Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image
အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်
  • Monday, January 24, 2011
  • .
  • အကြောင်းအရာ >
  • ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု အနုပညာ အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။အကယ်ဒမီပွဲ မကျင်းပမီက အိန္ဒြာကျော်ဇင်ကို “မာမီရှိန်း” ဇာတ်ကား “အတိတ်ရဲ့အရိပ်” ဇာတ်ကား များဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု ရနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆို နေခဲ့သည်။
    Academy-Award-for-2009
    အမျိုးသမီး တဦးသာပါသည့် ၂၀၀၉ အကယ်ဒမီ ထူးချွန်ဆု ရသူများ (ဓာတ်ပုံ - ဧရာဝတီ)
    “အာဏာပိုင်တွေက စပွန်ဆာ အားကိုးနဲ့ ၆ ခါလောက် လုပ်သွားတဲ့ အိန္ဒြာကျော်ဇင့် မင်္ဂလာပွဲကို တော်တော် မျက်စိ စပါးမွှေး စူးနေတာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မင်္ဂလာဆောင်နဲ့ အပြိုင်လို ခမ်းခမ်းနားနားကြီး လုပ်သွား တော့ မကျေနပ်တာလည်း ပါတယ်။ နိုင်ငံ့ခေါင်းဆောင် သမီးရဲ့ မင်္ဂလာပွဲနဲ့ ယှဉ်လိုက်သလို ဖြစ်သွားတာ။ ဒါကြောင့်လည်း အူဝဲ (အိန္ဒြာကျော်ဇင်) ကို မပေးတာလို့ ကြားတယ်” ဟု ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။
    “စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာ များကို ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ခဲ့သည်။ ၎င်း၏ မင်္ဂလာပွဲ ပြောစမှတ်ပြုပြီးနောက်တွင် မင်းသမီး အိန္ဒြာကျော်ဇင်၏ မင်္ဂလာပွဲက အခမ်းနားဆုံးဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။ဇန်န၀ါရီလ ၂၂ ရက်နေ့ နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင် ကဇာတ်ရုံ၌ ကျင်းပခဲ့သော ၂၀၀၉ ခုနှစ် ရုပ်ရှင်ထူးချွန် ဆုပေးပွဲတွင် ဆု ၉ ဆု ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မပါဝင်ခဲ့ပေ။အမျိုးသမီးဇာတ်ဆောင်ဆု ချီးမြှင့်ခြင်း မရှိသည်မှာ ၂၀၀၇ ခုနှစ် အပါအဝင် ၂ နှစ်ရှိပြီ ဖြစ်သည်။ ထိုနှစ်က အမျိုးသမီးဆုများ တဆုမှ ချီးမြှင့်ခြင်း မရှိပေ။
    “ရိုက်ထားတဲ့ ကားတွေ ဒီလောက် အများကြီးထဲမှာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အရည်အချင်းမျိုး မီတဲ့ အမျိုးသမီး သရုပ်ဆောင် မရှိလောက်ဘူးလို့ ထင်တယ်။ မစိုး (စိုးမြတ်သူဇာ) ဆိုလည်း “ကျောက်စက်ရေ” ကားထဲမှာ သရုပ်ဆောင် ထားတာ ကောင်းပါတယ်။ အူဝဲ (အိန္ဒြာကျော်ဇင်) ဆိုလည်း မဆိုးဘူး၊ ပေးမယ်ဆို ပေးလို့ရတဲ့ အခြေအနေမှာရှိတယ်။ သရုပ်ဆောင် ထားတာ စုတ်ပြတ်သတ်နေလည်း သူတို့ပေးချင်ပေးတာပဲ။ ဘယ်လောက် ပီပြင်နေလည်း သူတို့ မပေးချင် မပေးဘဲ နေတာပဲ” ဟု ဝါရင့်ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။
    ၂၀၀၉ ခုနှစ်တွင် ရုံတင်သည့် ဇာတ်ကား စုစုပေါင်း ၁၆ ကားရှိသည့် အနက် အကောင်းဆုံး ဇာတ်ကားဆုကို “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားက ရရှိခဲ့သည်။အဆိုပါ ဇာတ်ကားဆုကို ဒါရိုက်တာ စင်ရော် မောင်မောင်၏ စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခြင်းဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်သည် ပေါ်လစီ ဇာတ်ကားများ ရိုက်ကူးပေးခြင်းဖြင့် အာဏာပိုင်များ ကျေနပ် နှစ်သက်စေရန် ပြုမူလေ့ရှိသောကြောင့် ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။အမျိုးသား ဇာတ်ဆောင်ဆု အဖြစ် “မိုးည အိမ်မက်မြူ” ဇာတ်ကားတွင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် မင်းသား နေတိုးနှင့် အမျိုးသမီး ဇာတ်ပို့ ဆုအဖြစ် ယင်းဇာတ်ကားတွင်ပင် စိုးပြည့်သဇင်တို့ ရရှိသွားသည်။
