Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ်

  • Wednesday, December 22, 2010
  • .
  • အကြောင်းအရာ >
  • ယခုနှစ်အတွင်း ငါးမွေးမြူရေးဆိုင်ရာ အထွေထွေ ကုန်ထုတ်စရိတ်နှင့် ဝင်ငွေ အချိုးမမျှသဖြင့် အကျိုးအမြတ် နည်းပါးခြင်း၊ ငါးဈေးကွက် ပျက်ခြင်းတို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
    Fishry002

    ရန်ကုန်တိုင်းအတွင်းရှိ ငါးမွေးကန်တခု။

    (ဓာတ်ပုံ - Yangon Media)

    ငါးမွေးမြူသူများ အနေဖြင့် နိုင်ငံခြားသုံးငွေ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မွေးမြူရေးငါးများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အခက်အခဲရှိခြင်း၊ မွေးမြူစရိတ် မြင့်မားလာခြင်း များကိုလည်း ရင်ဆိုင်နေရကြောင်း ရန်ကုန်တိုင်း အတွင်းရှိ ငါးမွေးမြူရေး သမားများက ပြောသည်။

    “မနှစ်ကဆို ဒေါ်လာဈေးက တဒေါ်လာကို ၁၂၀၀ လောက် ပေါက်တယ်။ ဒီနှစ် ၉၀၀ လောက် ဆိုတော့ ပြည်ပပို့တဲ့သူတွေ အနေနဲ့ကလည်း ချိန်ဆပြီး ပို့နေရတယ်” ဟု ပြည်ပသို့ ငါးတင်ပို့နေသူ တဦးက ဆိုသည်။

    ငါးမြစ်ချင်း မွေးမြူသူများမှာ ထုတ်လုပ်မှုစရိတ်နှင့် ပေါက်ဈေးမှာ တွက်ခြေမကိုက်သည့် အနေအထားတွင် ရှိနေပြီး ငါးမြစ်ချင်း ပြည်ပတင် ပို့သူများမှာလည်း ပြည်ပ ၀ယ်လိုအားနည်းနေခြင်း၊ ငွေကြေးဈေးနှုန်း အတက်အကျ အပြောင်းအလဲ မတည်ငြိမ် မှုများ ရှိနေခြင်းတို့ကြောင့် ငါးမြစ်ချင်း ပြည်ပတင်ပို့မှုကို ချင့်ချိန် လုပ်ဆောင်နေရကြောင်း သိရသည်။
    ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ရရှိရန် ရည်မှန်းထားသော်လည်း လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်း ၃၅၄ ကျော်သာ ရရှိသေး ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် စစ်ဆေးရေးဌာနစုမှ သိရသည်။

    လက်ရှိ ငါးဈေးကွက် အတက်အကျ အနေအထားမှာ နိုင်ငံခြားသုံးငွေနှင့် ချိတ်ဆက်နေပြီး ငါးအစာဈေးနှုန်း အတက်အကျပေါ်လည်း မူတည်နေကြောင်း ရန်ကုန်တိုင်းရှိ ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးကဆိုသည်။
    “ငါးဈေးတွေကလည်း ဆက်တိုက်ကျနေတော့ အရှုံးပေါ်နေတာ။ ငါးအစာဈေးကလည်း တက်လာတော့ မကိုက်ရင်မကျွေးဘူး။ လာမယ့်နှစ်မှာ ငါးလည်းလျှော့မွေးမယ်၊ ငါးစားလည်း လျှော့ကျွေးမှ ဖြစ်တော့မယ်” ဟု ၎င်းက ပြောသည်။ယခုနှစ် စက်တင်ဘာလတွင်းမှစ၍ တချို့ငါးဈေးများမှာ တပိဿာလျှင် ကျပ် ၂၃၀၀ မှ ကျပ် ၁၉၀၀ သို့ကျဆင်းနေပြီး ပို့ကုန်ရငွေ (Export Earning) တန်ဖိုးမှာလည်း လက်ရှိပေါက်ဈေး တဒေါ်လာလျှင် ၉၂၅ ကျပ်ဝန်းကျင်မှ ထပ်မံကျဆင်းမည့် အလားအလာများ ရှိနေသည့်အတွက် ငါးဈေးနှုန်း ပြန်လည်မြင့်တက်လာမည် မဟုတ်ကြောင်း ပြည်ပသို့ ငါးတင်ပို့ရောင်းချနေသူတဦးက ဆိုသည်။

    ပြည်တွင်း နိုင်ငံခြားငွေကြေး အရောင်းအဝယ် ဈေးကွက်တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၈၅၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြုပ်နှံမှု များပြားလာခြင်းများကြောင့် ပို့ကုန်ရငွေမှာ ထပ်မံကျဆင်းဦးမည်ဖြစ်ကြောင်း နိုင်ငံခြား ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    မြန်မာနိုင်ငံတွင် ငါးမွေးမြူ ရေးလုပ်ငန်းကို ၁၉၈၈ ခုနှစ်မတိုင်မီကပင် လုပ်ကိုင်ခဲ့ကြပြီး ၁၉၈၈ ခုနှစ်တွင် ငါးမွေးကန်ဧက ၆၃၀၀ ရှိခဲ့ကြောင်း၊ ရေချိုငါးမွေးမြူရေး လုပ်ငန်းဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်း ၁၉၉၈ ခုနှစ်တွင်မူ ငါးမွေးကန်ဧကမှာ ၅ သောင်းနီးပါး ရှိလာကြောင်း၊ လက်ရှိကာလတွင် ငါးမွေးမြူရေးကန်ဧက ၂ သိန်း ၁ သောင်းကျော်ရှိကြောင်း ပြည်တွင်း စီးပွားရေး ဂျာနယ်များ၏ ဖော်ပြချက်အရ သိရသည်။ယခုနှစ် စက်တင်ဘာလအတွင်းကလည်း မိုးကြီးပြီး ရေလျှံမှုများကြောင့် မြန်မာပြည်အထက်ပိုင်းတွင် ငါးမွေးမြူရေးကန် ဧကများစွာ ထိခိုက် ဆုံးရှုံးမှု ဖြစ်ခဲ့သေးသည်။