ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားနေသည့် နအဖ ခမရ(၅၄၉)မှ ဗိုလ်နိုင်စီ ဦးစီး သည့်အဖွဲ့နှင့် နယ် ခြားစောင့်တပ် (BGF) တပ်ရင်း(၁၀၁၆)မှ မိုးဒီ ဦးစီးသောအဖွဲ့သည် ယခု ဒီဇင်ဘာလ ၈ရက် နေ့တွင် ထိုဒေသရှိ စက္က၀က်ရွာသား တဦးကို သတ်ပစ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ အဆိုပါ သတ်ဖြတ်ခံရသည့် စက္က၀က်ရွာသားမှာ စောထို့ဖိုး ၄၄နှစ်ဖြစ်ပြီး ၎င်း၏လက်ဝယ် လက်နက်ခဲယမ်းများ ထားရှိသည်ဟု စွပ်စွဲကာ နအဖနှင့် BGF ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၇ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ စစ်ဆေးမေးမြန်းပြီးနောက် သတ် ပစ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။
သူက “စောထို့ဖိုးဆီမှာ လက်နက်ပစ္စည်းတွေ ရှိနေတယ်လို့ စစ်တပ်က စွပ်စွဲပြီးတော့ ၇ရက်နေ့မှာ ဖမ်းသွားတာ။ သူတို့ စစ်ဆေး မေးမြန်းတယ်။ ထုတယ်။ ရိုက်တယ်။ သူတို့ (နအဖ၊ BGF)က ပစ္စည်းတွေ လိုက်ရှာတယ်။ မတွေ့ တော့။ ၈ရက်နေ့မှာတော့ စောထို့ ဖိုးကို သူတို့သတ်လိုက်တယ်။ အလောင်းကို စက္က၀က်ရွာနဲ့ မနီးမဝေး အောင်လိုင်ရွာရဲ့ အောက်နားမှာ ပြန်တွေ့တယ်။ တော်တော် နှိပ်စက်ထားတာ။ မျက်လုံးတွေ၊ ဦးခေါင်းတွေ ကွဲ အက်သွားတယ်။”ဟု ပြောသည်။စောထို့ဖိုးသည် ယခင်က ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော်လည်း ထိုအဖွဲ့မှ နှုတ်ထွက်ကာ သာမန်အရပ်သားအဖြစ် နေထိုင်လျှက်ရှိသည်မှာ အတော်ကြာပြီဖြစ်ကြောင်း ထိုဒေသခံက ပြောသည်။
နအဖနှင့် BGF ပေါင်းပြီး ရွာသားတဦးကို သတ်ဖြတ်
Facebook “ စူနာမီ လှိုင်း ”
“ ညီညွှတ်ကြဖို့ လိုလေပြီ ”.....
မြန်မာပြည်သည် ဒို့ ပြည်၊ မြန်မာစာသည် ဒို့ စာ၊ မြန်မာစကားသည် ငါတို့ စကား။
မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလံတော်
ရရင် ရ၊ မရရင်ချ။ ဒါဘဲ ...
Youth fighter for Democracy
My life for mother land
- .
- ( http://www.facebook.com/tsunarmiwave?v=wall )
Labels
- ဓာတ်ပုံ (11)
- နည်းပညာ (19)
- ဖတ်စရာ မှတ်စရာ (22)
- ဗွီဒီယို (45)
- သတင်း (175)
- သတင်းဌာနများ (2)
- သီချင်း (6)
- ဆောင်းပါး (29)
- ကြေငြာချက် (2)
TsunarmiWave Shine
စူနာမီ လှိုင်း. Powered by Blogger.