Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

စစ်အာဏာပိုင်များမှ ကုန်တင် ထော်လာဂျီကားများထံ မတရား ငွေကောက်

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • ကချင်ပြည်နယ် မြစ်ကြီးနား-ဖါးကန့် ကားလမ်းမကြား ကထန်ယန် တံတား ကျိုးနေသဖြင့် ကုန်ပစ္စည်းများ တစ်ဖက် ကမ်းသို့ ပို့ဆောင်ပေးနေသည့် ထော်လာဂျီကားများအား မြန်မာ စစ်အာဏာပိုင်များမှ ဖမ်းဆီး၍ ယနေ့ ကျပ်ငွေ ၁၃၀၀၀ ကို မတရား ကောက်ခံပြီး ပြန်လွှတ်ပေးကြောင်း သိရသည်။

    ဖါးကန့်သို့ လောင်စာဆီ တင်ပို့နေတဲ့ ကုန်တင်ကားတစ်စီး။ ပုံ-ကချင်သတင်းဌာန

    ဖါးကန့်သို့ လောင်စာဆီ တင်ပို့နေတဲ့ ကုန်တင်ကားတစ်စီး။ ပုံ-ကချင်သတင်းဌာန

    ပြီးခဲ့သည့် တနင်္ဂလာနေ့ ညနေပိုင်း ၃ နာရီခန့်တွင် ထော်လာဂျီကား အစီး၂၀ကျော်ခန့်အား ကားမိုင်းမြို့နယ် မရက နှင့် မော်တော်ယာဉ်ထိန်းရဲများက ရဲစခန်းကုန်း၌ အကြောင်းပြချက်မရှိ ဖမ်းဆီးထားရာမှ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

    ဖါးကန့်သို့ လောင်စာဆီ တင်ပို့နေတဲ့ ကုန်တင်ကားတစ်စီး။ ပုံ-ကချင်သတင်းဌာန
    “ကျတော်တို့ကို ဘာမှ မပြောပါဘူး၊ ထော်လာဂျီ သမားတွေအကုန်လုံး ရဲစခန်းကုန်းပေါ်တက်မောင်းဆိုပြီး မောင်းတက်ခိုင်းတယ်၊ အခုဆိုရင် ငွေ ၁၃၀၀၀ ပေးတဲ့ ကားတွေက တရားဝင် မောင်းခွင့်ရပြီ လို့ပြောတယ်” ဟု ထော်လာဂျီမောင်းသူ တစ်ဦးပြောသည်။

    တံတားပျက်နေသဖြင့် ကုန်တင်ကားကြီးများ တစ်ဖက်ကမ်းသို့ မောင်း၍ မရသောကြောင့် ဘော်လုံးကွင်း ကြီးထဲ ကုန်တင် ကုန်ချ လုပ်ဆောင်ပြီး ယင်းကွင်းထဲမှာပင် ဂိတ်ကြီးတစ်ဂိတ် ထားရှိသည်။ဂိတ်မှ တစ်ကြိမ်ကုန်ပို့်ထွက်လျင် ကားတစ်စီးတွင် ကျပ် ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကုန်ချ အထမ်း သမားများလည်း ကားတစ်စီး ကုန်ချပေးလျင် ဂိတ်၌ ကျပ် ၁၀၀၀ ဆောင်ရသည်ဟု ထော်လာဂျီမောင်းသူမှ ပြောသည်။၎င်းမှ ဆက်ပြီး “အထမ်းသမားတွေလည်း ၁၀ဘီးတစ်စီးကို ထော်လာဂျီ သုံးစီးတင်ရတယ်၊ ထော်လာဂျီ တစ်စီးကို ၁၀၀၀ သုံးစီးဆိုတော့ သုံးထောင်ပေးရတယ် ခင်ဗျ၊ မမျှမသတွေလည်း တွေ့နေရတယ်၊ သူတို့နဲ့ ပါသနာကျတဲ့ သူတွေက တစ်နေ့ကို ၅ခေါက်လောက်ရတယ်၊ ခေါက်ရေတွင် ပိုပို ပြီးမှ ရနေတယ်၊” ဟု ပြောသည်။

    ကထန်ယန်တံတားသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ရက်နေ့မှ ကုန်တင်ကားကြီးဖျက်မောင်းရာ တံတား ကျိုးပျက်သွားသည်။ သက်ဆိုင်ရာ အာဏာပိုင်များမှ ခုထိ တံတား ပြန်လည် ဆောက်လုပ်ခြင်းမရှိသေး ကြောင်း ဒေသခံတစ်ဦးပြောသည်။ချောင်းကို ဖျက်ပြီးမှ ကျောက်ခင်းပြီး ယာယီလမ်း လုပ်ဆောင်ထားသည်။ ယင်းတံတားမှာ နှစ်နှစ်လျှင် တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ကားသွားလို့မရသည့် ပြဿနာ ကြုံတွေနေရကြောင်း ဒေသခံမှပင် ဆက်ပြော သည်။ယခုလို တံတာကျိုးနေသောကြောင့် တစ်ဖက်ကမ်းနှင့် တစ်ဖက်သွားလာဖို့ ခက်ခဲနေသည်။

