ကြိုးစားနေပါတယ်”- ဟု အဆိုပါ အင်္ဂျင်နီယာကပြောပြသည်။

    ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးအတွက် ၅၅ ကီလို မီတာရှည် ပန်ဝိုင်- မိုင်းမော ၂ လမ်းသွား ကွန်ကရစ် လမ်းတံတားကိုလည်း တည်ဆောက်နေရာ ၂၀၁၂ အပြီး စီမံကိန်းဖြစ်သည်ဟု အဆိုပါ ၀ အရာ ရှိက ဆက်လက်ပြောပြသည်။၁၀ ရက်ကြာ ကျင်းပသည့်အဆိုပါ ညီလာခံ တွင် ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီဝင် ၂၅၀၀ ကျော်တက်ရောက်သည်ဟု သိရသည်။

    Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်

  • .
  • အကြောင်းအရာ >

  • အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း နှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချခြင်းဖြင့် အခပေး ရုပ်သံလိုင်း ကြည့်ရှုမည့် ဖောက်သည် အသစ်များ ရှာဖွေ၍ စီးပွားရေး အားပြိုင်မှု ပြင်းထန်နေကြသည်။

    skynet_two

    ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပပြုလုပ်သော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်း မြှင့်တင်ရေး သရုပ်ဆောင် နေသည့် မြန်မာမော်ဒယ် လှပျိုဖြူ နှစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)

    ၂၀၀၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ဆွေမျိုးသားချင်းတချို့နှင့် ဦးဝင်းမော်၊ ဦးအေးကျော် အပါအ၀င် အပေါင်း အပါ များက မြန်မာ စာတန်းထိုး နိုင်ငံခြား ရုပ်ရှင်များ ပြသသည့် ဖျော်ဖြေရေး ရုပ်သံ လိုင်းနှင့် အားကစားလိုင်းများကို ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော အခပေး ရုပ်သံလိုင်း ဈေးကွက်ကို ဦးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှ စတင် ပြီး ရွှေသံလွင် ကုမ္ပဏီက Sky Net အမည် ဖြင့် အခပေးရုပ်သံလိုင်းများ ဈေးကွက်တွင်း ၀င်ရောက်လာခြင်းကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ဈေးကွက်အားပြိုင်မှုမှာ ပြင်းထန်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရွှေသံလွင် Sky Net က သူတို့ရဲ့ အခပေး ရုပ်သံလိုင်းတွေရဲ့ဈေးနှုန်းကို တ၀က်တိတိ လျှော့ပစ်လိုက်တယ်။ Forever Group က လည်း အခပေး ရုပ်သံလိုင်းတွေကို ဈေးတွေတ၀က်ကျော်ကျော် လျှော့ပစ်တယ်။ ဒီ ကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ကို ဈေးတွေလျှော့ရောင်း နေကြတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။ရွှေသံလွင်ကုမ္ပဏီ၏ Sky Net အခပေးရုပ်သံလိုင်း ၃၈ လိုင်းကြည့်ရှုရန် ရုပ်သံလိုင်း
    ဖမ်းစက် တန်ဖိုး၏ ပုံမှန်ကုန်ကျစရိတ်မှာ၆၈၀၀၀ကျပ် ဖြစ်သော်လည်း ၅၀ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၃၄၀၀၀ ကျပ်၊ ရုပ်သံလိုင်းနှစ်စဉ်ကြေးအတွက် တလလျှင် ၁၈၀၀၀ ကျပ်နှုန်း ဖြင့် တနှစ်စာ ၂၁၆၀၀၀ ကျပ်ကျသင့်မည် ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၁၀၈၀၀၀ ကျပ်အထိ ဈေးနှုန်းများ လျှော့ချ ပေးထားကြောင်း သိရှိရသည်။

    Forever Group ကုမ္ပဏီကလည်း MRTV 4 နှင့် နိုင်ငံတကာ ရုပ်သံလိုင်းများ ပါဝင်သည့် အခပေးရုပ်သံဖမ်း စက် နှင့် 5 Movie ၊5 Series နှင့် Star Sports ဖမ်းယူနိုင်သော ရုပ်သံဖမ်းစက် ဟူ၍ နှစ်မျိုးခွဲခြားပြီး ဈေးနှုန်များ လျှော့ချရောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
    YANGON_EXPO_2010_SKY_NET400

    ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိကျင်းပသောYANGON EXPO 2010တွင်SKY NET အခပေး ရုပ်သံလိုင်း အရောင်းမြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် တဦး

    (ဓာတ်ပုံ - ဧရာဝတီ)



    “MRTV 4 နဲ့ နိုင်ငံတကာလိုင်းတွေ ဖမ်းနိုင် တဲ့ ရုပ်သံဖမ်းစက်နဲ့ တနှစ်စာ ရုပ်သံလိုင်း ကြည့်ရှုခွင့်အတွက် ၆၀၀၀၀ ကျပ်ပါ။ 5 Movie ၊ 5 Series နဲ့ 5 Sports ရုပ်သံလိုင်း ဖမ်းစက် ၆၂၀၀၀ ကျပ်။ အဲဒီအထဲမှာ သုံးလ အခပေး ရုပ်သံလိုင်း ကြည့်ခွင့် ပါတယ်” ဟု Forever Group ကုမ္ပဏီ မှ အရောင်း ကိုယ်စားလှယ် တဦးက ပြောသည်။

    ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးကမူ လက်ရှိ Sky Net ရုပ်သံလိုင်းများ လျှော့ဈေး ဖြင့် ရောင်းချခြင်းမှာ ကုမ္ပဏီအတွက် အရှုံးပေါ်စေကြောင်း၊ သို့သော်လည်း ဈေးကွက်ရရှိရေးကိုသာ အာရုံထားနေ သည့်အတွက် အရှုံးခံ ရောင်းချနေခြင်း ဖြစ်ကြောင်း ရှင်းပြ သည်။

    “Sky Net က အခပေး ရုပ်သံလိုင်း ၀န်ဆောင်မှုအပါအ၀င် ၀န်ဆောင်မှု သုံးမျိုးလုပ်နေတယ်။ ပထမ က DTH လို့ခေါ်တဲ့ Direct To Home စနစ်နဲ့ အခပေးရုပ်သံလိုင်း ရောင်းတာ။ ဒုတိယ က MPS လို့ခေါ်တဲ့ Multi-play Services စနစ်နဲ့ ရုပ်သံလိုင်း၊ အင်တာ နက်၊ ဖုန်းလိုင်း ၀န်ဆောင်မှု ပေးတာ။ တတိယ က FTTX လို့ခေါ်တဲ့ ဖိုက်ဘာဆက်ကြောင်းနဲ့ ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက် ၀န်ဆောင်မှု ပေးတာပါ။ လောလောဆယ်တော့ ရုပ်သံလိုင်းဝန်ဆောင်မှု တခုပဲ ရောင်းနိုင်သေးတယ်။ ကျန်တဲ့ အင်တာနက်၊ ဖုန်း၊ရုပ်သံလိုင်း သုံးမျိုးပေါင်း ၀န်ဆောင်မှုက ၂၀၁၁ ခုနှစ်ထဲမှာ စရောင်းမယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။


    ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့က ရောင်းချသော အခပေးရုပ်သံလိုင်းများတွင် CNN ကဲ့သို့သော နိုင်ငံတကာ သတင်း ရုပ်သံ လိုင်းများပါဝင်သော်လည်း သတင်းများမှာ တိုက်ရိုက်ကြည့်ရှုရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် စစ်အစိုးရအကြောင်းပါသောသတင်းများကို ဖြုတ်ပယ် ဆင်ဆာတည်းဖြတ်ပြီးမှ ကြည့်ရှုခွင့်ပြုခြင်း ဖြစ်ကြောင်း သိရှိရသည်။ရုပ်သံလိုင်း ဈေးကွက်တွင် ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့ အားပြိုင်နေချိန် အမှန်တကယ်ဈေးကွက်ကို ဦးဆောင်နေသူ မှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀င်ရောက်နေသော ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းများဖြစ်ကြောင်း ရန်ကုန်မြို့ရှိအီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များက ပြောသည်။

    “အဓိက ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ရုပ်သံလိုင်းနဲ့ ပြည်ပမြန်မာသတင်းမီဒီယာတွေကို ကြည့်ချင်လို့ ရှစ်ပေစလောင်း တပ် တာ များတယ်။ အချို့တွေက အယ်ဂျာဇီးယားနဲ့ စင်ကာပူ စီအင်အေလို နိုင်ငံတကာ သတင်းလိုင်း တွေကြည့်ချင်ကြတယ်။ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ရှစ်ပေစလောင်းတပ်တဲ့ သူ တော်တော်များလာတယ်”ဟု ရန်ကုန်မြို့မှ ရှစ်ပေ စလောင်း ရောင်းချသူ အီလက်ထရွန်နစ် အရောင်းဆိုင် ပိုင်ရှင် တဦးက ရှင်းပြသည်။ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းဖမ်းစက် တခုလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး ကုန်ကျပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းများကဲ့သို့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးရန် မလိုသောကြောင့် လူကြိုက်များကြောင်း သိရှိရသည်။

    “5 Movie ၊ 5 Series နဲ့ Star Sports ရုပ်သံလိုင်းတွေဆိုရင် တလရုပ်သံလိုင်းကြေး ကျပ် ၁၁၀၀၀ ပေးရတယ်။ ရှစ်ပေစလောင်း က တော့ တခါပဲကုန်တယ်။ နိုင်ငံတကာ သတင်းတွေ လွတ်လွတ်လပ်လပ် ကြည့်ရတယ်။ မြန်မာ့နိုင်ငံရေးသတင်းတွေ စုံစုံလင်လင် သိရ၊ မြင်ရတယ်”ဟု ရန်ကုန် လသာမြို့နယ်မှ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV4 ၊ International Myanmar ဟူသော စစ်အစိုးရပိုင် ရုပ်သံ လိုင်း လေးခုရှိပြီး အများစုမှာ အစိုးရ၏ ၀ါဒဖြန့်သတင်း နှင့် အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည်။

    http://www.irrawaddy.org/bur/

    KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

  • .
  • အကြောင်းအရာ >

  • ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။

    KNPP400“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြော လို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ် တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော် တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။

    တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်း ရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကို မှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။

    သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ် တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။ နအဖ စစ်အစိုးရ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဘော်လခဲမြို့နယ် ရွာသစ် အနီးရှိ သံလွင်မြစ်ပေါ်တွင် တည်
    ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။

    ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင် လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ “အနီးအနားမှာ ရှိတဲ့ ဒေသတွေမှာ လည်း ရေလွှမ်းမိုးနိုင်ဖွယ် ရှိတယ်၊ ဒါ့အပြင်ကို ကျနော်တို့ သားရဲ တိရစ္ဆာန်တွေ သေဆုံး ပျက်စီး နိုင်တဲ့ အခြေ အနေတွေရှိတယ် ဆိုတော့ ဆုံးရှုံးမှုတွေ ပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။
    အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင်ရှိသော ပွန်ချောင်း တံတား အနီးတွင် KNPP တပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။

    KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။ ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည် သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

    http://www.irrawaddy.org/bur/

    ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

  • .
  • အကြောင်းအရာ >
  • ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။


    တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာစစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင်သတင်းဌာန

    တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာ စစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင် သတင်းဌာန

    ဧရာဝတီမြစ်၏ တဖက်တချက်ရှိ မြစ်ကြီးနား နှင့် ၀ိုင်းမော် မြို့နှစ်မြို့ကို ဆက်သွယ်ပေးသည့် ဗလမင်းထင်တံတား တွင် ပြီးခဲ့သည့် အပတ်မှစ၍ ညနေ ၆နာရီမှ မနက် ၆နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။
    “ဒေသခံ ပြည်သူတွေက ခက်ပြီလေ။ ၆နာရီပိတ်တာ ဆိုတော့ ၆နာရီအတောအတွင်းဝင်လာရမယ်။ အဲထက် နောက်ကျရင်တော့ ဝိုင်းမော်မြို့မှာ အိပ်လိုက်ရတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။ယခုလို ညသွားလာခွင့် ပိတ်ပင်လိုက်သည်မှာ လာမည့် နှစ်သစ် ဇန်န၀ါရီ ၇ ရက်မှ ၁၁ ရက်ထိ “၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” အား မြစ်ကြီးနားတွင် ကျင်းပမည် ဖြစ်သောကြောင့် မြို့တွင်းလုံခြုံရေး တင်းကြပ်လာခြင်း ဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောပါသည်။

    နှစ်စဉ်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကျင်းပချိန်ရောက်တိုင်း မြို့တွင်း လူအဝင်အထွက် စစ်ဆေးမှု များတင်းကြပ်ပြီး မနောပွဲကျင်းပသည့် စီတာပူ မနောကွင်းအထဲတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာချ ထားလျက်ရှိသည်။မြစ်ကြီးနားမြို့တွင် ကျောင်းတက်နေသည့် ဝိုင်းမော်တစ်ဖက်ကမ်းမှ ကျောင်းသူကျောင်းသား များက အိမ်ပြန်နောက်ကျမည် စိုးရိမ်သဖြစ် ၎င်းတို့၏ ညကျူရှင်ချိန် ရွှေ့လိုက်ရကြောင်းကိုလည်း ဝိုင်းမော် ဒေသခံတစ်ဦးမှ ပြောသည်။

    တဖက်မှာလဲ ယခုလို တံတား ဖြတ်သန်းခွင့် အချိန်ကန့်သတ်လိုက်ခြင်းပေါ် ဝိုင်းမော်မြို့နယ် ဒေသခံတစ်ဦးမှ “စစ်အစိုးရနှင့် ဆိုင်တဲ့လူတွေ၊ရေအားလျှပ်စစ်ကားတွေဖြတ်ဖို့နေမှာ။အဲကားမှာဘာတွေ သယ်သွား၊ သယ်လာ လုပ်တယ် ဆိုတာ မသိခိုင်းစေတာကြောင့် ဖြစ်မယ်။” ဟုလည်း ထင်မြင်ချက်ပြောသည်။ တရုတ်နယ်စပ်မှ မြစ်ကြီးနားသို့ ဝင်ရန် တစ်ခုတည်းသာရှိသည့် ဗလမင်းထင်တံတား မုဒ်ဝ၌လည်း ဖြတ်သန်း သွားလာနေသည့် ဒေသခံ၊ ခရီးသွားများအား စစ်အာဏာပိုင်များမှ ပုံမှန်မေးမြန်းစစ်ဆေးနေသည်မှာ ယခုချိန် ပိုပြီးတင်းကြပ်လာ ကြောင်း ဒေသခံများပြောသည်။

