Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မြန်မာဘက်မှ ခိုးသွင်းသော သစ်လုံး ၃ ထောင်ကျော်ဖမ်းမိ

  • Friday, December 17, 2010
  • .
  • အကြောင်းအရာ >

  • ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှ ခိုးသွင်းသော ထိုင်းဘတ် သန်း ၂၀၀ ကျော်တန် ကျွန်းသစ်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ထိုင်းပူးတွဲ စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်စ်ပို့ သတင်းစာက ရေးသားသည်။ချင်းမိုင် အနောက်ဘက် မယ်ဟောင်ဆောင် ခရိုင်မှ သွင်းလာ သည့် မြန်မာကျွန်း အလုံး ၃,၀၀၀ ကျော်ကို ထိုင်းအထူး စုံစမ်းဆေးရေး ဌာနနှင့် သစ်တော အခွန်ဦးစီးဌာနတို့ ပူးပေါင်း ဖမ်းဆီးသည်ဟု သတင်းစာတွင် ပါရှိသည်။ချင်းမိုင်ရှိ ပရိဘောဂနှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်သည့် Suksawat Group Co ပိုင် သစ်စက် ၂ လုံးကို စီးနင်းရာမှ သစ်များဖမ်းမိခဲ့ခြင်း ဖြစ်သည်။

    ထိုင်းသွင်းကုန် ကုမ္ပဏီ Anton သည် မြန်မာအာဏာပိုင်များထံမှ အထောက်အထားအတု ၅၇ ခု ကိုသုံးပြီး ဖမ်းမိသော သစ်လုံးများကို ခွဲသားများအဖြစ် မဲဟောင်ဆောင် အခွန်ဦးစီးဌာနသို့ စာရင်း လိမ်ပြခဲ့သည်ဟု အထူး စုံစမ်းစစ်ဆေးရေး ဌာန DSI ဒုတိယ အကြီးအကဲ မစ္စတာ Narat Savetnant က စွပ်စွဲထားသည်။ထိုင်းမြောက် ပိုင်း မှ သစ်ခိုးထုတ်မှုများကို DSI က ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စုံစမ်းနေပြီး Anton ကုမ္ပဏီ၏ မြန်မာခွဲသစ် များ တင်သွင်းမှုအပေါ် သံသယရှိနေခဲ့သည်။ယခင်လက Anton ကုမ္ပဏီ၏ မယ်ဟောင်ဆောင်ခရိုင် သံလွင် သစ်တောကြိုးဝိုင်း အတွင်းမှ သစ် ဖြတ်သန်း သယ်ဆောင်ခွင့်ကို သစ်တောဌာနက သက်တမ်းတိုးပေးရန် ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းက ဆိုသည်။

    သံလွင် သစ်တောအတွင်း ယခုနှစ် ဇန်နဝါရီလက ဖမ်းမိသော တရားမဝင် သစ်ကုဗ မီတာ ၃၂ဝဝ အမှုတွင်လည်း Anton ကုမ္ပဏီပါဝင်မည်ဟု သံသယရှိကြောင်း သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက လည်း ပြောဆိုထားသည်။Anton ၏ သစ်သယ်လမ်းသည် သံလွင်သစ်တော ဥယျာဉ်နှင့် အလှမ်းဝေးသည်ဟု ကုမ္ပဏီ ဒု-စီမံညွှန်ကြားရေးမှူးက ငြင်းဆိုသည်။အမည်မဖော်သည့် မယ်ဟောင်ဆောင် အခွန်ဦးစီးဌာန ဝန်ထမ်းတဦးကို ကိုးကား၍ ကုမ္ပဏီက ထိုင်း-မြန်မာနယ်စပ် ဘီပီ-၁၀ ထိုင်းဂိတ်နှင့် မြန်မာ သစ်ထုတ်လုပ်ငန်းတို့ မှ လုပ်ကိုင်ခွင့် အထောက်ထားများဖြင့် သယ်ဆောင်နေကြောင်း ဘန်ကောက်ပို့စ်က ရေးသည်။

    ထိုင်း-မြန်မာနယ်စပ် ဘီပီ-၁ဝ သည် ကယားပြည်နယ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ဌာနချုပ်ဟောင်းဘက်တွင် ဖြစ်ပြီး ယခုအခါ စစ်အစိုးရတပ်များနှင့် လက်နက်ချ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်-ကလလတ တို့ ထိန်းချုပ်သည် ဟု KNPP က ပြောသည်။“ကျနော်တို့ သိုးသိုးသန့်သန့် တော့ သတင်းရတယ်။ နယ်စပ်ကို ဖြတ်ဆင်းသွားတဲ့ နမ့်ပန်ချောင်း တလျောက်ပဲ။ မယ်ဟောင်ဆောင် ဘက်ပေါ့။ ဗမာပြည်ထဲမှာ ဆိုရင်တော့ ဘောလခဲလား၊ မယ်စဲ့လား မပြောတတ်ဘူး” ဟု KNPP အတွင်းရေးမှူး-၁ ခူးဦးရယ်က ပြောသည်။ကယားပြည်နယ်၌ ရှားပါး ကျွန်းရွှေဝါများ ထွက်ပြီး ၁၉၉၅ နောက်ပိုင်း ဦးတေဇပိုင် ထူးကုမ္ပဏီက သစ်ခုတ်ခွင့်ကို လက်ဝါးကြီး အုပ်ထားသည်ဟု ကရင်နီဂျာနယ် ကန္တာရဝတီတိုင်း(မ်) က ယခင်နှစ်က ဖော်ပြသည်။

    ယင်းမတိုင်မီက ကယားဖူး ကုမ္ပဏီနှင့် ဦးအောင်သန်းဖော သစ်လုပ်ငန်း ကုမ္ပဏီတို့ လုပ်ကိုင်ကြပြီး ကလလတ အဖွဲ့ကလည်း သစ်ခုတ်ခွင့် ပါမစ်ကို စစ်အစိုးရ သစ်တောဝန်ကြီးဌာနက ရရှိကြောင်းသိရသည်။ယခုနှစ်ဆန်း က စစ်အစိုးရ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သည်/စည်မှုအသင်းချုပ်၊ တာချီလိတ် ကုန်သည်/ စက်မှု အသင်းတို့မှ တာဝန်ရှိသူများနှင့် မယ်ဟောင်ဆောင် ကုန်သည်ကြီးများ အသင်း၊ ချင်းမိုင် ကုန်သည်ကြီးများ အသင်းတို့ နယ်စပ်ကုန်သွယ်ရေး တိုးချဲ့ရန် မယ်ဟောင်ဆောင်၌ ဆွေးနွေးခဲ့ကြသည်။ မယ်ဟောင်ဆောင်မှ တဆင့် ကယားပြည်နယ် လွိုင်ကော်၊ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူ၊ ပြည်၊ သံတွဲမြို့များသို့ ကူးသန်း သွားလာနိုင်ရေး လမ်းကြောင်းများ တရားဝင် ဖွင့်လှစ်ရန်လည်း ဆွေးနွေးခဲ့ကြောင်း ရန်ကုန်အခြေစိုက် မော်ဒန်သတင်းဂျာနယ်က ဖေဖော်ဝါရီက ဖော်ပြသည်။

    http://www.mizzimaburmese.com/