Desktop ပေါ်မှာ shortcuts လေးတွေလုပ်ပြီး ကွန်ပျူတာကို Restart,logoff,shutdown လုပ်မယ်.
၁။desktop ရဲ့ နေရာ လွတ်တစ်ခုမှာ Right Click လုပ်ပါ။
၂။New မှတဆင့် shortcut ကို နှိပ်ပါ။
၃။အောက်ကပုံရဲ့ အနီလေးဝိုင်းထားတဲ့ နေရာမှာ Shutdown -S -t 0 ကိုရိုက်ထည့်လိုက်ပါ.။ပြီးလျှင် Next ကို နှိပ်လိုက်ပါ။shutdown ဆိုသောနေရာ တွင် မိမိကြိုက်ရာ name ကိုရွေးကာ finish လုပ်လိုက်ရင်ရပါပြီ။
ပုံ(၁)
ပုံ(၂)
၎။icon ပြောင်းချင်လျှင် အစောကပြုလုပ်ထားသော shortcut ကို Right Click လုပ်ပါ။Properties မှတဆင့် shortcut tabကို နှိပ်ပါ။change icon ကို နှိပ်ပါ။မိမိပြောင်းလိုသော ပုံကိုရွေးကာ Apply >Ok ပေးလိုက်ရင်ရပါပြီ။
restart အတွက်ကတော့  အပေါ်ကအဆင့် အတိုင်းလုပ်လိုက်ပါ။
ပုံ (၁)မှာshutdown -r -t 0 ကိုထည့်လိုက်ပါ။
Logoffအတွက်ကတော့ အပေါ်ကအဆင့် အတိုင်းပဲလုပ်လိုက်ပါ။
ပုံ(၁)မှာပြထားတဲ့ အတိုင်းပဲ shutdown -l -t 0 ဆိုတာလေးကိုထည့် လိုက်ပါ။
Windows 7 ရဲ့ start menu ကနေ Run command ကို ထည့် မလား။ဖြုတ်မလား။
၁။Start menu ကို Right click လုပ်ကာ properties မှတဆင့် Customize ကိုသွားပါ။
၂။ပုံမှာပြထားတဲ့ အတိုင်း Run command ကို ထည့် ချင်လျှင် check ပေးကာ OK ကို ကလစ်လုပ်လိုက်ပါ။
ဒီလိုမြင်ရမှာပါ...
၃။မထည့် ချင်ဘူးဆိုရင်တော့ uncheck ပေးကာ OK ကို ကလစ်လုပ်လိုက်ပါ။
Windows 7 ရဲ့  Run command box ကို shortcut လေးအဖြစ် ဖန်တီးမယ်
၁။Desktop ရဲ့ နေရာလွတ်တစ်ခု မှာ Right Click လုပ်ပါ.။New မှတဆင့် Shortcut
ကို နှိပ်ပါ။
၂။Type the location of the item ဆိုတဲ့ နေရာမှာ
C:\Windows\explorer.exe shell:::{2559a1f3-21d7-11d4-bdaf-00c04f60b9f0}
ကို ထည့် ကာ next ကို နှိပ်လိုက်ပါ။
၃။မိမိ ပေးလိုသော နာမည်ထည့် ကာ finish ပေးလိုက်ပါ။
၅။shortcut tab ကို နှိပ်ပါ။ပြီးလျှင် Change Icon button ကို ကလစ်ပါ။
၆။Look for icons in this file ဆိုတဲ့ အောက်ကို
%SystemRoot%\System32\imageres.dll
ကူးထည့် လိုက်ပါ။
၇။မိမိကြိုက်ရာပုံကိုရွေးကာ Apply > Ok ပေးလိုက်ရင်ရပါပြီ။