    အကယ်ဒမီဆုရှင် နေတိုးက “အမျိုးသမီး ဇာတ်ဆောင်ဆုရော၊ အမျိုးသမီး ဇာတ်ပို့ ဆုရော မပေးခဲ့တဲ့ နှစ် ရှိခဲ့တော့ ဒီနှစ်က ကံကောင်းတယ် လို့တောင်ပြောရမယ်။ ကိုယ့် အနုပညာမောင်နှမတွေ မရတဲ့အတွက် ပြည့်ပြည့်၀၀ ၀မ်းသာမှုတော့ မဖြစ် ဘူးပေါ့။ ဆုရမယ်လို့ မှန်းထားတဲ့ မင်းသမီးတွေအနေနဲ့ တကယ် လက်တွေ့ မရတဲ့အချိန်မှာ ကြိုးစားချင်စိတ် လျော့သွား နိုင်တယ်။ အကယ်ဒမီ ဆုဆိုတာလည်း ကြိုးစားမှုအပြင် ကံတရားနဲ့ အများကြီး ဆိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။၎င်းကပင် မိုးညအိပ်မက်မြူဇာတ်ကားဖြင့် ဆုရရန် အစကတည်းက မျှော်လင့်ခဲ့ပြီး ကြိုးစားထားကြောင်း၊ ယခု အမှန်တကယ် ဆု ချီးမြှင့်ခံရသည့်အတွက် ၀မ်းသာ ကျေနပ်ကြောင်း၊ ထိုက်ထိုက် တန်တန် ရသည့် ဆု ဟု မြင်ကြောင်း ပြောသည်။
    ၂၀၀၉ ခုနှစ် ရုံတင်ပြသခဲ့သည့် ရုပ်ရှင် ၁၆ ကားထဲတွင် ဟာသဦးစားပေး ရုပ်ရှင်ဇာတ်ကား ၁၀ ကားပါဝင်သည်။
    ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးစဉ်က ဟာသဇာတ်ကားဖြစ်သော “အကယ်ဒမီရှော့ခ်” ဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းကြောင့် ဟာသဇာတ်ကား များကိုလည်း အကယ်ဒမီဆုချီးမြှင့်နိုင်သည်ဟု ယူဆကာ ဟာသဇာတ်ကား ရိုက်ကူးမှု ပိုများလာခြင်းဖြစ်သည်ဟု နာမည်ကြီး ဒါရိုက်တာ တဦးက ပြောသည်။
    “အခုက အကယ်ဒမီ ဆိုတာ ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်ပြီး ပေးနေမှန်းကို မသိတော့တာ။ အမျိုးသမီး ဇာတ်ဆောင်ဆု မပေး တာ အမျိုးသမီး သရုပ်ဆောင်တွေ ညံ့လာလို့ လို့ ပြောရမလိုဖြစ် နေပြီ” ဟု သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဆိုသည်။
    ၂၀၀၉ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မိန့်ခွန်းပြောကြားခဲ့ရာ အနာဂတ်တွင် ပြည် ထောင်စု စိတ်ဓာတ်နှင့် ဒို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မီဒီယာသမားကောင်းများပီပီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။
    ၎င်းက မိန့်ခွန်းတွင် “ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ရုပ်ရှင်ကားများ ရိုက်ကူးရာတွင် နိုင်ငံတကာအဆင့်မီ ရိုက်ကူးနိုင်စေ ရေးအတွက် နောက်ဆုံးပေါ် ရုပ်ရှင်ရိုက်ကင်မရာနှင့် ဖလင်ဆေးစက်၊ စတီရီယို အသံကူး ပြောင်းစက်၊ အရောင်ခွဲစက်၊ ရုပ်ရှင်ဖလင်ကား ကူးစက်တို့ကို ၀ယ်ယူတပ်ဆင်ပေးခဲ့ပြီး ခေတ်မီ မီးပိုင်းဆိုင်ရာနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများကိုလည်း ညှိနှိုင်း ၀ယ်ယူလျက်ရှိရာ မကြာမီအသုံးပြုနိုင်တော့မည်” ဟု ပြောခဲ့သည်။
    ဝန်ကြီးဦးကျော်ဆန်းက မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် စက်ပစ္စည်းများ ပံ့ပိုးပေမယ်ဟု ပြောနေသော်လည်း ရိုက်ကူးနေသည့် ရုပ်ရှင်ကားတချို့ကို အိမ်နီးချင်း ပြည်ပနိုင်ငံတွင် အသံကူးယူမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း ရုပ်ရှင် အသိုင်းအဝန်းက သုံးသပ်ပြောဆိုနေကြသည်။
    ၂၀၀၉ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပွဲတွင် ဇာတ်ကားဆု “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့် စင်ရော် ရုပ်ရှင် ထုတ်လုပ်ရေး၊ ဒါရိုက်တာဆုကို မီးပွားက “ဇော်ကကနေသည်” ဇာတ်ကားဖြင့်၊ အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးက “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ အမျိုးသမီးဇာတ်ပို့ဆုကို စိုးပြည့်သဇင်က “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ ဇာတ်ညွှန်း ဆုကို စာရေးဆရာ မြင့်ဦးဦးမြင့်က “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့်၊ တည်းဖြတ်ဆုကို ဇော်မင်း (ဟံသာမြေ) က “ကျောက်စက်ရေ” ဇာတ်ကားဖြင့်၊ ဓာတ်ပုံဆုကို ကိုကိုဌေးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ အသံဆုကို ဆန်းဦးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ တေးဂီတဆုကို ဓီရာမိုရ်က “ဇော်ကကနေသည်” ဇာတ်ကားဖြင့် အသီးသီး ရရှိခဲ့ကြသည်။
    အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်းဂျာနယ် တိုက်များကို တနှစ်ထက် တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်သည်ဟု မီဒီယာအသိုင်းအ၀န်းက ပြောဆိုနေကြသည်။ ယခုနှစ်တွင် အကယ်ဒမီပွဲတက်မည့် ရုပ်ရှင် လောကသားများကိုပါ တင်းကျပ်မှုများ ရှိသည်။
    http://www.bur.irrawaddy.org/
    လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်
  • Saturday, January 22, 2011
  • .
  • အကြောင်းအရာ >
  • ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက် ပြီး ဦးဆောင် တရားစွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
    ndf-kachin
    မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးရှေ့တွင် ဒေါ်ဘောက်ဂျာကို ဒေသခံ NDF ခေါင်းဆောင် များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ကချင်သတင်းစဉ်)
    မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက် နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။
    ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို ဖမ်းဆီး ရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြားလိုက်ကြောင်း ပြောဆိုသည်။
    ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရားပြန်စွဲတဲ့အတွက် အခုလို ဖမ်းဝရမ်းထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခုလောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း တိမ်းရှောင်နေတယ်” ဟု ဆိုသည်။ ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။
    ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင်အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀ ကျော်ထံမှ သိမ်းယူခဲ့သည်။
    အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။ နစ်နာကြေး အနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝမဖြစ်နိုင်သည့် မြေအမျိုးအစားများသာ ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။ မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည်
    အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင်သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ ၎င်းတို့မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါနစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။
    ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁ သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထား
    များအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ ဝရမ်းထုတ်ပိုင်ခွင့်မရှိကြောင်း၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။
    မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက် တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။
    http://www.bur.irrawaddy.org/
    “ Century Stars Concert ” ရာစုနှစ်၏ ကြယ်ပွင့်များ ဂီတပွဲတော်ကြီး... မလေးရှား၊ စင်္ကာပူ၊ ၃ - ပွဲဆက်
  • Saturday, January 8, 2011
  • .
