ကျွန်းချောင်းဂိတ်
ထိုကဲ့သို့ လှေမပြေးဆွဲရန် တားမြစ်ထားပြီး နောက်ပိုင်း စစ်တပ်မှ ခွင့်ပြုချက်မရဘဲ လှေအတက်အဆင်း ပြုလုပ်ပါက စစ်တပ်မှ ပစ်မိန့် ရရှိထားသည်ဟု လှေသမားများကို ခြိမ်းခြောက် ပြောဆိုထားသည်ဟု လှေဂိတ်ရှိ ချောင်းဆုံဒေသခံ တစ်ဦးက ပြောသည်။
ချောင်းဆုံတွင် မြန်မာစစ်အစိုးရတပ် ခမရ ၂၈၃ နှင့် ခမရ ၄၀၅ တို့က လှုပ်ရှားနေကြောင်း သိရသည်။
“အခုဆို ဂိတ်တွေလည်း အားလုံးပိတ်ထားလိုက်တယ်၊ လှေအတက်အဆင်း လုပ်လို့ မရတော့ဘူး၊ လှေပြေးဆွဲတာတွေ့ရင် ပစ်မယ်လို့ပြောထားတယ်၊ အဲဒီအနီးနားတစ်ဝိုက်က ရွာခံတွေလည်း တိုက်ပွဲဖြစ်မှာကို အရမ်းကြောက်နေတယ် တချို့ဆို ရွာမှာတောင် မနေရဲကြတော့ဘူး” ဟု ၄င်းက ပြောပါသည်။နိုဝင်ဘာ ၂၈ ရက်နေ့တွင် ချောင်းဆုံမှ သုံးမိုင်လောက်ဝေးသည့် မယ်တဗွီးကျေးရွာ၌ ကေအန်ယူနှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် ရွာခံ ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးသွားသည့်အတွက် စစ်အစိုးရတပ်မှ ရေလမ်းခရီးဖြင့်သွားသည့် လှေများအား ဂိတ်မှထွက်ရန် ပိတ်လိုက်သည်ဟု ချောင်းဆုံဒေသခံက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်အစိုးရနှင့် ကရင်တပ်အကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့်အတွက် ကျွန်းချောင်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၅ ရွာမှ ဒေသခံပြည်သူများ ဘေးကင်းရာ သုံးဆူမြို့သို့ ခေတ္တခဏ ပြောင်းရွှေ့ နေကြကြောင်း ဒေသခံများက ပြောသည်။“အခုလို တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ ကျမတို့ ရွာကနေ ထွက်ပြေးရတာပေါ့၊ ရွာမှာ မနေရဲတော့ဘူးလေ၊ တိုက်ပွဲတွေကလည်း အနီးအနားတဝိုက်မှာပဲ ဖြစ်နေတယ် ကိုယ့်ရွာမှာလည်း တိုက်ပွဲပြန်ဖြစ်မှာ ကြောက်နေရတယ်”ဟု သုံးဆူသို့ ထွက်ပြေးလာသည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်ရှိ ဆန်ကုန်သည်ကြီးနှစ်ဦးအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဆန်အိတ် တစ်ထောင် သိုလှောင်ထားပေးရန် ညွှန်ကြားထားကြောင်း ထိုဆန်ကုန်သည်နှင့် နီးစပ်သည့် သုံးဆူမြို့ခံ တစ်ဦးက ပြောသည်။ ထိုဆန်အိတ်များကို သုံးဆူနယ်တဝိုက်ရှိ စစ်အစိုးရတပ်တို့က ရိက္ခာ လိုအပ်လာသည့်အခါမှာ လာရောက် ထုတ်ယူမည်။လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့၌ တောင်စွန်းမှ နွားလှည်းဖြင့်သယ်လာသည့် ဆန်အိတ် ၅၀ ကို ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၆ မှ ပလုံးရွာထိပ်မှာ သိမ်းယူမှုရှိခဲ့သည်ဟု ကေအန်ယူ တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ပြောသည်။
ယခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရုံမက လှေလမ်းပါ ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်းတက်ကာ စားဝတ်နေရေး အဆင်မပြေ ဖြစ်ရသည်ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ခရီးသည်တင် စက်လှေများ သွားလာခွင့်မပြုရန် စစ်အစိုးရ ဘက်က ယခုရက်ပိုင်းအတွင်း ညွန်ကြားထားကြောင်း သိရသည်။ ဘုရားသုံးဆူမြို့နယ်မှ ကြာအင်းဆိပ်ကြီးသို့ ကားလမ်း မပေါက်သေးသောကြောင့် ကုန်သည်နှင့် ဒေသခံများက စက်လှေကို အဓိကထား၍ သွားလာနေသော လမ်းကြောင်း ဖြစ်သည်။
