Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ကချင်တောင်သူများ လယ်မြေ ယုဇန ကုမ္ပဏီ ဖျက်ဆီး

  • Thursday, December 16, 2010
  • .
  • အကြောင်းအရာ >

  • စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနီး ကျေးရွာများမှ မြေယာများ သိမ်းယူခဲ့ပြီးနောက် ဒေသခံများ အသစ်ရှာဖွေ လုပ်ကိုင်ထွန်ယက် စိုက်ပျိုးနေသည့် လယ်ယာမြေများကိုပါ မြေတူးစက်ဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း တောင်သူများက ပြောသည်။
    kachin-land

    ကချင်ပြည်နယ် ရွာတခုအနီးတွင် မြေများကို တူးဖြို ရှင်းလင်းနေစဉ်။ (ဓာတ်ပုံ - independent.co.uk)

    ယခုကဲ့သို့ ယုဇန ကုမ္ပဏီ၏ လုပ်ရပ်ကြောင့် ရာပေါင်းများစွာသော တောင်သူများ အခက်အခဲ ဒုက္ခနှင့် ကြုံနေကြရကြောင်း ဖားကန့်မြို့နယ် ဘန်ကောက် ရွာသားတဦးက ပြောသည်။

    “ကျနော့် အခင်းတောင် တ၀က်လောက်ပါသွားတယ်။ ကျနော့်မိန်းမက သွားတားတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့က မထိုးဘူး။ သူပြန်လာတဲ့နောက် မိုးချုပ်ခါနီးမှာ ၀င်ထိုးသွားတယ်” ဟု ၎င်းက ဆိုသည်။

    တောင်သူ တဦးဖြစ်သည့် ဦးလမုံဇုန်ကလည်း “သိမ်းထားတဲ့ မြေတွေမှာ စိုက်ဖို့ မပြောနဲ့၊ ကျွဲတွေ နွားတွေတောင် မကျောင်းခိုင်းဘူး။ ရွာရဲ့ အနောက်ဘက်က ဧက သိန်းချီပြီးတော့ မြေတူးစက်နဲ့ ထိုးလိုက်ပြီ။ ရွာရဲ့ တခြားဘက် လုပ်စားဖို့ဆိုပြီး တောင်ယာတွေခုတ်၊ အခင်းတွေ ခုတ်ပြီးတော့ နှစ်ရှည်ပင်တွေလည်းစိုက်၊ တော်တော်လည်း ပြန်ကြိုးစားမယ်ဆိုပြီး လုပ်တဲ့အခါကျတော့ သူတို့က ထပ်လုပ်လာတယ်” ဟု ပြောသည်။

    ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ မြေယာများ သိမ်းယူခြင်းကို ၂၀၀၇ ခုနှစ်ကတည်းက မိုးညှင်းခရိုင် ဖားကန့်မြို့ရှိ ကျေးရွာများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၃၃၈ ဧကကို သိမ်းယူခဲ့သည်။ မြေယာများ သိမ်းခဲ့ပြီးနောက် အာဏာပိုင်များက မြေယာအစား ပြန်ပေးကြောင်း၊ သို့သော် စိုက်ပျိုးစားသောက်ရန် မဖြစ်နိုင်သည့် မြေအမျိုးအစားများသာ ဖြစ်ကြောင်း သိရသည်။

    “ဦးဌေးမြင့်ရဲ့ လုပ်ရပ်က အင်မတန်မှ လူသားမဆန်တဲ့ ပုံစံဖြစ်နေပြီ။ ကျမတို့ ဒေသက လူတွေကို တမင်သတ်တဲ့ ပုံစံဖြစ်နေပြီ။ နောက်ပိုင်းဖြစ်လာမယ့် ပြဿနာကိုတော့ ကျမတို့လည်း မခံစားနိုင်တော့ဘူး။ ဒီထက်လည်း ကျမတို့ ဆက်ပြီး သည်းခံနေမှာ မဟုတ်တော့ဘူး။ ရှေ့ဆက်ပြီးတောင်သူတွေ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတော့တယ်” ဟု မြေအသိမ်းခံရသူ တဦးဖြစ်သော ဒေါ်ဘောက်ဂျာက ပြောသည်။