    ကေအဲန်ယူကို ထိုးစစ်ဆင်ရန် စစ်အစိုးရတပ်မှ ရေလမ်းပိတ်

  • .
  • အကြောင်းအရာ >
  • တလလဝီ - ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ကို ထိုးစစ်ဆင်ရန်အတွက် ချောင်းဆုံ - ကြာအင်းဆိပ်ကြီး ရေလမ်းခရီးကို စစ်အစိုးရ တပ်တို့မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။

    ကျွန်းချောင်းဂိတ်

    ကျွန်းချောင်းဂိတ်

    နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ ချောင်းဆုံရှိ လှေသမားများအား ရက်အကန့်အသတ်မရှိ လှေမထွက်ရန် ခမရတပ်ရင်း ၂၈၃ မှ ဗိုလ်မှူးကြီး သိန်းဇော်က တားမြစ်ထားသည်။
    ထိုကဲ့သို့ လှေမပြေးဆွဲရန် တားမြစ်ထားပြီး နောက်ပိုင်း စစ်တပ်မှ ခွင့်ပြုချက်မရဘဲ လှေအတက်အဆင်း ပြုလုပ်ပါက စစ်တပ်မှ ပစ်မိန့် ရရှိထားသည်ဟု လှေသမားများကို ခြိမ်းခြောက် ပြောဆိုထားသည်ဟု လှေဂိတ်ရှိ ချောင်းဆုံဒေသခံ တစ်ဦးက ပြောသည်။

    ချောင်းဆုံတွင် မြန်မာစစ်အစိုးရတပ် ခမရ ၂၈၃ နှင့် ခမရ ၄၀၅ တို့က လှုပ်ရှားနေကြောင်း သိရသည်။
    “အခုဆို ဂိတ်တွေလည်း အားလုံးပိတ်ထားလိုက်တယ်၊ လှေအတက်အဆင်း လုပ်လို့ မရတော့ဘူး၊ လှေပြေးဆွဲတာတွေ့ရင် ပစ်မယ်လို့ပြောထားတယ်၊ အဲဒီအနီးနားတစ်ဝိုက်က ရွာခံတွေလည်း တိုက်ပွဲဖြစ်မှာကို အရမ်းကြောက်နေတယ် တချို့ဆို ရွာမှာတောင် မနေရဲကြတော့ဘူး” ဟု ၄င်းက ပြောပါသည်။နိုဝင်ဘာ ၂၈ ရက်နေ့တွင် ချောင်းဆုံမှ သုံးမိုင်လောက်ဝေးသည့် မယ်တဗွီးကျေးရွာ၌ ကေအန်ယူနှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် ရွာခံ ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးသွားသည့်အတွက် စစ်အစိုးရတပ်မှ ရေလမ်းခရီးဖြင့်သွားသည့် လှေများအား ဂိတ်မှထွက်ရန် ပိတ်လိုက်သည်ဟု ချောင်းဆုံဒေသခံက ပြောသည်။

    ယခုရက်ပိုင်းအတွင်း စစ်အစိုးရနှင့် ကရင်တပ်အကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့်အတွက် ကျွန်းချောင်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၅ ရွာမှ ဒေသခံပြည်သူများ ဘေးကင်းရာ သုံးဆူမြို့သို့ ခေတ္တခဏ ပြောင်းရွှေ့ နေကြကြောင်း ဒေသခံများက ပြောသည်။“အခုလို တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ ကျမတို့ ရွာကနေ ထွက်ပြေးရတာပေါ့၊ ရွာမှာ မနေရဲတော့ဘူးလေ၊ တိုက်ပွဲတွေကလည်း အနီးအနားတဝိုက်မှာပဲ ဖြစ်နေတယ် ကိုယ့်ရွာမှာလည်း တိုက်ပွဲပြန်ဖြစ်မှာ ကြောက်နေရတယ်”ဟု သုံးဆူသို့ ထွက်ပြေးလာသည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့ပေါ်ရှိ ဆန်ကုန်သည်ကြီးနှစ်ဦးအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဆန်အိတ် တစ်ထောင် သိုလှောင်ထားပေးရန် ညွှန်ကြားထားကြောင်း ထိုဆန်ကုန်သည်နှင့် နီးစပ်သည့် သုံးဆူမြို့ခံ တစ်ဦးက ပြောသည်။ ထိုဆန်အိတ်များကို သုံးဆူနယ်တဝိုက်ရှိ စစ်အစိုးရတပ်တို့က ရိက္ခာ လိုအပ်လာသည့်အခါမှာ လာရောက် ထုတ်ယူမည်။လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့၌ တောင်စွန်းမှ နွားလှည်းဖြင့်သယ်လာသည့် ဆန်အိတ် ၅၀ ကို ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၆ မှ ပလုံးရွာထိပ်မှာ သိမ်းယူမှုရှိခဲ့သည်ဟု ကေအန်ယူ တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ပြောသည်။

    ယခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရုံမက လှေလမ်းပါ ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်းတက်ကာ စားဝတ်နေရေး အဆင်မပြေ ဖြစ်ရသည်ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ခရီးသည်တင် စက်လှေများ သွားလာခွင့်မပြုရန် စစ်အစိုးရ ဘက်က ယခုရက်ပိုင်းအတွင်း ညွန်ကြားထားကြောင်း သိရသည်။ ဘုရားသုံးဆူမြို့နယ်မှ ကြာအင်းဆိပ်ကြီးသို့ ကားလမ်း မပေါက်သေးသောကြောင့် ကုန်သည်နှင့် ဒေသခံများက စက်လှေကို အဓိကထား၍ သွားလာနေသော လမ်းကြောင်း ဖြစ်သည်။

    refugees003

    နအဖ စစ်တပ်က ပေါ်တာဆွဲ၍ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)

    ဘုရားသုံးဆူမြို့နယ်တွင် တပ်စွဲထားသော နအဖ၏ ခြေမြန်တပ်ရင်း (ခမရ) ၄၁၀ စစ်ကြောင်းမှူးက ညွန်ကြားထားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒိုစောထဲနေက ဧရာဝတီသို့ ပြော သည်။

    “စစ်ရေးအရ ချောင်းဆုံမှာရှိတဲ့ စက်လှေတွေဟာ ကြာအင်းဆိပ်ကြီးဘက်ကို မဆင်းရဘူး၊ ကြာအင်းဆိပ်ကြီးမှာရှိတဲ့ စက်လှေ တွေဟာ ဘုရားသုံးဆူကို မဆင်းရဘူး အဲဒီလို ညွန်ကြားထားတယ်”ဟု ၎င်းက ပြောဆိုသည်။

    စစ်အစိုးရ၏ ယခု ညွန်ကြားချက်နှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ် လုံခြုံရေး အတွက် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ များက ဆိုသည်။ဗိုလ်ကြီး ဖဒိုစောထဲနေက“ဘုရားသုံးဆူမြို့ လုံခြုံရေး အနည်းအကျဉ်းပေါ့ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ လတုန်းက ဘုရားသုံးဆူ မြို့ကို DKBA(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)က ၀င်ပြီးတော့ ပစ်တာခတ်တာ၊ သစ်တောရုံးတွေကို မီးရှို့တော့ သူတို့ကတော့ မြို့ကို ပြန်ပြီးတော့ တည်ငြိမ်အောင် ခဏလုံခြုံရေး ယူပေးတာ”ဟု ဆိုသည်။
    refugees002

    နအဖ စစ်တပ်က ပေါ်တာဆွဲ၍ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)



    ယခုအခါ ဘုရားသုံးဆူမြို့၌ ပစ်ခတ်မှုများ မရှိသော်လည်း အနီးဝန်းကျင် ဒေသတ၀ိုက်တွင် စစ်အစိုးရက ကမ်းရိုးတန်းတိုင်း စစ် ဌာနချုပ် အမှတ် ၈ စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(စကခ) လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် တိုးချဲ့ချထားကြောင်းလည်း ၎င်းက ပြောသည်။

    နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရတပ်များ တိုးချဲ့ချထား ခြင်း ဖြစ်သည်။

    ယနေ့ စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသော်လည်း စစ်အစိုးရက ဖလူးကျေး ရွာတွင် တပ်စွဲထားပြီး ပေါ်တာ အတွက် လိုက်လံ ဖမ်းဆီးနေသောကြောင့် ဒေသခံရွာသား ၆၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်သို့ ထပ်မံ တိမ်းရှောင်လာကြောင်း သိရသည်။
    ယမန်နေ့က ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက နေရပ် ပြန်ခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။ ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့် ရှောက်ထားသည်။

    ထွက်ပြေးတိမ်းရှောင်လာသူ တဦးက“စစ်သားတွေက မင်းလက်ပံရွာထဲမှာ ၀င်ပြီးတော့ တပ်စွဲထားပြီး ပေါ်တာတွေ လိုက်ဖမ်း နေတယ်၊ တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် ပေါ်တာလိုက်ဖမ်းတော့ ရွာထဲမှာ မနေရဲကြလို့ ထိုင်းဘက်ခြမ်းမှာ လာရှောင်နေကြ တယ်”ဟု ပြောသည်။
    refugees001

    နအဖ စစ်တပ်က ပေါ်တာဆွဲ၍ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)

    ထွက်ပြေးလာသူများထဲတွင် ကျန်းမာရေး ချို့တဲ့၍ အရွယ် မရောက်သေးသည့် ကလေးသူငယ် ၂၃၄ဦး ပါဝင်ပြီး ကျန်းမာရေး ဌာနနှင့် အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းတချို့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားဝတ်နေရေး အတွက် ကူညီထောက်ပံ့ပေးကြောင်း မယ်တော်ဆေးခန်းမှ ကျန်းမာရေးမှူး စောနေဦးက ဆိုသည်။

    ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ်ဖြတ် ကျော် ခွင့်ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

