Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

စတိုင်သစ် မူလထုတ်ဝေသူ ပြန်ကိုင်မည်

  • Tuesday, December 14, 2010
  • .
  • အကြောင်းအရာ >

  • ချင်းမိုင်(မဇ္စျိမ)။ ။ နိုင်ငံရေး ဆောင်းပါးများ အဓိက ဖော်ပြနေသော လစဉ်ထုတ် စတိုင်သစ်မဂ္ဂဇင်းကို မူရင်း ထုတ်ဝေခွင့် လိုင်စင်ရ ဦးအောင်စိုးသူကိုယ်တိုင် လာမည့်လတွင် ပြန်လည် ထုတ်ဝေတော့မည် ဖြစ်သည်။
    အာဇာနည်နေ့ အထူးကဏ္ဍ ဖော်ပြခွင့်မရပဲ စာပေစိစစ်ရေးက ဇူလိုင်လကတည်းက ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ထားသော စတိုင်သစ်ကို ဇန်နဝါရီတွင် ပြန်လည် ထုတ်ဝေခွင့်ပြုခြင်း ဖြစ်သည်။

    digitize-censorship

    စတိုင်သစ် မဂ္ဂဇင်းကို ၅ လကြာ ထုတ်ခွင့် ပိတ်ထားသည့် စာပေစိစစ်ရေး

    ၂ နှစ်နီးပါး ငှားရမ်းထားခဲ့သော ထုတ်ဝေခွင့်ကဒ်ကို ဆက်မငှားတော့ဘဲ လက်လွှဲ ယူလိုက်ရာတွင် အာဏာပိုင်များက ဖိအားမပေးခဲ့ဟု သူက ငြင်းဆိုသည်။
    “မငှားပေးတော့ဘူးဆိုတာက အာဏာပိုင်တွေက ဖိအားပေးတာ မရှိဘူး။… အရင်လိုဘဲ ကျနော် ပြန်လုပ်မယ်ဆိုပြီး မငှားပေးတော့တာပါ”ဟု ဦးအောင်စိုးသူက မဇ္စျိမကို ပြောသည်။

    “စာပေစိစစ်ရေးက ပြန်ထုတ်ခွင့်ပြုလို့ ကျနော် ပြန်စဉ်းစားရတယ်။ သူတို့ (ငှားရမ်းထားသူ) တခုခု ထပ်ဖြစ်ရင် ဒီဟာ ပျောက်သွားမှာပေါ့။ ဒီပြည်တွင်းမှာနေရတော့ ချမှတ်ထားတဲ့ အမိန့်တွေကို လိုက်နာပြီး ကိုယ်ကိုယ်တိုင် ထုတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့်ပါ” ဟု သူက ဆက်ပြောသည်။

    ယခု The First Music အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာ ဦးအောင်စိုးသူ ၁၁ နှစ်ကြာ အယ်ဒီတာချုပ်အဖြစ် စတိုင်သစ်ကို ထုတ်ခဲ့ရာမှ ကျန်းမာရေးနှင့် ငွေကြေး အခြေအနေကြောင့် ရပ်ဆိုင်းခဲ့ပြီးနောက် ၂ဝဝ၈ မှစ၍ စတိုင်သစ်ကို အယ်ဒီတာ ကိုယမုံနှင့် ကိုတိုးကျော်လှိုင်တို့ ထုတ်ဝေခဲ့သည်။ဇူလိုင်လက အာဇာနည်နေ့ အထိမ်းအမှတ် အချပ်ပိုကဏ္ဍ အဖြုတ်ခံရပြီးနောက် စတိုင်သစ် မဂ္ဂဇင်းကို စာပေစိစစ်ရေးက အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည်။ သြဂုတ်လမှစ၍ ၅ လကြာ ထုတ်ခွင့် ပိတ်ထားသဖြင့် ရုံးခန်းငှားခ၊ ထုတ်ဝေခွင့် ကတ်ငှားခ၊ ဝန်ထမ်းစရိတ်နှင့် အခြား အသုံးစရိတ်များ အပါအဝင်အနည်းဆုံး ကျပ်သိန်း ၄၀ ထိ ဆုံးရှုံးသည်ဟု ငှားရမ်း လုပ်ကိုင်ခဲ့သူ အယ်ဒီတာ ကိုယမုံက ပြောသည်။

    “ဒီအလုပ်က အကျိုးအမြတ်ကို အဓိကထားတာ မဟုတ်ပါဘူး။ တကယ့် စာသမား စစ်စစ်တွေ ဖတ်ဖို့၊ ဗမာပြည်ရဲ့ နောက်ခံသမိုင်းတွေ ပြန်ဖော်ရအောင် လုပ်သင့်တယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာပါ။ ရှုံးနေပေမယ့် တင်းခံထားရတာပါ၊ လူငယ်တွေထဲ သမိုင်းအချက် မျက်စိပွင့် နားပွင့် စေချင်တယ်။ သူတို့ သိခွင့်မရတာတွေ ရှိတယ်”ဟု ကိုယမုံက ပြောသည်။သို့သော် အခြားမဂ္ဂဇင်းတခုကို ဖေဖော်ဝါရီလမှစ၍ ဆက်လက် ထုတ်ဝေသွားရန် သူက စိုင်းပြင်းလျက်ရှိသည်။

    http://mizzimaburmese.com/news/