ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များ၏ အဓိကစိုက်ပျိုးသီးနှံ မတ်ပဲခင်းများ ယခုနှစ်တွင် အများအပြား ပျက်စီးပြီး အထွက်နှုန်းလျော့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီနှင့် ပြည်ခရိုင်အတွင်း မြို့နယ် ၁၄ မြို့နယ်ရှိ မတ်ပဲခင်း အားလုံးလိုလို ပိုးကျနေပြီး၊ ပျက်စီးမှု ပမာဏမှာ စိုက်ဧက၏ လေးပုံတပုံခန့်အထိပင် ရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။
“အပင်ပေါက်စ အရွက်တွေ စိမ်းညို့နေတဲ့အချိန်
ပျက်စီးနေသော မတ်ပဲစိုက်ခင်းများကို ယခုလ ၂၄ ရက်နေ့တွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - အောင်ထက်၊ မဇ္ဈိမ)
တလသားမှာ ပိုးကျတာ။ အရွက်တွေ ဝါခြောက်ပြီး အပင်တွေ သေကုန်တယ် ” ဟု မင်းလှမြို့နယ်အပိုင် ထောက်ကြံ့ကွင်း ကျေးရွာမှာ မတ်ပဲ စိုက်တောင်သူ တဦးက မဇ္ဈိမကို ပြောသည်။ မတ်ပဲပင်များတွင် ပိုးကျသောကြောင့် ပိုးသတ်ဆေးများ သုံးစွဲသော်လည်း အပင် များ ဆက်လက်သေဆုံးနေသည်ဟု ဆိုသည်။
ပိုးအမည်ကိုမူ မြစ်ဖုရောဂါပိုး၊ ရွက်ခြောက်ရောဂါပိုး၊ မှိုရောဂါ ပိုး၊ ထိပ်နာကျရောဂါပိုး၊ မြစ်ပုပ်ရောဂါပိုး စသဖြင့် ဒေသ အလိုက် ကွဲပြားစွာ ခေါ်ဝေါ်နေကြသည်။
ပိုးအမည်ကိုမူ မြစ်ဖုရောဂါပိုး၊ ရွက်ခြောက်ရောဂါပိုး၊ မှိုရောဂါ ပိုး၊ ထိပ်နာကျရောဂါပိုး၊ မြစ်ပုပ်ရောဂါပိုး စသဖြင့် ဒေသ အလိုက် ကွဲပြားစွာ ခေါ်ဝေါ်နေကြသည်။
“ဒီနှစ်က ပိုဆိုးမယ်။ အရင် တဧက ၁၂ တင်းလောက် ထွက် တဲ့အခင်း အခုနှစ် ၇ တင်း၊ ၈ တင်း ရရင် ကံကောင်းလို့ပဲ” ဟု အခင်းဖြစ်ရာ ဒေသတွင်းမှ တောင်သူတဦးက ပြောသည်။ စိုက်ပျိုးချိန်မှန်၊ ရာသီမှန်သော်လည်း ပဲပင်သေနှုန်း တစတစများလာသည့် အနေအထားကို တောင်သူ လယ်သမား များ စိုးရိမ်နေကြသည်ဟု ဆိုသည်။ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ပဲအထွက် ကျဆင်းလာခဲ့ရာမှ ယခုနှစ်တွင် ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း အုတ်ဖို တောင်သူများက ခန့်မှန်းကြသည်။ ပဲခူးတိုင်း အနောက်ခြမ်း မတ်ပဲစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှ NLD ပါတီဝင် ဒေါ်ခင်ဝိုင်းက “မတ်ပဲက ၂ လလောက်နဲ့ သီးပြီး ဆန်ထက်လည်း ဈေးကောင်းရတော့ လယ်သမားတွေ စိုက်ကြတယ်။ ဒီပဲခူးတိုင်း အနောက်အခြမ်းမှာ ဒီအချိန်ဆိုရင် လယ်သမားတွေအားလုံး ပဲစိုက်ကြတယ်” ဟု မဇ္ဈိမကို ပြောသည်။
အစိုးရ စိုက်ပျိုးရေးဌာနများသို့ အကူအညီတောင်းသော်လည်း ကွင်းဆင်းစစ်ဆေးမှု မရှိဘဲ၊ ဌာနမှ ရောင်းချသည့် ပိုးသတ်ဆေးမျိုးစုံကိုသာ ရောင်းချကြောင်းနှင့် ဝယ်ယူအသုံးပြုသော်လည်း ပိုးမသေဘဲ အပင်များသာ ဆက်လက်သေဆုံးနေကြောင်း အုတ်ဖိုမြို့နယ်၊ ထူးကုန်းကျေးရွာ မတ်ပဲစိုက်တောင်သူများ အဆိုအရ သိရသည်။
မတ်ပဲကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် သက်လျင်မိုးစပါးရိတ်သိမ်းပြီး မိုးနှောင်းကာလ (အောက်တိုဘာလ နှောင်းပိုင်း) မှစ၍ စိုက်ပျိုးသည်။ မိုးနှောင်းကာလတွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ အောက် ပိုင်း ဒေသတွင် မိုးစပါးရိတ်သိမ်းပြီး ထွန်ရေးမဲ့စနစ်ဖြစ်သော ခုတ်ဖုံးစနစ်သာမက ရေလိုက်စနစ်များဖြင့် စိုက် ပျိုးကြသည်။