    ယုဇနကုမ္ပဏီက စစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြေယာများကို သိမ်းယူရာတွင် ယင်းမြေပေါ် စိုက်ပျိုးထားသည့် သီးနှံ စိုက်ခင်းများ၊ လယ်မြေနှင့် ဥယျာဉ်ခြံများ ပျက်စီးခဲ့ရသည့်အတွက် လျော်ကြေးရရှိရန် တောင်သူများက တရားစွဲဆို ခဲ့သော်လည်း ယုဇနကုမ္ပဏီက လျော်ကြေးပေးမည်ဟုသာ ပြောဆိုကာ အမှုကို ခတ္တ ရပ်ဆိုင်းခဲ့သည်။ ကုမ္ပဏီက တချို့သော တောင်သူများကို လုံးဝ လျော်ကြေး မပေးခြင်း၊ ပေးလျှင်လည်း သတ်မှတ်ထားသည့် လျော်ကြေးငွေ အပြည့်အ၀ မပေးခြင်းများကြောင့် တောင်သူ ၂၁၄ ဦးက အုပ်စု ၃ စု ခွဲကာ ရသင့်ရထိုက်သော လျော်ကြေးကိုရရှိရန်အတွက် တရားရုံးတွင် အမှုဖွင့်ခဲ့သည်။

    တရားစွဲဆိုခြင်းကို လက်ခံလိုက်သော်လည်း ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်အစား ကုမ္ပဏီတာဝန်ခံ တဦးကို အစားထိုး ပြောင်းလဲ တရားစွဲရန် အမိန့်ချမှတ်ခဲ့သည်။ ပြည်နယ်တရားရုံးက အမှုကို စစ်ဆေးရန်အတွက် တောင်သူများကို နေ့စဉ် တရားရုံးသို့ ဆင့်ခေါ်နေသဖြင့် စားဝတ်နေရေး အခက်အခဲကြောင့် သွားရောက်ရန် အခက်အခဲ ဖြစ်နေ ကြောင်းလည်း သိရသည်။“အခု လောလောဆယ်တော့ ကြုံရာ ကျပန်းလုပ်နေတဲ့ ဘ၀ရောက်နေတယ်။ တရားရုံးကိုလည်း ၇ ခေါက် ၈ ခေါက် လောက် သွားပြီးပြီ။ အခု သွားစရာလည်း မရှိတော့လို့ တအား ဒုက္ခရောက်နေတာ။ ကျနော် တဦးတည်းလည်း မဟုတ်ဘူး။ ပြည်နယ်ရုံးတက်တဲ့ သူတွေအားလုံး ဒုက္ခဖြစ်နေတယ်” ဟု တောင်သူ ဦးဝိုင်းယဲ့ယို က ပြောသည်။

    ဦးဌေးမြင့်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု၍ တနင်္သာရီတိုင်း မြိတ်မြို့နယ်မှ အမျိုးသား လွှတ်တော်အတွက် အရွေးချယ်ခံထားသူ တဦးဖြစ်သည်။ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်မှ ထုတ်ပြန်ခဲ့သည့် “အာဏာရှင်များ၊ သူဌေးကြီးများနှင့် ကျားများ” (Tyrants, Tycoons and Tigers) အမည်ရှိ အစီရင်ခံစာတွင် ဟူးကောင်း ချိုင့်ဝှမ်းမှ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေတွင် ကြံနှင့် ဇီဝလောင်စာဆီအတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေဧက ၂ သိန်းကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့ကြောင်း၊ ထို သိမ်းယူမှုကြောင့် ဒေသခံများ အတင်းအကျပ် ပြောင်းရွှေ့ခံရခြင်း၊ မြေတူးစက်များ အသုံးပြုခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း ဖော်ပြထားသည်။

    http://www.irrawaddy.org/