    ထို့အပြင် ဖလူးလေး၊ ဖလူးကြီးကျေးရွာနှင့် မင်းလက်ပံ စသည့် ကျေးရွာများတွင် နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။ ဖလူးလေးရွာမှ နော်ခူးက“ကလေး ၄ ယောက်နဲ့ လာလိုက်ပြန်လိုက်နဲ့ ခဏခဏပဲ၊ ဒီတခါတော့ တကယ်အေးမှပဲ ပြန်တော့ မယ်၊ ဒီမှာနေခိုင်းလည်း မနေဘူး၊ ကိုယ့်အိမ် ကိုယ့်ရွာရှိတယ်”ဟု ပြောဆိုသည်။

    ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ “ တိုက်ပွဲများကြောင့် စစ်ဘေးမှ တိမ်းရှောင်ရပြန် ”

  • .
  • အကြောင်းအရာ >

  • နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
    Htain_Mg

    ဗိုလ်မှူးချုပ် ထိန်မောင် နှင့် နအဖ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် တို့ကို ငြိမ်းချမ်းရေး စယူစဉ်က ဤသို့တွေ့ရ(ဓာတ်ပုံ - thawthikho.blogspot.com)

    အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။

    အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။

    “တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။ အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။

    စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။
    ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။ ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။

    ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။ ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

    သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။ နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူးဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။

    နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။ ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။ “နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိနှိုင်းဖို့လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။
    ဓာတ်ပုံ-ဧရာဝတီ

    ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖလူးနယ်မှာ နအဖစစ်အစိုးရက ပေါ်တာဆွဲနေတဲ့အတွက် ဖလူးဒေသခံ ၆၀၀ ခန့်ဟာ ဒီကနေ့ ထိုင်းဘက်ကို ပြန်လည် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြ၀တီခရိုင် ဖလူးနယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘက်ကို ထွက်ပြေးခဲ့ပြီး ယမန်နေ့က ပြန်ပို့ခံရတဲ့ ဖလူးဒေသခံတချို့ဟာ ဒီကနေ့မှာတော့ ထိုင်းဘက်ကို ပြန်လည်ခိုလှုံလာခဲ့ကြတာပါ။

    ညနေပိုင်းအထိ ထွက်ပြေးလာသူပေါင်း ၆၀၀ခန့် ရောက်ရှိနေပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ များစွာ ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းကျန်းမာရေးဌာန ၊ မယ်တော်ဆေးခန်းနဲ့ NGO အဖွဲ့အစည်းတွေက စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်လို့ မယ်တော်ဆေးခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်အတွင်းမှာ နိုဝင်ဘာ ၇ ရက်က စတင်ပြီး နအဖစစ်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြား စစ်ပွဲများ ဖြစ်ပွားနေခဲ့လို့ ဒေသခံတွေဟာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
    -

    Blowing in the wind - U Myint / Kim Aris

  • .
  • အကြောင်းအရာ >

  • Fighting Again in Karen State

  • .
  • အကြောင်းအရာ >
  • ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ ကျင်းပ

  • .
  • အကြောင်းအရာ >
  • ယနေ့ ကျရောက်သော ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံသားနှင့် ထိုင်းကျောင်းသားအချို့ အပါအ၀င် လူဦးရေ ၃၀၀ ကျော် လမ်းလျှောက်ချီတက်ပွဲ အစီအစဉ်နှင့် အခမ်းအနားတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မနက် ၉နာရီတွင် ပြုလုပ်ကျင်းပခဲ့သည်။

    SAM_1673မဲဆောက်မြို့၊ ဆေးရုံကြီးမှတဆင့် မယ်တော်ဆေးခန်းသို့ ဦးတည်သည့် အဆိုပါ လမ်းလျှောက် ချီတက်ပွဲတွင် မဲဆောက်အခြေစိုက် ရောင်ခြည်ဦး ရွှေ့ပြောင်းအလုပ်သမားအဖွဲ့၊ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း ၁၅ကျောင်းမှ ကျောင်းသားကျောင်း သူများ၊ ထိုင်းစာသင်ကျောင်းတကျောင်းမှ ကျောင်းသူကျောင်းသားတစ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။


    ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ (HIV/AIDS Day) အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်သည့် မယ် တော်ဆေးခန်းမှ ဆရာစောနေဦးက အခမ်းအနား ရည်ရွယ်ချက်ကို ယခုလို ပြောသည်။

    “ကျနော်တို့ ကျင်းပရတဲ့ရည်ရွယ်ချက်က တကမ္ဘာလုံးမှာ ရှိတဲ့လူသားတွေ HIV/AIDS ရောဂါမရအောင်၊ ရောဂါတွေကို ဘယ် လိုမျိုးပုံစံနဲ့ ကာကွယ်ရမလဲဆိုတာကို နည်းလမ်းတွေ သူတို့ သိလာအောင်၊ လူသားချင်း စာနာတဲ့အနေနဲ့ ဒီရောဂါဖြစ်တဲ့သူ တွေကို ခွဲခြား ပြီး မဆက်ဆံကြဖို့နဲ့ ဖေးမကူညီပေးဖို့။ နောက် ဒါကို လူတဦးချင်းအပြင် တကမ္ဘာလုံးက လူတွေသိအောင် လုပ် ရတာ ဖြစ်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

