နိုင်ငံတစ်နိုင်ငံ ယိုင်နဲ့ပြိုကျမသွားစေရန် ထောက်တိုင် လေးခုက ကြားကန်ပေးထားသည်။ သတင်း မီဒီယာသည် ဒေါက်တိုင် တစ်ခုအနေဖြင့် ပါဝင်သည်။ ပါဝင်လျက်ဆဲရှိနေသည်။ ယုတ်စွအဆုံး သတင်းမီဒီယာ များကို နိုင်ငံ၏ Watch Dog ဟု သမုတ်ကြသည်။ ''အိမ်စောင့်ခွေး''ဟု ပွင့်လင်းစွာအဓိပ္ပာယ် ဖွင့်ကြသည်။ သတင်းမီဒီယာသည် အစိုးရနှင့်ပြည်သူအကြား Bridge လုပ်ပေးသည်။ တံတားထိုးပေးသည်။ ပေါင်းကူးပေး သည်။ မီဒီယာသည် Medium မှလာသည်။ ထို့ကြောင့် မီဒီယာသည်ကြားခံဖြစ်သည်။ အလယ်အလတ်ကျသည်။ သမာသမတ်ကျသည်။ မျှတသည်။ မီဒီ ယာတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းမှသည် ရုပ်သံလွှင့်များ ပါဝင် သည်။ အကျုံးဝင်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ၏သက်တမ်းကား မသေး လှ။ အတိအကျဆိုရမူကား ၁၈၃၆ မတ်လ၃ရက် တွင် မော်လမြိုင် ခရော်နီကယ်သတင်းစာ စထွက်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး သော သတင်းစာဖြစ်သည်။ မြန်မာ့ပထမဆုံးသတင်းမီဒီယာကန့်လန့်ကာကို စဖွင့်ခဲ့သည်။ ယင်းနောက် မင်းတုန်းမင်းကိုယ်တိုင် ရတနာပုံသတင်းစာကို ထုတ်ဝေခဲ့သည်။ ၁၈၇၅ခုနှစ် မတ်လ၁၉ ရက်တွင်ဖြစ်သည်။
''သတင်းစာသည် နေ့စဉ်သင်ကြားလမ်းညွှန်သူလဲဖြစ်၊ နေ့စဉ် ဟစ်တိုင်လဲဖြစ်သည်'' ဟု ..
ကမ္ဘာကျော်သတင်းစာဆရာကြီး ဂျိုး ဇက်ပူလစ်ဇာ က မှတ်ချက်ပေးခဲ့သည်။
''သတင်းစာသည် အမှန်ကိုရှေ့နေလိုက်၍ အမှားကိုရှုတ်ချ သူဖြစ်သည်'' သောမတ်ဂစ်ဗဆန်က ဆိုသည်။ ''လူ့ဘ၀၏ အကြီးမားဆုံးအသံဖြစ်သည် " ဟု ဂျိမ်းစ်ဂေါ် ဒန်ဗင်းနက်က အဓိပ္ပာယ်ဖွင့်သည်။
ခေတ်တစ်ခေတ်သည် ပါရာဒိုင်းအရွေ့ထဲတွင် စီးဆင်း နေမြဲဖြစ်သည်။ ထို့အတူ သတင်းမီဒီယာများ သည်လည်း အဆိုပါ အရွေ့နှင့်အတူ စီးမျောလိုက်ပါနေသည်။ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား မှသည် အင်တာနက်အဆုံး သတင်းမီဒီယာများသည် အဟုန်ဖြင့်စီးဆင်းနေသည်။သတင်းအဖြစ်အပျက်များသည် လျင်မြန်စွာဖြင့် ပြည်သူ့ရင်ခွင်ကြား တိုးဝင်နေသည်။ တိုးဝင်နေမြဲဖြစ်သည်။ ဆက်လက်တိုးဝင်နေဦးမည်။
ဟာမင်အားလစတိုင်းက ယခုလိုဆို ခဲ့သည်။
''သတင်းစာသည် လူမှုဘ၀ကို ကြေးမုံကဲ့သို့ ထင်ဟပ်၍ အကျင့်ပျက်မှုများကို ဖွင့်ချ၊ လူ့အဖွဲ့အစည်းကို စောကြောရန် တာဝန် ရှိသူဖြစ်သည်။ ''
မြန်မာနိုင်ငံမှာတော့ ၂၀၁၀ အလွန်တွင် သတင်းမီဒီယာများ ပိုမိုပွင့်လင်းလွတ်လပ်လာလိမ့်
ထို.ကြောင့် ..........
တိုင်းပြည်ကို အမှန်အကန် တိုးတက်လိုလျှင် ...
စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်လိုလျှင် ...
ကောင်းမွန်သည့် အုပ်ချုပ်ရေး ယန္တရား တစ်ခုဖြစ်စေလိုလျှင် ...
အကျင့်ပျက်ချစားမှုများ လျော့နည်းလိုလျှင် ...
ပြည်သူလူထု မျက်စိဖွင့်နားဖွင့်ပြီး ကမ္ဘာနိုင်ငံကြီးများနှင့်ရင်ဘော
မီဒီယာလွတ်လပ်ခွင့်ကို မျက်ကွယ်ပြုလို.မရပါ ... တံတားဟုဆိုဆို၊ အိမ်စောင့်ခွေးဟုခေါ်ခေါ် မည်သို့ပင် ဆိုစေကာမူ နိုင်ငံ၏ဒေါက်တိုင်များဖြစ်သည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို မျက်ကွယ်ပြု၍မရ၊ ချန်ထားခဲ့၍ကားမရ ။ လက်တွဲ ခေါ်ယူရမည်သာဖြစ်သည်။ သို့မှသာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းပေမည်။
From forward mails
Thanks,ဦးဦး မှော်ဆရာ