ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၀န်းကျင်အချိန်တွင် ဖြစ်သည်။ ရန်ကုန်မြို့ လှိုင်မြို့နယ်၌ အသစ်ဖွင့်လှစ်ထားသော သီရိမင်္ဂလာ ဈေးသစ်၏ ရှေ့ ကွက်လပ်၌ ဈေးသူဈေးသားများသည် ၎င်းတို့၏ ဆန္ဒအား ထုတ်ဖော်၍ လိုအပ်ချက်များ တောင်းဆိုရန် စုရုံး ထိုင်စောင့်နေကြခြင်း ဖြစ်သည်။

သီရိမင်္ဂလာဈေးသစ် ဖွင့်ပွဲ (ဓာတ်ပုံ - ဧရာဝတီ)
“ကျမတို့က တနေ့ဈေးရောင်းမှ တနေ့စားရတာလေ။ အခုရောင်းစရာ နေရာမရှိတော့ ဘယ်လိုလုပ်ပြီး ထမင်းစားကြ ရမယ်မှန်းကို မသိတော့ဘူး” ဟု ဆန္ဒထုတ်ဖော်နေသော လူအုပ်ထဲမှ အသက် ၄၀ ၀န်းကျင် အမျိုးသမီး တဦးက ပြောသည်။
အဆိုပါ အမျိုးသမီး အပါအဝင် ဆန္ဒထုတ်ဖော်နေသည့် လူအုပ်ကြီးသည် ညနေ ၃ နာရီတွင်ဖွင့်လှစ်မည့် ဈေးသစ်ဖွင့်ပွဲ အခမ်းအနားသို့ လာရောက်မည့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ၎င်းထံ၌ ဈေးရောင်းရန် နေရာရရှိရေးအတွက် တောင်းဆိုရန် နေပူဒဏ်ကို ဂရုမစိုက်အားဘဲ ထိုင်စောင့်နေကြခြင်း ဖြစ်သည်။
“ဈေးသည် တထောင်လောက် ဈေးမရောင်းရရင် မှီခိုနေတဲ့လူ သောင်းချီပြီးတော့ စားဖို့ အခက်အခဲ ဖြစ်ရတယ်” ဟုအမျိုးသမီးများ နှင့်အတူ ထိုင်နေသော ဈေးသည်အမျိုးသား တဦးက ဆိုသည်။
သီရိမင်္ဂလာဈေးဟောင်းကြီးသည် ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေသော ရန်ကုန်မြို့၏ တခုတည်းသော ဈေးကြီး ဖြစ်သည့်အပြင် ရန်ကုန်မြို့နှင့် တခြားသော ပြည်နယ်၊ တိုင်းများသို့ ဆက်သွယ်ကာ စားသောက်ကုန် ပစ္စည်းအများအပြား တင်ပို့ရောင်းချနေသော ဈေးလည်း ဖြစ်သည်။
ထိုဈေး၌ အထပ် ၅ ထပ်ပါရှိကာ မြေညီနှင့် ပထမထပ်တို့တွင် ဟင်းသီးဟင်းရွက်၊ ကုန်စိမ်းမျိုးစုံ၊ အသီးအနှံများ၊ ပန်းမျိုးစုံ၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ကုန်ခြောက်ပစ္စည်းအစုံကို လက်လီလက်ကား ရောင်းချခဲ့သည်။ ဈေးဆိုင်ခန်းပေါင်း ၂၂၈၀ ကျော်နှင့် ပျံကျ ဈေးသည် ထောင်ချီရှိပြီး တဈေးလုံး၌ ဈေးသူဈေးသား ၂ သောင်းဝန်းကျင် နေ့စဉ် ဈေးရောင်းချပေးနေခဲ့ကြောင်း ဈေးမှတ်တမ်းများအရ သိရသည်။
ထိုသို့ ထောင်သောင်းချီသော ဈေးသူဈေးသားများသည် ဈေးသစ်၌ ဈေးရောင်းချရန် နေရာလုံးဝ အဆင်မပြေသော်လည်း ဈေးတာဝန်ရှိသူများက နေရာစီစဉ်ပေးခြင်းမရှိဟု ဈေးသူဈေးသားများက ပြောသည်။
နေရာအဆင် မပြေသူများထဲတွင် ပျံကျ ဈေးသည်များအပြင် ဈေးဟောင်း၌ ဆိုင်ခန်းကိုယ်ပိုင်ရှိသူ များလည်း ပါဝင်သည်ဟု သိရသည်။
သီရိမင်္ဂလာဈေးကြီးအား ပြောင်းရွှေ့ရခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဟု ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့်ဈေးတာဝန်ရှိသူများက ပြည်တွင်း ဂျာနယ်များကို ပြောဆိုခဲ့သည်။ သို့သော် အဆိုပါ ဈေးကြီးကို အေးရှားဝေါလ် ကုမ္ပဏီက အသုံးပြုမည်ဖြစ်ကြောင်း ဈေးသာယာရေး အဖွဲ့ဝင် တဦးက ဆိုသည်။