    ကေအဲန်ယူ၏ စောင့်ကြို တိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

  • .
  • အကြောင်းအရာ >
  • လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။


    Young-KNLAနအဖ ခလရ (၁၀၆) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့ လက်နက်ကြီး တပ်ဆင် ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများ သို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်း တက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြို တိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်း က နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။

    အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။


    DSCN3040-1အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်း ကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက် တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီး နှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

    ၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။

    နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

    ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ် ဆုံးရှုံးနေ

  • Saturday, December 25, 2010
  • .
  • အကြောင်းအရာ >
  • ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် အတွင်းရှိ ရမ်းဗြဲကျွန်း ပတ်ပတ်လည်တွင် တည်ရှိသော ကျွန်းငယ်များနှင့် ကျေးရွာများမှ လယ်မြေများကို ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံ လယ်သမားများက လက်လွှတ် ဆုံးရှုံး နေကြရကြောင်း လယ်သမားများက ပြောသည်။

    မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း

    မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း

    ကျောက်ဖြူ အနောက်ဘက် ၈ မိုင်ခန့်တွင်ရှိသည့် မဒေးကျွန်း၌ နိုင်ငံတကာ အဆင့်မီ ရေနံတင် ဆိပ်ကမ်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ဆိပ်ကမ်း အတွက် လိုအပ်သော မြေများကို နိုင်ငံခြား ကုမ္ပဏီများက ဒေသခံ အာဏာပိုင်များနှင့် ပူပေါင်းကာ မရောင်းမနေရ ၀ယ်ယူနေသဖြင့် လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှုံးနေကြရခြင်း ဖြစ်သည်။

    အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက “ ဘိုးဘွားပိုင် ကိုယ့်လယ်မြေကို ဘယ်လောက်ဈေးဘဲရရ ဘယ်သူမှ မရောင်းချင်ကြပါဘူး။ မရောင်းရင် မရဆိုတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် ရောင်းရတာပါဘဲ။ အခု လယ်သမားတွေ ကျွန်တော်တို့ မဒေးကျွန်းပေါ်မှာ တော်တော်များများ လယ်မြေတွေ မရှိကြတော့ပါဘူး” ဟု ပြောသည်။

    မဒေးကျွန်းပေါ်တွင် ဒေ၀ူးကုမ္ပဏီနှင့် တရုတ် အင်ဂျင်နီယာများမှ ရေနက်ဆိပ်ကမ်းနှင့် ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်နေပြီး ဒေသခံပြည်သူများ အနေဖြင့် လယ်ဧက ၁၀၀ နီးပါးခန့် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
    “နိုင်ငံခြားကုမ္ပဏီတွေကက တဧကကို လက်ရှိ ပေါက်ဈေးအတိုင်း ကျပ် ၈ သိန်းပေးပေမယ့် သက်ဆိုင်ရာ စစ်တပ်တို့ ရယကတွေက တခါ ကြားကဖြတ်ယူတဲ့ အတွက် တ၀က်လောက်ဘဲ ရပါတယ်။ သူတို့ကို မပေးရင် အမျိုးမျိုး အကြောင်းပြပြီး အနိုင်ကျင့်မှာကို စိုးတဲ့ အတွက် သူတို့ပေးတဲ့ အတိုင်း ယူနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

    ၎င်းပြင် ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန် ကျေးရွာနှင့် ၇ မိုင်အကွာ မရကျွန်းကျေးရွာတွင်လည်း ဓါတ်ငွေ သန့်စင်စက်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေများကို အာဏာပိုင်များက လျော်ကြေးပေးပြီး သိမ်းယူခဲ့ကြောင်း သိရသည်။
    ကျောက်ဖြူ အမှတ် (၁)  ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း

    ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း

    “လယ်ယာမြေတွေကို စက်မူလုပ်ငန်းအတွက် ကျရောက်တဲ့ နေရာ ပါဝင်ရင် ရောင်းပေးလိုက်ကြရပါတယ်။ ဖယ်ပေးလိုက်ကြရတယ်။ ဖယ်ပေးလိုက်ရတဲ့ လယ်မြေတွေကို ဘယ်နေရာမှာမှ အစားထိုးမပေးနိုင်တော့ လယ်သမားတွေ လယ်ယာမြေတွေကို လက်လွှတ်ဆုံးရှုံးသွားကြရတာပေါ့။ အခုဆိုရင် လယ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန် ကြရပါပြီ ” ဟု ကျောက်ဖြူမှ လူကြီး တစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့တွင်လည်း ပြည်သူများ အပန်းဖြေအနားယူစရာနေရာများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ငွေကြေး ချမ်းသာသူများက အပိုင်သိမ်းပြီး အဆောက်အဦးများ ဆောက်လုပ်နေသဖြင့် အများပိုင် အပန်းဖြေစရာ မြေကွက်လပ်များမကျန်တော့ကြောင်း သိရှိရသည်။

    ကျောက်ဖြူနှင့် စေတီယျ ကျေးရွာအကြားတွင် တည်ရှိသော လေယျာဉ်ကွင်း မြောက်ဘက်တွင် ကျောက်ဖြူမြို့ ခံများ အပန်းဖြေ အလှကြည့်ရာ နေရာများမှာ ယခုအခါ မကျန်ရှိတော့ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။ယခု အခါ ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို လွန်ခဲ့သည့်လ အနည်းငယ်ကစပြီး အသစ်ပြင် ဆင် တည်ဆောက်နေရာ အဆိုပါ တံတား အနီးရှိ ဆိုင်ခန်း အများအပြားကိုလည်း ပြည်သူများက ဖယ်ပေးလိုက်ရကြောင်း သိရသည်။

    မြန်မာနိုင်ငံမှာ နျူကလီးယား ထုတ်နိုင်တဲ့ အလား၊ အလာရှိလား နှင့် U.S.A ကေဘယ်လ် အစိုးရ

  • .
  • အကြောင်းအရာ >

  • လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်၂၀၀၃ခုနှစ်က BBC 4 ကလွှင့်ခဲ့တဲ့ ရုပ်/သံ

  • .
  • အကြောင်းအရာ >


  • ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က 2003 ခုနှစ်က BBC 4 ကလွှင့်ခဲ့တဲ့ အစီအစဉ်လေးပါ ။မိနစ် ၃၀ ကြာ အစီအစဉ် ဖြစ်ပြီး သူမရဲ့ နိုင်ငံရေးအမြင်များကိုလည်း သုံးသတ်တင်ပြထားပါတယ်။ ဒီထဲမှာ သူမရဲ့ စီးပွားရေး၊ နိုင်ငံရေး အကြမ်းမဖက်လှုပ်ရှားရေးတွေ ရှင်းပြထားပါတယ်။


    http://www.dawnmanhon.com/

    ကရင်ပြည်နယ်တွင် ကုန်တင်ကားများ ချောဆွဲနေ

  • .
  • အကြောင်းအရာ >

  • ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်အစိုးရက ကားချောဆွဲမှုများ ရှိသဖြင့် အဝေးပြေးလမ်းမကြီးတွင် ပြေးဆွဲနေသော ကုန်တင်ကား ပိုင်ရှင်နှင့် ကားသမားများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ နအဖတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၅) မှ တပ်ဖွဲ့ဝင်များ ကရင်ပြည် နယ်ရှိ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ ကားချောဆွဲခြင်းကို စိုးရိမ်နေခြင်း ဖြစ်သည်။“ကားချောဆွဲတာက မလုပ်တာ ကြာပြီဆိုပေမယ့် အခုတော့ ပြန်ပေါ်လာပြီး ကရင်ပြည် နယ်က ကုန်တင်ကားတွေ အ၀င်နည်းလာတယ်” ဟု ရန်ကုန်မြို့ ဘုရင့်နောင် အခြေစိုက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။