    ထိုအခမ်းအနားတွင် ကျောင်းသူကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများအပြင် HIV/AIDS ဝေဒနာရှင်များလည်း တက် ရောက်ခဲ့ကြသည်။

    ဝေဒနာရှင် မခင်လေးသွယ်က “ဒီလိုရောဂါတိုက်ဖျက်ရေးနေ့ကို ရောဂါရှိတဲ့သူလည်း အားမငယ်ဘဲ ပါဝင်ကြဖို့ပေါ့နော်။ တကမ္ဘာလုံးနဲ့ဆိုင်လို့ပါ။ တချို့ ဒီရောဂါပိုးရှိတယ်လို့ သိတာနဲ့ အခုပဲ သေတော့မလား ဖြစ်နေတယ်။ ကျမဆို ဒီရောဂါရတာ ၇နှစ်ကြာပါပြီ။ ဒါကြောင့် HIV ဝေဒနာရှင် တွေ စိတ်ဓါတ်ခိုင်ကြဖို့ တိုက်တွန်းချင်တယ်။”ဟု ပြောသည်။

    အခမ်းအနားတွင် HIV/AIDS ပညာပေးလက်ကမ်းစာစောင်၊ ပြက္ခဒိန်၊ ကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ အချိုရည်၊ သောက်ရေ သန့်များ လှူဒါန်းခြင်းနှင့် အတီးအကများဖြင့် ဧည့်ခံဖြေဖျော်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြသည်။

    ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့သူ နော်ခင်သူက လူငယ်တယောက်အနေဖြင့် တက်ခွင့်ရ သည့်အပေါ် ၀မ်းသာမိကြောင်း၊ HIV/AIDS ရောဂါသည် တမ္ဘာ့လုံးတွင် ပျံ့နှံ့နေသည့်အတွက် လူတဦးချင်းလိုက်သော်လည်း ကောင်း၊ ဒေသအလိုက်၊ နိုင်ငံအလိုက်နှင့် တကမ္ဘာလုံးအတွက် အရေးကြီးသည့် နေ့တနေ့ဖြစ်ကြောင်းနှင့် လူတန်းစားမရွေး အားလုံး ဆက်လက်၍ ၀ိုင်းဝန်းတိုက်စေလိုကြောင်း ရင်ဖွင့်ပြောဆိုသည်။

    နိုင်ငံတကာမှ ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ကို ၁၉၉၅ခုနှစ်၌ စတင် အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါကူးစက်ခံရသူပေါင်း ၂သိန်း ၄သောင်း ရှိသည်ဟု နအဖ စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးတို့၏ ၂၀၀၉ခုနှစ်၊ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

    AIDS တိုက်ဖျက်ရေးနေ့ အခမ်းအနား

    မနေ့က အမျိုးသားနေ့နဲ့ ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့တို့ တနေ့တည်းကျနေတာကြောင့် ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ကို ဒီနေ့ကျမှ NLD ရုံးချုပ်မှာ ပြုလုပ်တာပါ။

    ကျေးဇူးတင်စကားပြောကြားပေးသော HIV/AIDS ဝေဒနာရှင် ကလေးငယ်တစ်ဦး

    ကဗျာရွတ်ဖတ်ပေးနေသူတဦး

    ကဗျာဆရာ ကြည်မောင်သန်းမှ အမှတ်တရ ကဗျာတပုဒ်ရွတ်ဖတ်ပေးစဉ်

    ဝေဒနာရှင်များအတွက် အမှတ်တရအနေဖြင့် စီးပွားရေးပညာရှင်
    ဒေါက်တာဦးမြင့် (အလယ်) နှင့်အတူ ကိုထိန်လင်းက Blowing in the Wind သီချင်းကို အတူဆိုနေစဉ်

    ဒေါက်တာဦးမြင့်နှင့် ကိုထိန်လင်း။

    ကိုထိန်လင်း တကိုယ်တော်။

    ကိုရဲလွင် သီဆိုဖျော်ဖြေနေစဉ်

    မဲဆောက်မှ ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့

    ယနေ့ကျရောက်သည့် ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ၊ မယ်တော်ဆေးခန်း၊ မဲဆောက်ဆေးရုံကြီးနှင့် အစိုးရမဟုတ်သည့် ကျန်းမာရေးအဖွဲ့အချို့ ပူးပေါင်း၍ မဲဆောက်ဆေးရုံကြီးမှ မယ်တော်ဆေးခန်းသို့ လမ်းလျှောက်ချီ တက်ခဲ့ကြသည်။