အစိုးရ စိုက်ပျိုးရေးဌာနများသို့ အကူအညီတောင်းသော်လည်း ကွင်းဆင်းစစ်ဆေးမှု မရှိဘဲ၊ ဌာနမှ ရောင်းချသည့် ပိုးသတ်ဆေးမျိုးစုံကိုသာ ရောင်းချကြောင်းနှင့် ဝယ်ယူအသုံးပြုသော်လည်း ပိုးမသေဘဲ အပင်များသာ ဆက်လက်သေဆုံးနေကြောင်း အုတ်ဖိုမြို့နယ်၊ ထူးကုန်းကျေးရွာ မတ်ပဲစိုက်တောင်သူများ အဆိုအရ သိရသည်။
မတ်ပဲကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် သက်လျင်မိုးစပါးရိတ်သိမ်းပြီး မိုးနှောင်းကာလ (အောက်တိုဘာလ နှောင်းပိုင်း) မှစ၍ စိုက်ပျိုးသည်။ မိုးနှောင်းကာလတွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ အောက် ပိုင်း ဒေသတွင် မိုးစပါးရိတ်သိမ်းပြီး ထွန်ရေးမဲ့စနစ်ဖြစ်သော ခုတ်ဖုံးစနစ်သာမက ရေလိုက်စနစ်များဖြင့် စိုက် ပျိုးကြသည်။
ပျက်စီးနေသော မတ်ပဲစိုက်ခင်းများကို ယခုလ ၂၄ ရက်နေ့တွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - အောင်ထက်၊ မဇ္ဈိမ)
မတ်ပဲ တဧကအတွက် မျိုး၊ ဓာတ်မြေသြဇာစရိတ်၊ သူရင်းငှားခ အပါအဝင် စိုက်ပျိုးစရိတ် ကျပ် တသိန်းကျော် ကုန်ကျသည်။ ပုံမှန်အားဖြင့် တဧကထွက်နှုန်း ပျမ်းမျှ ၁ဝ တင်း ဝန်းကျင်နှင့် အထက်တွင် ရှိပြီး ဒိုင်သွင်းဈေး တတင်း ကျပ် ၂ သောင်းခန့် ပြန်ရသဖြင့် အထွက်ကောင်းပါက တဧကကျပ် ၁ သိန်းခန့် အမြတ်အစွန်းကျန်သည်။
လက်ရှိ မတ်ပဲပင်များ သေဆုံးမှုကို အဖွဲ့အစည်းများ၊ ပညာရှင် များက ကွင်းဆင်းမှု မရှိသလို သုံးသပ်ပြောဆိုမှု အမျိုးမျိုးလည်း တွေ့ရသည်။ မြေဆီအစိုဓာတ်များ၍ မြေသားကျပ်ခြင်းကြောင့် အရွက်များ ဝါကျင့်သေဆုံးခြင်းဟု တောင်သူများက ယူဆ နေသကဲ့သို့ ဓာတုဓာတ်မြေသြဇာ များကြောင့် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်ခြင်းဟု ယူဆသည့် ပညာရှင်များ တွေ့ရသည်။

“နှစ်ပေါင်းများစွာ ပိုးသတ်ဆေးမျိုးစုံ သုံးစွဲလာကြတဲ့ ဆိုးကျိုးပဲ။ မြေတွေ အချဉ်ပေါက်ကုန်ပြီ။ မြေအချဉ်ဓာတ် များနေရင် မြေအစိုဓာတ် မထိန်းနိုင်ဘူး။ မြေကန်းတယ်ခေါ်တယ်။ မြေပြင်ရမယ်။ ပထမတန်းစား မြေပြန်ဖြစ်ဖို့ ထိုက်သင့်သလောက် အချိန်ယူရမယ်။ ဒီလိုမြေမှာ မတ်ပဲမှ မဟုတ်ဘူး၊ စပါးစိုက်လည်း အထွက်လျော့မှာပဲ” ဟု စိုက်ပျိုးရေးပညာရှင် အရာရှိတဦးက သုံးသပ်သည်။နောက်ချေး၊ ကောက်ရိုးဆွေး၊ ပဲမှော်၊ ကုက္ကိုလ်ရွက်ကဲ့သို့ သဘာဝ မြေသြဇာ ပြောင်းသုံးပြီး ဘာကာရှီနည်း ခေါ် အနုဇီဝပိုး မွေးမြူခြင်းဖြင့် မြေပြုပြင်ရမည်ဟု သူက ဆက်ပြောသည်။ လယ်မြေအသုံးမပြုဘဲ ယင်းသို့ ပြုပြင်ရန်မှာ တောင်သူများအတွက် အကြီးမားဆုံး အခက်အခဲဟု ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲတင်ပို့မှုတွင် ကနေဒါနိုင်ငံနောက် ဒုတိယနေရာတွင် ရှိသည်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာ ရေး နှစ်တွင် မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးတန်ချိန် ၁၂ သိန်း ထွက်ရှိခဲ့ပြီး၊ ယင်းအနက် မတ်ပဲ ထွက်ရှိမှုမှာ တဝက်တိတိ (တန်ချိန် ခြောက်သိန်းကျော်) ရှိခဲ့သည်။
http://www.mizzimaburmese.com/