    နိုင်ငံတော်က လိုအပ်လာပါက သယ်ယူပို့ဆောင်ပေးရန်ဟူသော အချက်ကို သက်ဆိုင်ရာမြို့နယ် ယာဉ်ကြီး၊ ယာဉ်ငယ် အသင်းနှင့် ကားပိုင်ရှင်များက သဘောတူထားရကြောင်း သိရသည်။ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စစ်တပ်အရာရှိများက လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများကို လမ်းဆုံများ၊ တံတားများ တွင် ရပ်တန့်စေပြီး ချောဆွဲလေ့ရှိကြောင်းလည်း ကားမောင်းသမားများက ဆိုသည်။ ချောအဆွဲခံရဖူးသော ကုန်တင် ကားမောင်းသမားတဦးက“စစ်တပ်အတွက် ချောပို့ပေးတယ်ဆိုတာ ဘာမှမရဘူး၊ စစ်တပ်က ကားတန်းနဲ့အတူ သွားလို့ ကံမကောင်းရင် တိုက်ပွဲနဲ့ ရင်ဆိုင်ရတတ်တယ်” ဟု ပြောသည်။

    ချောဆွဲရာတွင်လည်း သွားရောက်ရမည့် ခရီးအတွက် စက်သုံးဆီကို အလုံအလောက် ထုတ်မပေးသည့်အပြင် တပ်သားများ၏ ရိုင်းစိုင်းစွာ ဆက်ဆံမှုကိုလည်း ခံရကြောင်း ၎င်းက ဆိုသည်။ ဘားအံနှင့် ရန်ကုန်သို့ ကုန်တင် ကား တစီးသည် တလလျှင် ၅ ခေါက်ခန့် အစုန်အဆန် ပြေးဆွဲနေကြောင်း၊ ကားမောင်းသမားတဦးကို ခရီးစဉ် တခေါက်လျှင် စရိတ်ငြိမ်း ကျပ် ၅ သောင်း၊ ယာဉ်နောက်လိုက်မှာ ၃ သောင်းခန့် ရရှိကြောင်း သိရသည်။
    စစ်အစိုးရက ကားများကို ချောဆွဲသည့်အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ရိက္ခာသယ်ပို့ခိုင်းရန် ဒေသခံပြည် သူများကိုလည်း ပေါ်တာဆွဲနေကြောင်း သိရသည်။

    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ၀န်းထော၊ ကြာအင်း၊ ၀ါးခုတ်တော စသည့် ကျေးရွာမှ ဒေသခံများကို စစ်အစိုး ရတပ်နှင့် နယ်ခြားစောင့်တပ် လက်ခံထားသော DKBA ပူးပေါင်းတပ်များက မာနယ်ပလောဒေသသို့ ရိက္ခာပို့ရန် ပေါ်တာဆွဲနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက မကြာသေး ခင်ရက်ပိုင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။ပေါ်တာဆွဲနေသောတပ်ရင်းမှာနအဖ၏ ခြေမြန်တပ် ရင်း (ခမရ) ၆၁ နှင့် ဗိုလ်ဘိ ဦးဆောင်သော နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ (၅) တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

    http://www.irrawaddymedia.com/bur/

    ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီး

  • .
  • အကြောင်းအရာ >

  • ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက် ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက် သောကြောင့် ဈေးသူ ဈေးသားများ ယမန်နေ့က ကန့်ကွက်ဆန္ဒပြရာ ၅ ဦးအဖမ်းခံရကြောင်း သတင်းရရှိသည်။

    Thiri-Mingalar

    ယခုနှစ် နိုဝင်ဘာလ အစောပိုင်းက တွေ့ရသော သီရိမင်္ဂလာဈေး။ (ဓာတ်ပုံ - Popular News)

    သီရိမင်္ဂလာ ဈေးဟောင်းမှ ဆိုင်ခန်းပေါင်း ၁၀၀၀ ခန့်အား နေရာသစ်တွင် ဆိုင်ခန်းသစ် ချမပေးနိုင်ဘဲ အမိုးအကာ မရှိသည့် ကွင်းပြင်ထဲတွင် ရောင်းချခိုင်း သောကြောင့် ဈေးသူဈေးသားများက မရောင်းချနိုင်ဟု ဆန္ဒပြခြင်း ဖြစ်ကြောင်း ကုန်စိမ်းဒိုင်တဦးက ပြောသည်။

    “ဒီအတိုင်း ဆိုရင်တော့ မရောင်းနိုင်ဘူး။ အမိုးအကာမရှိဘူး။ ပိုက်ဆံလည်း သွင်းထား ပြီးသား။အဲဒါကို မတရားလုပ်တာ။ သည်းမခံ နိုင်တော့ဘူး။ ဒီနေ့ ဖွင့်ပွဲရှိတော့ လူကြီးလာ တဲ့အထိ စောင့်ပြောမယ် ဆိုပြီး ဈေးသားတွေ သွားစောင့်နေတာ”ဟုဆိုင်ခန်း နေရာ ပြန်လည်မရရှိသူ ကုန်စိမ်းဒိုင်တဦးက ပြောသည်။

    လက်ရှိ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ခန့်အတွက်သာ နေရာရှိပြီး သီရိမင်္ဂလာ ဈေးဟောင်းမှ ပြောင်းရွှေ့ ရသော ဈေးဆိုင်ခန်းပေါင်းမှာ ၃၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။ဆိုင်ခန်းအားလုံး အတွက် နေရာပေးနိုင်ခြင်း မရှိသောကြောင့် ဈေးအနောက်ဘက် အမိုးအကာမရှိသော မြေကွက်လပ်တွင် ဈေးရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။“ကျမတို့ ဒီကွင်းထဲမှာ အမိုးအကာမရှိဘဲ ဘယ်လို ဈေးရောင်းရမလဲ။ ဒါပေမယ့် ကွင်းထဲမှာပဲ ရောင်း ခိုင်းတယ်။ ဘယ်တော့ ဆိုင်နေရာ ဆောက်ပေးမယ်ဆိုတာလည်း မပြောနိုင်ဘူး။ မတရားသိပ်လုပ်ကြတယ်” ဟု ကုန်စိမ်းလက်ခွဲဒိုင်တဦးက ပြောသည်။