    အနာဂတ်မဲ့ပေမယ့် မျှော်လင့်ချက် ရှိနေဆဲ

  • .
  • အကြောင်းအရာ >
  • “ဒီရောဂါ နာမည်ဆိုးတစ်ခုကို အရမ်းမုန်းတယ်၊ အခြားရောဂါ ရပါစေ ခံနိုင်တယ်၊ အသက်ရှင်နေနိုင်ပေမယ့် နာမည်ဆိုးကြောင့် အရမ်းခံစားရတယ်” ဟုဆိုပြီး AIDS ရောဂါဝေဒနာကို ခံစားနေရတဲ့ မဖြူက သူမရင်ထဲက စို့နစ်နေတဲ့ ခံစားချက်ကို မျက်ရည်သုတ်ရင်း ပြန်ပြောပြခဲ့ပါတယ်။
    AIDS-300x168ထိုင်း-မြန်မာနယ်စပ် စံခလပူရီမြို့၏ အရှေ့တောင်ဘက်အရပ်ရှိ အလှမ်းကွာဝေးလှတဲ့ ဝေ့မလိုင်ကျေးရွာတွင် Save House လို့ခေါ်တဲ့ နာတာရှည်ရောဂါသည်များ လုံခြုံရေးဂေဟာမှာ လူနာပေါင်း (၆၀) ရှိနေပါတယ်။ စိတ္တဇ ရောဂါဝေဒနာသည်၊ တီဘီ (ခေါ်) အဆုတ်နာရောဂါနှင့် HIV/AIDS ရောဂါ ဝေဒနာသည်တွေကို စောင့်ရှောက်ကာ ဆေးဝါးကုသပေးနေတဲ့ ဂေဟာလေးတစ်ခု ဖြစ်ပါတယ်။

    ကျယ်ပြောလှတဲ့ ဂေဟာဝင်းထဲ ဝင်လိုက်တာနဲ့ အေးမြပြီး သစ်ပင်အရိပ်တွေနဲ့ အေးချမ်းတဲ့ ခြံဝင်းထဲမှာ ဝေဒနာသည်တွေ အထည်ယက်လုပ်သူက လုပ်၊ တံမျက်စည်းလှည်းသူက လှည်း၊ ဆော့ကစားနေသူတွေနဲ့ ရေဒီယိုလိုင်းမှ ထုတ်လွှင့်ပေးနေတဲ့ တေးသီချင်းတွေကို နားထောင်နေသူတွေက နားထောင်နဲ့ သူ့နည်း သူ့ဟန်နဲ့ ဝေဒနာသည်တွေရဲ့ လှုပ်ရှားမှုကိုပါ မြင်တွေ့ရပါတယ်။ ခြံဝင်းထဲမှာ လူနာတွေ နားနေရာ သီးသန့်အဆောင်တွေနဲ့ ငြိမ်းချမ်းတဲ့ သစ်ပင်ရဲ့ အရိပ်အာဝါသတွေဟာ ဝေဒနာသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်တဲ့ နေရာလေးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

    ရောဂါအမျိုးမျိုးနဲ့ ဝေဒနာရှင်တွေက AIDS ရောဂါဝေဒနာခံစားနေသူ ၆ ဦးက ဂေဟာမှာ နားခိုနေကြပါတယ်။ သူတို့တတွေဟာ AIDS ဆိုတဲ့ ရောဂါဆိုးကြီးကို အိမ်ထောင်ရေးဖောက်ပြန်မှု၊ လိင်ဘက်ဆိုင်ရာ လိုက်စားမှုကနေ ကူးဆက်ခံလာခဲ့ရသူတွေဖြစ်ပါတယ်။ အချို့ကတော့ ခင်ပွန်းသည်ထံကနေ ရောဂါကူးဆက်ခံလာရသူတွေလည်း ရှိနေပါတယ်။ခင်ပွန်းသည်ကနေ ကူးစက်ခံရသူတွေအထဲမှာတော့ မဖြူဆိုတဲ့ ဝေဒနာသည်လည်း ပါဝင်တာပေါ့၊ မဖြူကတော့ သူမရဲ့ အမျိုးသားဆီကနေ ရောဂါ ကူးဆက်ခံခဲ့ရပုံကို ညှိးနွမ်းနေတဲ့ မျက်နှာလေးနဲ့ သူမဘဝရဲ့ ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တွေကို အခုလို ရှင်းပြပေးပါတယ်။

    “ကျမယောက်ျားက မူးလာရင် ကျမကို အမြဲတမ်းရိုက်တယ်၊ အဲဒီလို ရိုက်နှက်တဲ့ဒဏ်ကို မခံနိုင်တော့လို့ ကျမ ထွက်ပြေးလာတာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီ Save House ကိုရောက်လာတယ်၊ အဲဒီအချိန် ကျမမှာ ဘာရောဂါမှ မရှိသေးဘူး၊ ကျမ ဒီမှာ တစ်နှစ်လောက် နေလိုက်တော့ ကျမ အမျိုးသားက လာပြန်ခေါ်တယ်၊ သူနည်းနည်း ကောင်းလာပြီးဆိုတဲ့အတွေးနဲ့၊ ခလေးတွေရဲ့ မျက်နှာကိုထောက်ပြီး ကျမ သူ့နောက်ကို ပြန်လိုက်သွားခဲ့တယ်၊ ကံဆိုးချင်တော့ ကျမသူနဲ့ အတူတူမရှိခင်က သူပျော်ပါးလိုက်စားထားတာ ကျမ မသိခဲ့ဘူး၊ ကျမလည်း ယောက်ျားကို တစ်နှစ်လုံးလုံး ပစ်ထားတော့ ဒီရောဂါကူးမှာပေါ့၊ သူကလူပျိုမဟုတ်တော့၊ ပထမတော့ သူ ကျမကို မရိုက်တော့ပါဘူးလို့ ဂတိတွေအမျိုးမျိုးပေးတယ်၊ ဒါပေမယ့် မကြာပါဘူး ကျမကို ပြန်ရိုက်တယ်၊ ထုတယ်၊ ဒါကြောင့် ကျမလည်း ဒီအဖွဲ့အစည်းတွေနဲ့ ပြန်ဆက်သွယ်ပြီး ဒီမှာပြန်နေချင်တယ် ပြောပြီး ပြန်လာခဲ့တယ်”

