Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ဒုတိယပင်လုံ တပ်မတော်ပါမှ အောင်မြင်မည်ဟု အမေရိကန်သံကိုပြော

  • Saturday, December 11, 2010
  • .
  • အကြောင်းအရာ >
  • မျိုးသန့် | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၁ မိနစ်

    ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင်များ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒုတိယ ပင်လုံ ညီလာခံမှာ တပ်မတော်ပါဝင်မှ အောင်မြင်မည်ဟု ဝန်ခံခဲ့ပြီး ပါဝင် ဆွေးနွေးစေလိုကြောင်း ပြောခဲ့ကြသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
    “ဒုတိယ ပင်လုံညီလာခံက ပြည်ထောင်စု စိတ်ဓာတ်ကို အတည်ပြုဖို့ ဖြစ်တယ်၊ အဲဒါ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ဆန့်ကျင်ဖို့မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်းကိုမှ ဆန့်ကျင်ဖို့ ရည်ရွယ်တာမရှိဘူး၊ တကယ့်တကယ် လက်တွေ့ သဘောအရ ပြောမယ်ဆိုရင် တပ်မတော်လဲ ပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်၊ တပ်မတော်ကိုလဲ ပါဝင်စေချင်တယ်၊ အတူတူ လက်တွဲပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။






    မစ္စတာယွန်း၏ ၄ ရက် ခရီးစဉ် နောက်ဆုံးနေ့တွင် NLD
    ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

    CRPP ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထို့အစည်းအဝေးအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ ထပ်မံ ဆွေးနွေးခဲ့ကြသည်။

    ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်း အတွက် NLD တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

    တပ်မတော်၊ ဒီမိုကရေစီ အင်အားစုများနှင့် လက်နက်ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းစေနိုင်သော ဒုတိယ ပင်လုံပင်ဖြစ်ကြောင်း CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပြောသည်။
    “အခြေခံ သဘောတူညီချက် ရအောင်၊ အဲလို သဘောတူညီချက် ရရင်၊ တပ်မတော်ဘက်ကလဲ သူတို့ ပြင်စရာရှိတာ သူတို့ပြင်ရမယ်၊ နိုင်ငံရေးပါတီ တွေကိုလဲ သိက္ခာရှိရှိ ရပ်တည်နိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးရမယ်၊ အားလုံး ပါဝင်ဆွေးနွေးပြီးရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အဓိက ပဲပေါ့၊ အဲဒါ ဒုတိယ ပင်လုံညီလာခံပဲပေါ့” ဟု ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးအေးသာအောင်က ပြောသည်။

    dassk-meet-us-envoyဆွးနွေးပွဲ တက်ရောက်သည့် CRPP အဖွဲ့ဝင် ဦးထောင်ကိုထန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် တိုင်းရင်းသားများနှင့် ပြည်သူတရပ်လုံးက စိုးရိမ်နေကြသည်ကို ကမ္ဘာ့နိုင်ငံများက ကူညီပေးစေလိုကြောင်း ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

    မေလတွင်းက မြန်မာနိုင်ငံလာခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်နောက် အဆင့်မြင့်ဆုံး အမေရိကန် အစိုးရ ကိုယ်စားလှယ် မစ္စတာယွန်း ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော်သွားကာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ဗံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ရဲချုပ် ခင်ရီအပါအဝင် အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။

    သံတမန် သတင်းရပ်ကွက်တခုအရ မစ္စတာယွန်းက သိပံ္ဗနှင့် နည်းပညာဝန်ကြီး ဦးသောင်းကို အမေရိကန် သံတမန် ကြေးနန်းများ ဝီကီလိခ်ဝက်ဆိုက်တွင် ပေါက်ကြားပုံကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။
    ရန်ကုန်ရှိ အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် မြန်မာနိင်ငံတွင် လူ့အခွင့်အရေး တိုးတက် ကောင်းမွန်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် အဓိက စိုးရိမ်မကင်းဖြစ်နေသော ကိစ္စရပ်များအတွက်
    အမေရိကန်အနေဖြင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း ထပ်မံပြောကြားခဲ့သည်ဟု ပါရှိသည်။

    မြန်မာဘက်က တုံ့ပြန်မှုကို မသိရသော်လည်း မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။အမေရိကန် ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံးနေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ကျားဖြူပါတီမှလွဲ၍ ကျန်သည့် အရွေးခံ ပါတီသစ်များနှင့် တွေ့ဆုံခဲ့သည်။ ကျားဖြူနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ကဲ့သို့ အရွေးခံ ပါတီသစ်တချို့က ၂၁ ရာစု ပင်လုံညီလာခံကိစ္စကို စောလွန်းသည်ဟု မကြာခင်က ကန့်ကွက်ထားသည်။

    http://mizzimaburmese.com/news/