    ဈေးရုံအတွင်း ယနေ့ဖွင့်ပွဲကျင်းပရာသို့ လာရောက်မည့် တာဝန်ရှိသူအား ပြောကြားမည်ဟုဆိုကာ မထတမ်း ဆန္ဒပြနေသူများထဲမှ ၅ဦးအား လှိုင်မြို့နယ် ရဲများက နေ့လည် ၁နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ထုတ်သွား ကြောင်း၊ထို့နောက် လုံထိန်းများ၊ရဲများ ထပ်မံရောက်ရှိလာပြီး ဈေးဝန်းအတွင်းမှဈေးသူဈေးသားများနှင့်ဈေးဝယ် များကို မောင်းထုတ်ကာ ဈေးအတွင်း လုံခြုံရေးချထားကြောင်း သိရှိရသည်။သီရိမင်္ဂလာဈေးဟောင်းမှ ဈေး နေရာသစ်သို့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အပြီးပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဈေးသစ်တည်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ညနေ ၃ နာရီဝန်းကျင်တွင် ဈေးဖွင့်ပွဲပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုန်စည်ဒိုင်ကြီး တချို့သာ လျှင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ “၂ နာရီကတည်းက ဈေးထဲကလူတွေ အကုန်မောင်းထုတ်လိုက်တာ။ အားလုံးကိုလည်း ပြောတယ်။ ဒီကိစ္စကို ထပ်ပြောတဲ့သူ ငွေဒဏ်အပြင် ထောင်ဒဏ် ၆ လလို့လည်း ပြောလိုက် တယ်” ဟု ကုန်စိမ်းဒိုင်ပိုင်ရှင်တဦးက ပြောသည်။ သီရိမင်္ဂလာဈေးသည် အများအားဖြင့် ၂၄ ရီ လည်ပတ်နေ သော ဈေးကြီး တခုဖြစ်ပြီး ရန်ကုန်မြို့အတွက် ကုန်စိမ်းများ၊ ရာသီစာ သီးနှံများ၊ ပန်းများ၊ ကုန်ခြောက်များ လက်လီလက်ကား အဓိက ဖြန့်ဖြူးရာ ဈေးကြီးတခုဖြစ်သည်။

    http://www.irrawaddymedia.com/bur/

    စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

  • .
  • အကြောင်းအရာ >

  • နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။

    dkba-dec-25-10-02

    ယာယီ ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည်တဦးကို ဆေးစစ်ပေးနေစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)

    စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေ ဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင် ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများ ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

    ဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသူ တဦးက “ဝေါ်လေရွာရဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးဆီမှာ ဦးနှောက်အမှေးရောင် ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ အတွက် ဒီကူးစက်ရောဂါပိုးဟာ မြန်မာ ဒုက္ခသည် တွေ ဆီက ကူးတာဖြစ်နိုင်တယ်ဆိုပြီး ဒီနေ့လယ်မှာ ဒုက္ခသည်တွေကို ထိုင်း ကျန်းမာရေးဌာနက ဆေးလာစစ်နေတယ်။ ထိုင်း ရွာခံတွေကတော့ ဒုက္ခသည်တွေဆီက လာတာဆိုပြီးတော့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အာဏာပိုင်တွေကို ပြောဆိုနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

    ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ဆူထင်း ဆ၀ါနစင်၏ ညီမဖြစ်သူက “ဘယ်ကစ ပြီး ကူးတာကိုတော့ စစ်နေတုန်းပဲ။ ဒီစစ်ပြေး ဒုက္ခသည်တွေ ကျမတို့ရွာမှာ လာနေကြတာ ၂ လရှိတော့မယ်။ အဲလိုကာလ ကြာရှည်လာတဲ့ အပေါ်မှာ ရွာသားတွကလည်း သူတို့ကို ပြန်စေချင်တဲ့ ဆန္ဒတွေရှိကြတယ်” ဟု ပြောသည်။ နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့က ဒုက္ခသည်အားလုံးကို ဆေးစစ်ရာတွင် မည်သည့် ရောဂါ လက္ခဏာမျှ မတွေ့ရကြောင်း သိရသည်။

    ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ပေးထားသည့် ယာယီ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ၂၃၃ ဦး ရှိပြီး တင်းကျပ်ထား သည့် စည်းကမ်းချက်များကြောင့် စခန်းထဲသို့ မ၀င်ဘဲ နယ်စပ်တွင် မိမိအစီအစဉ်နှင့် ခိုလှုံနေသူ မြန်မာစစ်ပြေး ဒုက္ခသည် ၃၀၀ ခန့်ရှိသေးကြောင်း NGO အဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။ ထိုင်း လယ်ပိုင်ရှင်တဦးက “ထိုင်းဘက်ကတော့ မြန်မာဘက်မှာ ဘာတိုက်ပွဲတွေမှ မဖြစ်စေချင်ဘူး။ ထိုင်း စိုက်ပျိုးရေး လုပ်ငန်းရှင် အများစု က ဝေါ်လေမြိုင်ဒေသမှာ လယ်ယာမြေတွေငှားပြီး ကောက်ပဲသီးနှံတွေ သွားစိုက်ပျိုးကြတယ်။ ပြီးရင် အဲဒီ ထွက်ကုန်တွေကို ထိုင်းဘက် ပြန်တင်သွင်းကြတဲ့လုပ်ငန်းက အကျိုးအမြတ် အတော်လေးရှိတဲ့အတွက် မြန်မာဘက်မှာ အေးအေး ဆေးဆေးဖြစ်ဖို့ ထိုင်းဖက်က ဆန္ဒရှိကြတယ်” ဟု ဆိုသည်။ သို့သော် DKBA နှင့် နအဖတပ်များ ယမန့်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

    dkba-dec-25-10-01

    တိုက်ပွဲဖြစ်ပွားရာ တကော်ကျိုး တောင်ကုန်းမှ DKBA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ - ဧရာဝတီ)

    မြ၀တီခရိုင် ဖလူးဒေသတွင် DKBA နှင့် နအဖ ခြေလျင်တပ်ရင်းများ ယမန်နေ့ နံနက် ၆ နာရီကျော်မှ မွန်းလွဲ ၁ နာရီအထိဖြစ်ပွားခဲ့ သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်သောကြောင့် မဲဆောက်ဆေးရုံကြီးသို့ရောက်ရှိလာကြောင်း ၊ ဆေးကုသမှုကိစ္စများကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ယူပေး ထားကြောင်း သိရသည်။

    ဖလူးလေးရွာရှိ စစ်ရေးအရ ဗျူဟာကျသည့် တောင်ကုန်းကို DKBA အဖွဲ့မှ သိမ်းယူရန် တက်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

    ယင်းတိုက်ပွဲတွင် ဖလူးဒေသအခြေစိုက် နအဖ ခြေလျင်တပ်ရင်း (၂၃၀)၊ ခြေမြန်တပ်ရင်း (၅၄၇)၊ (၃၅၆) တို့နှင့် DKBA ကလိုထူးဘော ဗျူဟာ (၁) တပ်ဖွဲ့တို့အကြား ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း DKBA မှ ဗိုလ်မှူးကြီး ကျော်သက်က ပြောသည်။၎င်းက “ဒီနေ့ဖြစ်တာက တကော်ကျိုး တောင်မှာ။ တိုက်ပွဲက ၇ နာရီနီးပါးကြာတယ်။နအဖဘက်ကနေ လက်နက်ကြီးနဲ့ပစ်တာ အလုံး၃၀ဆယ်လောက် ရှိမယ်။ ဖလူးလေးရွာထဲကို ကျတာလည်း မနည်းဘူး။ ရွာသားတချို့ ဒဏ်ရာရတယ် လို့သိရတယ်” ဟု ပြော သည်။