နအဖ စစ်တပ်က ပေါ်တာဆွဲ၍ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)
“စစ်ရေးအရ ချောင်းဆုံမှာရှိတဲ့ စက်လှေတွေဟာ ကြာအင်းဆိပ်ကြီးဘက်ကို မဆင်းရဘူး၊ ကြာအင်းဆိပ်ကြီးမှာရှိတဲ့ စက်လှေ တွေဟာ ဘုရားသုံးဆူကို မဆင်းရဘူး အဲဒီလို ညွန်ကြားထားတယ်”ဟု ၎င်းက ပြောဆိုသည်။
စစ်အစိုးရ၏ ယခု ညွန်ကြားချက်နှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ် လုံခြုံရေး အတွက် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ များက ဆိုသည်။ဗိုလ်ကြီး ဖဒိုစောထဲနေက“ဘုရားသုံးဆူမြို့ လုံခြုံရေး အနည်းအကျဉ်းပေါ့ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ လတုန်းက ဘုရားသုံးဆူ မြို့ကို DKBA(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)က ၀င်ပြီးတော့ ပစ်တာခတ်တာ၊ သစ်တောရုံးတွေကို မီးရှို့တော့ သူတို့ကတော့ မြို့ကို ပြန်ပြီးတော့ တည်ငြိမ်အောင် ခဏလုံခြုံရေး ယူပေးတာ”ဟု ဆိုသည်။
နအဖ စစ်တပ်က ပေါ်တာဆွဲ၍ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)
ယခုအခါ ဘုရားသုံးဆူမြို့၌ ပစ်ခတ်မှုများ မရှိသော်လည်း အနီးဝန်းကျင် ဒေသတ၀ိုက်တွင် စစ်အစိုးရက ကမ်းရိုးတန်းတိုင်း စစ် ဌာနချုပ် အမှတ် ၈ စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(စကခ) လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် တိုးချဲ့ချထားကြောင်းလည်း ၎င်းက ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရတပ်များ တိုးချဲ့ချထား ခြင်း ဖြစ်သည်။
ယနေ့ စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသော်လည်း စစ်အစိုးရက ဖလူးကျေး ရွာတွင် တပ်စွဲထားပြီး ပေါ်တာ အတွက် လိုက်လံ ဖမ်းဆီးနေသောကြောင့် ဒေသခံရွာသား ၆၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်သို့ ထပ်မံ တိမ်းရှောင်လာကြောင်း သိရသည်။
ယမန်နေ့က ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက နေရပ် ပြန်ခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။ ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့် ရှောက်ထားသည်။
ထွက်ပြေးတိမ်းရှောင်လာသူ တဦးက“စစ်သားတွေက မင်းလက်ပံရွာထဲမှာ ၀င်ပြီးတော့ တပ်စွဲထားပြီး ပေါ်တာတွေ လိုက်ဖမ်း နေတယ်၊ တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် ပေါ်တာလိုက်ဖမ်းတော့ ရွာထဲမှာ မနေရဲကြလို့ ထိုင်းဘက်ခြမ်းမှာ လာရှောင်နေကြ တယ်”ဟု ပြောသည်။
နအဖ စစ်တပ်က ပေါ်တာဆွဲ၍ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ်ဖြတ် ကျော် ခွင့်ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
ထို့အပြင် ဖလူးလေး၊ ဖလူးကြီးကျေးရွာနှင့် မင်းလက်ပံ စသည့် ကျေးရွာများတွင် နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။ ဖလူးလေးရွာမှ နော်ခူးက“ကလေး ၄ ယောက်နဲ့ လာလိုက်ပြန်လိုက်နဲ့ ခဏခဏပဲ၊ ဒီတခါတော့ တကယ်အေးမှပဲ ပြန်တော့ မယ်၊ ဒီမှာနေခိုင်းလည်း မနေဘူး၊ ကိုယ့်အိမ် ကိုယ့်ရွာရှိတယ်”ဟု ပြောဆိုသည်။