  • အကြောင်းအရာ >
  • ပုံလေးတွေ အားလုံးကို ၀င်ရောက်ကြည့်ရှု့ အားပေးလိုက်ကြပါဦး။
    ပီနန်းကျွန်း၊ ပီနန်းမြို့ မှ ...
    ဂီတပွဲတော် ဖြစ်မြောက်ရေး...
    မြန်မာ့ ညီအစ်ကို...
    မောင် နှမ ...
    ကိုကို၊ မမ များ ...
    ဦးဦး၊ ဒေါ်ဒေါ်များ နှင့် ...
    ကျနော် ချစ်သော ကျနော်၏ ...
    ကျေးဇူးတင်ထိုက်သူများ လို့ ပြောချင်တာပါ။
    အခုလို ပုံလေးတွေကို ဆုံးခန်းတိုင်အောင်...
    အွန်လိုင်းပေါ်က ကျေးဇူးတင်ထိုက်သူအားလုံးကို ...
    ကျနော် “ စူနာမီ လှိုင်း ” မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ မကြာမှီ လာမည် မျှော်...........
    ဆက်သွယ်လိုပါက ( ၁၉၉ ) ကိုခေါ်လိုက်ပါးးးးးးးးးးးးးးးးးးးးးးးး
    ဒေါ်စု၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
  • Wednesday, January 5, 2011
  • .
  • အကြောင်းအရာ >
  • စီအဲန်ပီညီလာခံတွင် သဘာဝဘေးဒါဏ် ကြုံတွေ့နေသည့် ချင်းပြည်သူအရေး ဆွေးနွေးမည်
  • Monday, January 3, 2011
  • .
  • အကြောင်းအရာ >
  • ချင်းအမျိုးသားပါတီ ညီလာခံကို လာမည့် ဇနန်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပဖြစ်ပြီး ညီလာခံတွင် ၀ါးသုဉ်းမှုနှင့် ဂီရိမုန်တိုင်းဒါဏ်ကြောင့် လူမှုအငတ်ဘေး ဒုက္ခကြုံတွေ့နေသည့် ချင်းပြည်သူအရေးကို အလေးအနက်ဆွေးနွေးကြမည် ဟု သတင်းရရှိသည်။
    CNP-logo2-150x150”စီအဲန်ပီ လမ်းစဉ်အတိုင်း ချင်းပြည်သူတွေရဲ့ လောလောလတ်လတ် ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခ၊ မိမိတို့ရှေ့ မှောက်ရောက်နေတဲ့ အငတ်ဘေး ပြသာနာကို ကိုင်တွယ်ဖြေရှင်းဖို့က ပထမဆုံး အရေးကြီးနေတယ်” ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။
    ညီလာခံသို့ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဗဟိုအဆင့် အလုပ်အမှု ဆောင်ကော်မီတီဝင်များ၊ မြို့နယ်အဆင့် ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်များ အနည်းဆုံး အင်အား ၄၀ ပါဝင်တက်ရောက်မည်ဖြစ်သည်။
    ညီလာခံတွင် လုပ်ငန်း ဆိုင် ရာ ငွေကြေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းပြန်လည်ရှင်းလင်းသုံးသပ်ချက်များ၊ တခြားနိုင်ငံရေး ပါတီများနှင့် အနာဂါတ်ဆက်ဆံရေး၊ လွှတ်တော်တွင်တင်သွင်းမည့် ပြည်နယ်အရေးကိစ္စများ၊ အနာဂါတ်ရှေ့လုပ်ငန်းစဉ်များ စသဖြင့် ဆွေးနွေးကြမည်ဖြစ်သည်ဟု သိရသည်။ထို့အပြင် ပေါ်လာမည့် အစိုးရသစ်အတွက် သမ္မတ၊ ၀န်ကြီးချုပ် နှင့် ၀န်ကြီးရုံးကိစ္စတွေလည်း အချိန်ရ ယင်ရသ လို ဆွေးနွေးကြ မည်ဖြစ်ကြောင်းလည်း ပြောကြသည်။