    ထိုင်းနယ်ခြားစောင့် တပ်မှူးတဦးက “မြ၀တီ ဖလူးဒေသမှာရှိတဲ့ မဟာဗျူဟာကျတဲ့ တောင်ကုန်းအများစုကို မြန်မာစစ်တပ်က အခိုင်အမာတပ်စွဲပြီး ထိန်းချုပ်ထားတဲ့အတွက် ဒီတောင်ကုန်းတွေကို တက်သိမ်းဖို့ဆိုရင်တော့ သိပ်တော့မလွယ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

    http://www.irrawaddymedia.com/bur/

    “ နှင်းဆီ ရင်ခွင်အငြိမ့် ”... စ / ဆုံး

  • Thursday, December 23, 2010
  • .
  • အကြောင်းအရာ >


  • “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၁ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၂ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၃ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၄ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၅ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၆ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၇ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၈ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၉ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၁၀ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၁၁ )



    “ နှင်းဆီ ရင်ခွင် အငြိမ့် ”... အပိုင်း ( ၁၂ )

    မကြည့်ရသေးတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်တာပါ။ဒီအငြိမ့်မှာ အသုံးပြုသွားတဲ့စကားလုံး များက ၂၁ -ရာစု မြန်မာ့နိုင်ငံရေး အခြေအနေများကို အထင်းသား ထင်ဟတ် ပေါ်လွင်စေတဲ့အတွက်
    ကြည့်ရှု့ စေချင်တဲ့ ဆန္ဒနဲ့ တင်ပေးလိုက်တာပါ။ ဒီ ဗွီဒီယို ဖိုင်လေးများကို ၀င်ရောက်ကြည့်ရှု့  သူများ နဲ့ 
    ကျနော် “ စူနာမီ လှိုင်း ” တို့ ခံစားချက် ခံယူချက်တွေ တိုက်ဆိုင်လိမ့်မယ်လို့  ယူဆပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ အယ်လ်ဂျာဇီးယား စကားဝိုင်း / ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနား ရုပ်/သံ မှတ်တမ်း စုစည်းမှု

  • .
  • အကြောင်းအရာ >

  • ဒေါ်အောင်ဆန်းစုကြည်နဲ့ အယ်လ်ဂျာဇီးယား စကားဝိုင်းပါ...


    ၂၀၁၀-ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနား ရုပ်/သံ မှတ်တမ်း စုစည်းမှုလေးပါ။



    ရခိုင် တိုင်းရင်းသား ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်/သံ သတင်း လေးပါ။

    Narinjara TV News: December 17, 2010


    ရခိုင် တိုင်းရင်းသား ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်/သံ သတင်း လေးပါ။

    Narinjara TV News: November 28, 2010

    ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်

  • Wednesday, December 22, 2010
  • .
  • အကြောင်းအရာ >
  • ယခုနှစ်အတွင်း ငါးမွေးမြူရေးဆိုင်ရာ အထွေထွေ ကုန်ထုတ်စရိတ်နှင့် ဝင်ငွေ အချိုးမမျှသဖြင့် အကျိုးအမြတ် နည်းပါးခြင်း၊ ငါးဈေးကွက် ပျက်ခြင်းတို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
    Fishry002

    ရန်ကုန်တိုင်းအတွင်းရှိ ငါးမွေးကန်တခု။

    (ဓာတ်ပုံ - Yangon Media)

    ငါးမွေးမြူသူများ အနေဖြင့် နိုင်ငံခြားသုံးငွေ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မွေးမြူရေးငါးများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အခက်အခဲရှိခြင်း၊ မွေးမြူစရိတ် မြင့်မားလာခြင်း များကိုလည်း ရင်ဆိုင်နေရကြောင်း ရန်ကုန်တိုင်း အတွင်းရှိ ငါးမွေးမြူရေး သမားများက ပြောသည်။

    “မနှစ်ကဆို ဒေါ်လာဈေးက တဒေါ်လာကို ၁၂၀၀ လောက် ပေါက်တယ်။ ဒီနှစ် ၉၀၀ လောက် ဆိုတော့ ပြည်ပပို့တဲ့သူတွေ အနေနဲ့ကလည်း ချိန်ဆပြီး ပို့နေရတယ်” ဟု ပြည်ပသို့ ငါးတင်ပို့နေသူ တဦးက ဆိုသည်။

    ငါးမြစ်ချင်း မွေးမြူသူများမှာ ထုတ်လုပ်မှုစရိတ်နှင့် ပေါက်ဈေးမှာ တွက်ခြေမကိုက်သည့် အနေအထားတွင် ရှိနေပြီး ငါးမြစ်ချင်း ပြည်ပတင် ပို့သူများမှာလည်း ပြည်ပ ၀ယ်လိုအားနည်းနေခြင်း၊ ငွေကြေးဈေးနှုန်း အတက်အကျ အပြောင်းအလဲ မတည်ငြိမ် မှုများ ရှိနေခြင်းတို့ကြောင့် ငါးမြစ်ချင်း ပြည်ပတင်ပို့မှုကို ချင့်ချိန် လုပ်ဆောင်နေရကြောင်း သိရသည်။
    ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရရှိရန် ရည်မှန်းထားသော်လည်း လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်း ၃၅၄ ကျော်သာ ရရှိသေး ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် စစ်ဆေးရေးဌာနစုမှ သိရသည်။

    လက်ရှိ ငါးဈေးကွက် အတက်အကျ အနေအထားမှာ နိုင်ငံခြားသုံးငွေနှင့် ချိတ်ဆက်နေပြီး ငါးအစာဈေးနှုန်း အတက်အကျပေါ်လည်း မူတည်နေကြောင်း ရန်ကုန်တိုင်းရှိ ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးကဆိုသည်။
    “ငါးဈေးတွေကလည်း ဆက်တိုက်ကျနေတော့ အရှုံးပေါ်နေတာ။ ငါးအစာဈေးကလည်း တက်လာတော့ မကိုက်ရင်မကျွေးဘူး။ လာမယ့်နှစ်မှာ ငါးလည်းလျှော့မွေးမယ်၊ ငါးစားလည်း လျှော့ကျွေးမှ ဖြစ်တော့မယ်” ဟု ၎င်းက ပြောသည်။ယခုနှစ် စက်တင်ဘာလတွင်းမှစ၍ တချို့ငါးဈေးများမှာ တပိဿာလျှင် ကျပ် ၂၃၀၀ မှ ကျပ် ၁၉၀၀ သို့ကျဆင်းနေပြီး ပို့ကုန်ရငွေ (Export Earning) တန်ဖိုးမှာလည်း လက်ရှိပေါက်ဈေး တဒေါ်လာလျှင် ၉၂၅ ကျပ်ဝန်းကျင်မှ ထပ်မံကျဆင်းမည့် အလားအလာများ ရှိနေသည့်အတွက် ငါးဈေးနှုန်း ပြန်လည်မြင့်တက်လာမည် မဟုတ်ကြောင်း ပြည်ပသို့ ငါးတင်ပို့ရောင်းချနေသူတဦးက ဆိုသည်။