    များမကြာခင်အချိန်မှာပဲ နေထိုင်မကောင်းဖြစ်တဲ့အတွက် ဆေးရုံးမှာ သွေးစစ်ကြည့်တော့ ရောဂါပိုးရှိမှန်း သိလိုက်ရပါတယ်။ မဖြူမှာ ရောဂါ ဝေဒနာခံစားရမှန်း သိရပြီးနောက် ဘဝတစ်ခုလုံး ပျိုလဲကျဆင်းသွားသလို ခံစားရကြောင်းနဲ့ ထမင်းမစားနိုင် ရေမသောက်နိုင်လည်းဖြစ်ခဲ့ပြီးတော့ မိမိကိုယ်ကို သတ်သေပြီး ဘဝကို အဆုံးသတ်ပြစ်လိုက်ဖို့အထိ စိတ်ကူးခဲ့ကြောင်းလည်း မဖြူက ပြောပါတယ်။“ကျန်နေသေးတဲ့ သားသမီးတွေအတွက် ကျမအသက်ရှင်ရမယ်လို့ တွေးပြီး ဆရာဝန်ကြီးတွေလည်း အားပေးစကားပြောလာတော့ အရှက်ကိုနောက်မှာထားပြီး ကျမဘဝ အသက်ဝင်လာခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ခံစားနေရတုန်းပါပဲ” ဟု မဖြူက အားငယ်နေတဲ့ အသံတိုးတိုးတိတ်တိတ်လေးနဲ့ ပြောပါတယ်။

    ကိုယ်ကိုတိုင် ရှာယူလို့မဟုတ်ဘဲ ကူးစက်ခံရသည့်အတွက် အရှက်ရခဲ့ပါတယ်၊ အကယ်၍ အမျိုးသားဖြစ်သူမှာ ဒီရောဂါ ရှိမှန်းသိခဲ့မယ်ဆိုရင် ပြန်ပေါင်းမိမှာမဟုတ်သလို မမျှော်လင့်ဘဲ AIDS ရောဂါ ခံစားရတဲ့အတွက်ကြောင့်လည်း ရင်ကွဲမတက် ပြောမပြတက်အောင် ဝမ်းနည်းခံစားရတဲ့အကြောင်းကို ပါးပြင်ကနေ မျက်ရည်ပေါက်ပေါက်ကျနေတဲ့ မဖြူက သူမဘဝရဲ့ ဝမ်းနည်းစရာကောင်းခဲ့တာတွေကို ပြောပြပါတယ်။ထိုင်း-မြန်မာနယ်စပ်ဟာ နယ်စပ်ဆိုတဲ့အလျောက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံတွေနဲ့ ထိုင်းနိုင်ငံလူတွေ စီးပွားရေး လုပ်ကိုင် သွားလာလှုပ်ရှားနေကြပါတယ်။ အချို့မှာ ၄င်းရောဂါကြောင့် အသက်ဆုံးရှုံးသွားရသူများလည်း ရှိသလို အချို့မှာ NGO’s အဖွဲ့များ၏ ပညာပေးဟောပြောမှုကို လက်ခံလာတဲ့အတွက် သာမန်လူသားများနည်းတူ အသက်ရှင်နေကြသူများလည်း အများအပြားရှိနေပါတယ်။

    ထိုင်း-မြန်မာနယ်စပ်ရှိ စက်ရုံအလုပ်ရုံများတွင် နှစ်စဉ်နှစ်တိုင်း HIV/AIDS နှင့်ပတ်သက်တဲ့ ပညာပေး ဟောပြောမှုအပြင် ရောဂါရှာဖွေရေး၊ သွေးစစ်ဆေးမှုများကိုလည်း နယ်စပ်ရှိ NGO’s အဖွဲ့အစည်းများ အလေးအနက်ထား ဆောင်ရွက်နေတဲ့အတွက် အလုပ်သမားတွေအကြားမှာလည်း ရောဂါစစ်ဆေးဖို့ သတ္တိများ ပြည့်ဝလာခဲ့တာတွေလည်းရှိနေတယ်ဆိုတာကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောင့်ပေးနေသည့် Pattanarak Foundation မှ တာဝန်ရှိသူ ကိုလူချောက ပြောပါတယ်။