    ပြည်နယ်ဆိုင်ရာ ဥပဒေမူကြမ်းအတွက် (Bills) တော့ ဥပဒေရေးဆွဲရေးကော်မီတီဖွဲ့ပြီး ကျယ် ကျယ်ပြန့်ပြန့် လုပ်သင့် တယ်လို့ အထွေထွေအတွင်းရေးမှူးက ဆက်လက်ပြောပြသည်။ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကလည်း ချင်းပြည်သူများ ကြုံတွေ့နေသည့် အငတ် ဘေး ဒါဏ် ပံ့ပိုးကူညီရေး လုပ်ဆောင်နေသည်ဟု သိရသည်။
    နန်းဖဲဒေသတွင် ဦးထွန်းကျော် ဦးဆောင်ပြီး လမ်းဖောက်
  • .
  • အကြောင်းအရာ >
  • ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲဒေသတွင် အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)မှ ဒု-ဥက္ကဌ ဦးထွန်းကျော် ဦးဆောင်ပြီး ကားလမ်း ဖောက်လုပ်ပေးနေကြောင်း သိရသည်။
    ပြီးခဲ့သည့် နိုဝင်ဘာလက ဖရူဆိုမြို့နယ် မော်ခရိုရှေးကျေးရွာ အနီးရှိ ကားလမ်းကို မြန်မာစစ်အစိုးရမှ လာရောက်ပြုပြင်နေသည့် ပုံဖြစ်ပါသည်။ (ဓါတ်ပုံ-ကေတီ)
    ပြီးခဲ့သည့် နိုဝင်ဘာလက ဖရူဆိုမြို့နယ် မော်ခရိုရှေးကျေးရွာ အနီးရှိ ကားလမ်းကို မြန်မာစစ်အစိုးရမှ လာရောက်
    ပြုပြင်နေသည့် ပုံဖြစ်ပါသည်။ (ဓါတ်ပုံ-ကေတီ)
    ဦးထွန်းကျော် ဦးဆောင်ဖောက်လုပ်သည့် ၎င်းကားလမ်းသည် ၃ နှစ် စီမံကိန်း ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးအတွက်ဟု ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စတင်လုပ်ဆောင်သည်ဟု ကလလတနှင့် နီးစပ်သူ တဦးက ပြောသည်။ ၎င်းက “သူတို့က နှစ်လမ်း သွားတာ။ ရွာလမ်း ဖောက်တယ်။ ရွာထဲမှာ မြေညှိပေးတယ်”
    ဟု ပြောသည်။
    ယခုလို နန်းဖဲဒေသရှိ ကျေးရွာများအတွက် လမ်းများ ကောင်းမွန်အောင် ဖောက်လုပ်ပေး သည့်အတွက် ရွာသူ၊သားများ အနေဖြင့် ၀မ်းသာနေကြကြောင်း လမ်းဖောက်ရာတွင် ပါဝင်လုပ်ကိုင်နေသူ နန်းဖဲဒေသမှ ရွာသားတဦးက ပြောသည်။
    “သူတို့ ရွာလမ်း လာဖောက်ပေးတာ ရွာသားလည်း ကူညီတယ်လေ။ ရွာတချို့ပေါ့ ၀က်တွေ နွားတွေတောင် သတ်ပေးတယ်။ သူတို့ ပျော်လို့လေ” ဟု သူက ပြောပါသည်။ကလလတသည် နန်းဖဲဒေသ၌ လမ်းများ ဖောက်လုပ်ခြင်းသည် ၎င်းတို့ စီးပွားရေး ဆောင်ရွက်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ပြောရေးဆိုခွင့်ရှိသူ စောခဲရိုက ပြောသည်။
    “ကျနော် ကြားရသလောက် သူတို့ သစ်ထုတ်တယ်လေ။ အဲမှာ သူတို့ သစ်ထုတ်တယ်။ လူထုအတွက်ကတော့ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးတော့ ကောင်းသွားတာပေါ့” ဟု ပြောသည်။ကလလတသည် နန်းဖဲဒေသရှိ ကလီးလျား၊ ဒေါလာစော၊ ကလော်ဒို၊ တော်ခူ၊ ကရော၊ ဘေသဟာရီ၊ ဂျာလကွာနှင့် နန်းခွီးခို စသည့် ကျေးရွာများအပြင် ကျေးရွာပေါင်း ၁၈ ရွာအား လမ်းများ ဖောက်လုပ်ပေးနေခြင်း ဖြစ်သည်ဟု ကလလတနှင့် နီးစပ်သူက ဆက်ပြောသည်။
    ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။