    ပြည်တွင်း နိုင်ငံခြားငွေကြေး အရောင်းအဝယ် ဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၈၅၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြုပ်နှံမှု များပြားလာခြင်းများကြောင့် ပို့ကုန်ရငွေမှာ ထပ်မံကျဆင်းဦးမည်ဖြစ်ကြောင်း နိုင်ငံခြား ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးလုပ်ငန်းကို ၁၉၈၈ ခုနှစ်မတိုင်မီကပင် လုပ်ကိုင်ခဲ့ကြပြီး ၁၉၈၈ ခုနှစ်တွင် ငါးမွေးကန်ဧက ၆၃၀၀ ရှိခဲ့ကြောင်း၊ ရေချိုငါးမွေးမြူရေး လုပ်ငန်းဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်း ၁၉၉၈ ခုနှစ်တွင်မူ ငါးမွေးကန်ဧကမှာ ၅ သောင်းနီးပါး ရှိလာကြောင်း၊ လက်ရှိကာလတွင် ငါးမွေးမြူရေးကန်ဧက ၂ သိန်း ၁ သောင်းကျော်ရှိကြောင်း ပြည်တွင်း စီးပွားရေး ဂျာနယ်များ၏ ဖော်ပြချက်အရ သိရသည်။ယခုနှစ် စက်တင်ဘာလအတွင်းကလည်း မိုးကြီးပြီး ရေလျှံမှုများကြောင့် မြန်မာပြည်အထက်ပိုင်းတွင် ငါးမွေးမြူရေးကန် ဧကများစွာ ထိခိုက် ဆုံးရှုံးမှု ဖြစ်ခဲ့သေးသည်။

    ကြံ့ဖွံ့ပါတီက အနိုင်ရပါတီတချို့ကို တရားစွဲ

  • .
  • အကြောင်းအရာ >

  • ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် နိုင်ငံရေး ပါတီတချို့တို့ အပြန်အလှန် တရားစွဲဆို မှုများ ပြုလုပ်နေ ကြကြောင်း သိရသည်“မတရား စွပ်စွဲချက်တွေနဲ့ သူတို့က စတင်စွဲတော့ ကျနော်တို့ပါတီက လည်း ခိုင်မာတဲ့အချက်အလက်တွေနဲ့ ပြန်စွဲဖို့ လုပ်နေပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ခေါ် ကျားဖြူပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်ဆီက ဧရာဝတီကို ပြောသည်။ကျားဖြူပါတီ၏ ပြည်နယ် လွှတ်တော်မှ အနိုင်ရထားသော ကိုယ်စားလှယ် စိုင်းမွန်းအား ကြံ့ဖွံ့ပါတီမှ ၎င်း၏ ပြိုင်ဘက် ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းလှိုင်က ပြီးခဲ့သည့် ရက်ပိုင်းက တရားစွဲဆိုခဲ့ကြောင်း၊ ကျားဖြူ ကိုယ်စားလှယ်သည် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ၏ ထောက်ခံမဲများကို ရယူ၍ အနိုင်ရသွား ခြင်းကြောင့်ဟု စွပ်စွဲ၍ တရားစွဲဆိုခြင်း ဖြစ်ကြောင်း စိုင်းမွန်းနှင့်နီးစပ်သူ တဦးက ဆိုသည်။

    ကျားဖြူကိုယ်စားလှယ်အား ကြံ့ဖွံ့ကိုယ်စားလှယ်က စွပ်စွဲရာ၌ မဲရုံနှင့်ကိုက် ၅၀၀ အတွင်း စည်းရုံးသည်၊ ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA - North) အား ဗဟိုပြုကာ ပြည်သူများအား မဲထည့်ခိုင်းသည် စသည့် စွပ်စွဲချက်များ ပါဝင်ကြောင်း စိုင်းမွန်နှင့် နီးစပ်သူက ပြောသည်။“SSA မြောက်ပိုင်း ဆိုတာပြည်သူ့စစ်အဖွဲ့ဖြစ်လို့ မဲပေးမယ်ဆိုရင်လည်း လွတ်လပ်စွာ ပေးပိုင်ခွင့်ရှိတဲ့ အဖွဲ့ပါ” ဟု ၎င်းက ဆိုသည်။ကျားဖြူပါတီ၏ ပြောခွင့်ရသူ ဒု - ဥက္ကဋ္ဌ ဦးဆောင်ဆီကလည်း ယခုကဲ့သို့ စွပ်စွဲရာတွင် ခိုင်လုံမှုသည် အရေးကြီးကြောင်း၊ ကြံ့ဖွံ့ပါတီ၏ စွပ်စွဲမှုသည် အခြေအမြစ် မရှိကြောင်း ပြောသည်။ “အစတုန်းကတော့ ရတာလေးနဲ့ပဲ အေးအေးဆေးဆေး လွှတ်တော်ထဲ သွားမလို့ပါပဲ။ အခုမှ ရုတ်တရက်ထပြီး သူတို့က စလာတော့ ကိုယ့်ဘက် ကဆုံးဖြတ်ပေးလိုက် ခြင်းကြောင့် မကျေနပ်၍ နေပြည်တော်ရှိ ဗဟိုတရားရုံးသို့ ထပ်မံ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

    ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းကြည်ကလည်း ၎င်း၏ ပြိုင်ဘက် ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဦးစိုင်းနုအား မဲမသမာမှုဖြင့် ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးဆောင်ဆီက ပြောသည်။တရားစွဲသည့် ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းလှိုင်သည် ကျားဖြူ ကိုယ်စားလှယ် စိုင်းမွန်းအား မဲအရေအတွက် ၂ ထောင်ကျော်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ကြံ့ဖွံ့၏ စွပ်စွဲမှုသည် အထောက်အထား မခိုင်လုံသော်လည်း ကျားဖြူမှ ကြံ့ဖွံ့အပေါ် တရားစွဲဆိုရန် စုဆောင်းထားသည့် အချက်အလက်မှာ ခိုင်မာမှု အပြည့်ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့ အနိုင်ရမည်ဟု ယုံကြည်ကြောင်းလည်း ဦးဆောင်ဆီက ပြောသည်။

    ကျားဖြူပါတီသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ၁၅၆ ဦးပြိုင်ခဲ့ရာ ၅၇ ဦးအနိုင်ရရှိခဲ့သည်။ကျားဖြူ ပါတီ ကဲ့သို့ပင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်မှ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဒေါ်တင်တင်မာအား ၎င်း၏ ပြိုင်ဘက် ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဦးမြ၀င်း က တရားစွဲဆိုထား၍ နေပြည်တော်ရှိ တရားရုံး၌ အမှုရင်ဆိုင် နေရကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောသည်။“ကြံ့ဖွံ့ပါတီက တရားစွဲဆိုမှုတွေ ရုတ်တရက် ပေါ်လာတာကတော့ တနိုင်ငံလုံးက သူတို့ကို မတရားဘူး ဆိုပြီး တရားစွဲတာတို့၊ တိုင်တာ၊ ပြောတာတို့ ဆက်တိုက် ထွက်နေတော့ လူတွေအာရုံပြောင်းစေချင်တဲ့ သဘောနဲ့ ပြန်စွဲတယ်လို့ ထင်ပါတယ်” ဟု ဦးသုဝေက ဆိုသည်။

    ၎င်းတို့ ကိုယ်စားလှယ်၏ အမှုသည် နေပြည်တော်ရှိ ဗဟိုတရားရုံး၌ ယနေ့ကြားနာ စစ်ဆေးမှု ပြုလုပ်၍ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း၊ ကြံ့ဖွံ့ကိုယ်စားလှယ်က စွပ်စွဲသကဲ့သို့ မဟုတ်မှန် ၍ ၎င်းတို့ပါတီ ကိုယ်စားလှယ် ကသာ အနိုင်ရမည်ဟု ယုံကြည်ကြောင်းလည်း ဦးသုဝေက ပြောသည်။
    “တရားစွဲဆိုသူက ကျပ် ၁၀ သိန်း အကုန်ခံပြီး စွဲရသလို တရားရင်ဆိုင်သူကလည်း ၁၀ သိန်း ပေးထားရတာလေ။ တကယ်လို့ အစွဲခံရသူက ၁၀ သိန်း မပေးနိုင်ဘူးဆိုရင် အရှုံးပေးရမယ်လို့ ပြောတယ်။ အဲဒါကြောင့် ၁၀ သိန်းကို မရရအောင် ရှာဖွေပြီးတော့ အမှု ရင်ဆိုင်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။