    HIV/AIDS ရောဂါဟာ လူမျိုးပေါင်းစုံနဲ့ ရူပ်ထွေးနေတဲ့ နယ်စပ်ဒေသမှာသာမကပဲ ပြည်တွင်းမှာလည်း ရောဂါဝေဒနာတွေတွေ အများအပြားရှိနေပါတယ်၊ ထိုနည်းလည်းကောင်ပဲ မွန်ပြည်နယ်အတွင်းမှာလည်း ရောဂါဝေဒနာသည်တွေကို နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့အစည်း (အိုင်အိုအမ် IOM) ဆိုတဲ့ NGO’s အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ကူညီပေးနေတာ ရှိခဲ့ပါတယ်။

    မွန်ပြည်နယ်မှာ လက်လှမ်းမီသလောက် မြို့နယ်တွေမှာ AIDS ရောဂါဝေဒနာသည်တွေကို ART ဆေးဝါးအပြင် အာဟာရဖြစ်စေတဲ့ ဆေးဝါးနဲ့ အစားစာတွေကို လစဉ်ပုံမှန် ထောက်ပံ့မှုပေးနေတဲ့အတွက် ရောဂါသည်တွေလည်း သွားလာလှုပ်ရှားနိုင်တယ်ဟု မွန်ပြည်နယ် မုဒုံမြို့နယ်မှ IOM အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။“လူနာတွေတော့ မပိုလာဘူး၊ အရင်ကနဲ့စာရင် ခွဲခြားဆက်ဆံမှုတွေ တော်တော်လေး လျော့နည်းသွားပြီ” ဟု သူမက ပြောသည်။

    မဖြူသည် ထားဝယ်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ သူမမှာ ၁၃ နှစ်အရွယ်နဲ့ ၁၁ နှစ်အရွယ် သားနှစ်ဦးရှိပြီးတော့ သူမရဲ့သားနှစ်ဦးကိုတော့ Save House ကို ဦးဆောင် တာဝန်ယူနေတဲ့ ဆရာမ နော်ဖောလူးလူးဆီမှာ အပ်ထားပါတယ်။ သားနှစ်ဦးကို ရှင်ပြုပေးစေလိုတဲ့ မျှော်လင့်ချက်နဲ့ ဂေဟာမှာ နေ့စဉ် ရက်ကန်း ယက်ပြီးတော့ ငွေစုဆောင်နေတယ်လို့လည်း သူမရဲ့ အနာဂတ်ကြယ်ပွင့်လေးအပေါ် မျှော်လင့်ချက်ကြီးမားစွာနဲ့ ပြောပါတယ်။Save House ဂေဟာမှာ ရောက်ရှိနေတဲ့ အချို့သောဝေဒနာသည်တွေဟာ ပျော်ရွှင်ရယ်မောနိုင်ပေမယ့် မဖြူတစ်ယောက်ကတော့ ဝေဒနာကို ရင်မှာပိုက်ပြီး ပူဆွေးသောကတွေနဲ့ ပျော်နိုင်မယ့်ပံ မပေါ်ပါဘူး။

    “သူတို့တွေ ပျော်နိုင်မှာပေါ့လေ ကျမလို ဘာအပူအပင်မှမရှိတာ၊ ကျမမှာက ခလေးတွေ ရှေ့ရေးအတွက်လည်း စဉ်းစားနေရတယ်။ ကျမကြားတယ် ဒီရောဂါပျောက်တဲ့ဆေး နိုင်ငံခြားမှာ ထွက်နေပြီးတဲ့၊ တကယ်လို့ ဒီရောဂါ ပျောက်ခဲ့မယ်ဆိုရင် ခလေးတွေ ရှေ့ရေးအတွက် ကျမ အလုပ်သွားလုပ်မယ်” ဟု အားတက်တဲ့အသံလေးနဲ့ မျှော်လင့်ချက်ကြီးစွာ မဖြူက ပြောပါတယ်။AIDS ရောဂါဝေဒနာသည် မဖြူကတော့ သူမရဲ့ လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေ သူတပါးတွေ မခံစားရလေအောင် အခုလို စကားလက်ဆောင်ပါးခဲ့ပါတယ်။

    “ကျမလိုဘဝမျိုး မခံစားရလေအောင် ကိုယ်ယောက်ျားမယူခင် ဒါမှမဟုတ် ယောက်ျားနဲ့ ကွဲသွားပြီးလို့ ပြန်ပေါင်းရင်လည်း သွေးစစ်ပြီးမှ ယူပါ” ဆိုပြီးတော့ မဖြူက စကားပါးလိုက်ပါတယ်။မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်တွင် ၀ ဒသမ ၉၅ ရာခိုင်နှုန်းမှ ၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းနှင့် ရောဂါ ဟန့်တားစေသည့် ART ဆေးကုထုံးရရှိနေသူ ဦးရေမှာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ ၂ သောင်း ကျော်ရှိနေကြောင်း Weekly eleven ဂျာနယ်က ထုတ်ပြန်ထားသည်။
    မြန်မာနိုင်ငံသည် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) က ပေးအပ်သည့် နှစ်နှစ်စာရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၂ သန်း ရရှိထားသည်ဟု Weekly Eleven က ထုတ်ပြန်ထားသည်။