    မွန်လက်နက်ချအဖွဲ့ လောင်းကစားဝိုင်း တရားဝင် ဖွှင့်ခွင့်ရရှိ
  • .
  • အကြောင်းအရာ >
  • ပြီးခဲ့သည့် လပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချခဲ့သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့အား ကရင် ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းရွာအနီး)ရွာ၌ သက်ဆိုင်ရာ အာဏာပိုင်များက လောင်းကစားဝိုင်းများ တရားဝင် ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
    နိုင်ရှောင် လက်နက်ချ အခမ်းအနား တက်ရောက်စဉ်
    နိုင်ရှောင် လက်နက်ချ အခမ်းအနား တက်ရောက်စဉ်
    “အနီထောင်၊ အန်ဂလုံ၊ ကြက်ဝိုင်း၊ ဖဲဝိုင်းအမျိုးစုံရှိတယ်၊ နေ့ရောညပါ စည်ကားနေတာပဲ၊ အာဝါဒေးလိုပဲပေါ့” ဟု ကော့ပေါက်ရွာသား နိုင်သိန်းက ပြောသည်။
    သူ့အပြောအရ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ ဒုတိယအကြိမ် လက်နက် အပ်နှံခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း၌ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့ တွင်လည်း မော်လမြိုင်မြို့ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ပထမတစ်ကြိမ်လက်နက်ချခဲ့သည်ကို ယခင်သတင်းများ၌ ဖေါ်ပြခဲ့ပြီးဖြစ်သည်။
    “တစ်နေ့ကို ပျမ်းမျှသုံးသိန်းလောက် အကောက်ကြေးရပါတယ်၊ ဒါမှလည်းကျနော်တို့တပ်ဖွဲ့ဝင်တွေ ရပ်တည်ရေးအတွက် အဆင်ပြေမှာပါ”ဟု အဆိုပါ မွန်ငြိမ်းချမ်းရေးကာကွယ်ရေး(မွန်လက်နက်ချ)တပ်ဖွဲ့မှ အမည်မဖေါ်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက ကောင်းဝါသတင်းသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။ အဆိုပါမွန် လက်နက် ချအဖွဲ့မှ အင်အား(၂၀) ဦးခန့် ကော့ပေါက်ရွာ၌ စုဆောင်းထားရှိရန် မြန်မာအာဏာပိုင်မှ ညွှန်ကြားထားရှိပြီး ၄င်းတို့ရပ်တည်ရေးအတွက် လောင်းကစားဝိုင်းများ ဖွင့်လှစ်စေခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ဝင်ပြောပြချက်အရ သိရသည်။
    “ခလေးရောလူကြီးပါမကျန် လောင်းကစားဝိုင်းကို ရောက်နေကြတယ်၊ ငွေကြေးကိစ္စတွေကြောင့် လင်မယားချင်းပြဿနာတက်ကြတာကတော့ နေ့တိုင်းလိုလိုပဲ၊ ခုတလောကျောင်းပိတ်ရက်ကလည်း ရှည်နေတော့ ကျမကျောင်းသားတွေဆိုရင် အဲဒီဝိုင်းတွေမှာပဲ”ဟု အမည်မဖေါ်လိုသော ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ယင်းကဲ့သို့လောင်းကစားဝိုင်းများ တရားဝင်ဖွင့်ပေးထားသဖြင့် ဒေသအတွင်း မလိုလားအပ်သော ရာဇဝတ်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်နေရကြောင်း ဗုဒ္ဓဘာသာမွန်ရဟန်းတော်များအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
    နွေစပါးအတွက် လယ်သမားများထံ အဓမ္မ ငွေကောက်
  • .