    ကြံ့ဖွံ့ပါတီက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ကိုယ်စားလှယ်အား ရွေးကောက်ပွဲ၌ မဲဝယ်ခဲ့မှုများ ရှိခဲ့သည်ဟု ဆိုကာ စွပ်စွဲ၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ဒီမိုကရက်တစ် ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၌ ကိုယ်စားလှယ် ၄၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ဦးအနိုင် ရရှိခဲ့သည်။ရွေးကောက်ပွဲအပြီး ရက်ပိုင်းကာလ၌ ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများကို တနိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံ အများအပြားကလည်း ဝေဖန်မှုများရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဟု ပြောဆိုမှုများရှိခဲ့သည်။

    နိုင်ငံရေးပါတီအများစုက ကြံ့ဖွံ့ပါတီအား တရားစွဲဆိုမှုများပြားလာပြီး နောက်ပိုင်း ကြံ့ဖွံ့ပါတီ၏ တရားစွဲဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ကြံ့ဖွံ့ပါတီနှင့် တခြားသော နိုင်ငံရေးပါတီများ အပြန်အလှန် တရားစွဲဆိုနေမှုသည် ပြီးခဲ့သည့်လမှစတင်ခဲ့ကာ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာသည်ကို တွေ့ရသည်။ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရ ခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်ကြေညာထားသည်။

    http://www.irrawaddy.org/bur/

    မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ်

  • .
  • အကြောင်းအရာ >

  • စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံ (KNU )တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း KNU တာဝန်ရှိသူများက ပြောသည်။ မာနယ်ပလောဒေသတွင် ယနေ့ နံနက် ၇ နာရီခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၂ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန်တပ်ရင်း(ခမရ) ၆၁ တပ်ဖွဲ့ဝင်များသည် ပြောက်ကျား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။ ယင်း တိုက်ပွဲတွင် ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်းလည်း သိရသည်။

    မာနယ်ပလော ဒေသတွင် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှုပ်ရှားနေ သကဲ့သို့ နအဖ ၏ ခြေ မြန် တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း သိရသည်။ KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းခံရပြီး ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကရင်ပြည်နယ် မြ၀တီတောင်ဘက်ရှိ ဖလူးကျေးရွာ ဒေသတ၀ိုက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ် ရင်း (ခမရ) ၅၄၇ တပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် နအဖ ဘက်မှ ၇ ဦး ကျဆုံး၍ ၁၃ ဦးခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦးကျဆုံး၍ တပ်မှူး ၁ ဦး အပါအ၀င် ၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

    တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့် ကျေးရွာ ဒေသများ ကဲ့သို့ ယခုအခါ မာနယ်ပလော ဒေသများတွင်လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

    http://www.irrawaddy.org/bur/

    သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

  • .
  • အကြောင်းအရာ >

  • ၂၀၁၀ သင်္ကြန် အတက်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။
    X2O-pavilion-01

    ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

    မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

    စီရင်ချက်များ ချမှတ်ရာတွင် သက်သေ အထောက် အထားများ ပြည့်စုံခြင်း မရှိဘဲ တရားစွဲဆို စီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အယူခံရုံး အဆင့်ဆင့်တက်၍ အယူခံ ၀င်သွားမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

    “ပထမတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုရိုက်တာကို မသင်္ကာလို့ စစ်ဆေးတာပဲ။ နောက်တော့မှ ဒီ ၁၃/၁ တို့ ၁၇ / ၁ တို့ဆိုတာက တရားခံပေါ်မှာ စစ်ကြောရေး ပြုလုပ်ပြီးတော့ ရရှိတဲ့ အချက်အလက်တွေနဲ့ သူတို့ တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ စီရင်ချက်ချတယ်လို့ မယုံကြည်ဘူး။ ဒီလိုအမှုတွေက များသော အားဖြင့် အဲ့ဒီလိုပဲ အမှုတည်ဆောက်ပြီးတော့ တရားစွဲဆို ပြစ်ဒဏ် ပေးလေ့ရှိတာကို တွေ့နေရတယ်”ဟု ၎င်းကပြောသည်။

    စစ်ကြောရေး ကာလအတွင်း ကိုစည်သူဇေယျ က ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်း တက်ဖူးကြောင်း၊ ဒီမိုကရက်တစ် မြန် မာ့ အသံ (DVB) နှင့် ဆက်သွယ်ဖူးကြောင်း ဖြောင့်ချက်ပေးထားချက်ကို တရားလိုများက တရားရုံးသို့ တင်ပြခဲ့သည်ဟု ဆို သည်။ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် သင်္ကြန်အတက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူနေသူ ကိုစည်သူဇေယျကို မသင်္ကာမှုဖြင့် ထိန်းသိမ်းခဲ့ပြီး ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း နောက်နေ့တွင် အာဏာပိုင် များက လာရောက်ခေါ်ဆောင်ကာ အဝေးရောက် ညွန့်ပေါင်းအစိုးရနှင့် ဆက်သွယ် သည်ဟု စွပ်စွဲ၍ တရားစွဲဆိုခဲ့သည်။

    သူတို့ကို ပြန်လွှတ်ပေးရန်အတွက် နယ်စည်မခြား သတင်းထောက်များအဖွဲ့(RSF)နှင့် မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ဖူးသည်။စာရေးဆရာ တဦးဖြစ်သည့် ဦးဇေယျကိုမူ ယခုအချိန်အထိ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး တရားရင်ဆိုင်နေရဆဲဖြစ် ကြောင်း၊ လာမည့် ဇန်န၀ါရီလ အတွင်း စီရင်ချက်ချဖွယ်ရှိကြောင်းလည်း ဦးအောင်သိန်းက ပြောဆိုသည်။လူ ၁၀ ဦးသေ၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသော အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက် နေသည်ဟု စွဲချက်တင် ဖမ်းဆီးထားသော အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကိုလည်း အင်းစိန်ထောင်တွင်း တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

    သင်္ကြန်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ကိုဖြိုးဝေအောင်သည် ထိုင်း-မြန်မာနယ်စပ်ရှိ စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့နှင့် ပတ်သက်နေပြီး ဗုံးဖောက်ခွဲသူများအတွက် ပတ်ဝန်းကျင် အခြေအနေကို စောင့်ကြည့်ပေးရသူဖြစ်ကြောင်း ရဲချုပ်ခင်ရီ က ပြောဆိုခဲ့သည်။၎င်း၏ မိသားစုများကမူ အာဏာပိုင်များက လူမှားဖမ်းခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုဖြစ်ပွား ချိန်တွင် ကိုဖြိုးဝေအောင်မှာ တာဝန်ယူထားရသော ကန်ထရိုက်လုပ်ငန်းတွင် ရှိနေကြောင်း ပြောဆိုထားသည်။

    http://www.irrawaddy.org/bur