  • အကြောင်းအရာ >
  • သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ် မိုင်းရင် မြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စု ၄ စုတွင် နွေစပါး စိုက်ပျိုးရေး စီမံကိန်းအတွက် လယ်သမားများထံ (မျိုးစပါးကြေး) တစ်ဧက ကျပ် ၂ သောင်းခွဲနှုန်း ကောက်ခံနေကြောင်း ဒေသတွင်းလာသတင်းအရ သိရသည်။
     သျှမ်းပြည်တနေရာ လယ်ယာမြေမြင်ကွင်း (flickr.com/photos)
    သျှမ်းပြည်တနေရာ လယ်ယာမြေမြင်ကွင်း (flickr.com/photos)
    မိုင်းရင် အပါအ၀င် မန့်ဆာလုံ၊ မိုင်းနမ့် နှင့် ဖဆောင် ကျေးရွာအုပ်စုများတွင် မိုင်းရင် မြို့နယ်ခွဲ ဥက္ကဋ္ဌ စိုင်းထွန်းလျံ ကိုယ်တိုင် ဒီဇင်ဘာလကုန်ပိုင်းက စတင်ကောက်ခံ နေခြင်း ဖြစ်ကြောင်းသိရသည်။
    မိုင်းရင် ဒေသခံလယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောရာတွင် “ကိုယ်စိုက်ချင်တဲ့စပါးမျိုး စိုက်လို့မရဘူး၊ သူတို့ထုတ်ပေးတဲ့ စပါးမျိုးပဲစိုက်ရမယ်၊ အဲဒီနွေစပါးက မစိုက်မနေရပေါ့ မျိုးစပါးဝယ်ဖို့ မိုင်းရင်အပါအ၀င် ကျေးရွာအုပ်စု ၄ ခုက လယ်သမားတွေဆီမှာ တစ်ဧက ကျပ်၂ သောင်းခွဲ ကောက် တာ တချို့လည်း ထည့်ပြီးပြီတချို့လည်းမထည့် ရသေးဘူး” ဟု သူက ဆိုသည်။
    အဆိုပါ မျိုးစပါးဖိုးငွေများ ကောက်ယူနေသော်လည်း စပါးမျိုးထုတ်ပေးခြင်း မရှိသေးသည့်အပြင်မည့်သည့် အမျိုးအစား ဖြစ်သည်ကိုလည်း မသိရသေးကြောင်း သူက ဆက်ပြောသည်။မိုင်းရင်ဒေသခံအများစုမှာ လယ်သမားများဖြစ်ကြပြီး ၎င်းတို့စိုက်ပျိုးလိုသည့် သီးနှံကို စိုက်ပျိုးခွင့်မရပဲ စစ်အစိုးရ၏ နွေစပါးစီမံကိန်းကိုသာ စိုက်ပျိုးနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။လာမည့် မတ်လပိုင်းတွင် အဆိုပါနွေစပါးများ စတင်စိုက်ပျိုးတော့မည် ဖြစ်သည်။