“ဒီဈေးကြီးကို အေးရှားဝေါလ် ကုမ္ပဏီက သူတို့စီးပွားရေး အတွက်အသုံးပြုဖို့ မြို့တော်ဝန်နှင့်သဘောတူထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
အေးရှားဝေါလ် ပိုင်ရှင်သည် စစ်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော ဖြစ်၍ ၎င်း၏ ဖိအားပေးမှုကြောင့် ပြောင်းရွှေ့ရခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။
သီရိမင်္ဂလာ ဈေးကြီးဘေး၌ တည်ဆောက်ထားသော အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆိပ်ခံ ဘောများတွင် တရက်လျှင် ကွန်တိန်နာကားစီးရေ ရာချီ၍ ၀င်ထွက် သွားလာနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်လေ့ရှိ ကြောင်း သိရသည်။
သီရိမင်္ဂလာဈေးကြီးသည် အထပ်မြင့် အဆောက်အအုံ တခုဖြစ်ပြီး အချက်အချာကျသည့် နေရာတွင် တည်ရှိနေခဲ့ သောကြောင့် အေးရှာဝေါလ်ကုမ္ပဏီက စိတ်ဝင်စားမှု ရှိပုံရကြောင်း၊ ဈေးပြောင်းရွှေ့ရခြင်းနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်နှင့် မြို့တော်ဝန်တို့ ငွေကြေးအပေးအယူ သဘောတူညီမှု ရယူကာ ဈေးကို အမိန့်အာဏာ အသုံးပြု၍ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။
ယခုအခါ သီရိမင်္ဂလားဈေးဟောင်း နေရာများကို လေလံစနစ်ဖြင့် စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ကြေညာထားသည်။
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရန်ကုန်၏ စီးပွားရေး အချက်အချာ ကျသည့်နေရာများကို မကြာခဏ လေလံပစ်လေ့ရှိပြီး ၎င်းတဦးတည်းက ချုပ်ကိုင်၍ လက်ဝါးကြီး အုပ်လေ့ ရှိခြင်းအပေါ် စည်ပင် ၀န်ထမ်းများက မကျေနပ်ကြကြောင်း ကြားသိရသည်။
သီရိမင်္ဂလာဈေးကြီး၌ ကားစီးရေ အများအပြား ထားရှိနိုင်သော ကားပါကင်၊ ကုန်ပစ္စည်း အများအပြား သိုလှောင်ထားနိုင်သော နေရာများကို အေးရှားဝေါလ်က မျက်စိကျနေသည်ဟု ဈေးသာယာရေး အဖွဲ့ဝင်တဦးက ဆိုသည်။ လက်ရှိ ဖြစ်ပျက်နေသော ကိစ္စသည် ငွေကြေးကိုသာ ဦးစားပေးသော မြန်မာအစိုးရ အာဏာပိုင်များ၏ မဆန်းပြားသော ဇာတ်လမ်း တခုသာ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
သီရိမင်္ဂလာဈေးဟောင်းအား ကီလီဈေးကို ဖျက်၍ ပြောင်းရွှေ့ကာ ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့သည်။
“ဒီဈေးကြီးက ကီလီဈေးကို ဖျက်ပြီးတော့ပြောင်းလာတာပါ၊ အဲဒီတုန်းက တခါဘ၀ပျက်ခဲ့ပြီးပြီ။ ဒီဈေးကို ရောက်တော့ လုံးဝမပြောင်းရတော့ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လာကြည့်ပြီး ပြောခဲ့တာ ကြားယောင်နေတုန်းပဲ” ဟု ဆိုင်ခန်းပိုင်ရှင် တဦးက ပြန်ပြောင်း ပြောပြသည်။
ထိုအချိန်က ဆိုင်ခန်းတခန်းလျှင် ကျပ် ၄ သိန်းပေးသွင်းခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။
သီရိမင်္ဂလာ ဈေးပြောင်းမည့် အကြောင်းကို ဈေးသူဈေးသားများ၊ ဈေးသာယာရေး အဖွဲ့ဝင်များတို့ကို ကြိုတင်ပြောဆိုမှု မရှိခဲ့ကြောင်း သိရသည်။
လက်ရှိဈေးသစ်နှင့်ပတ်သက်၍ ဈေးဝယ်သူ အိမ်ရှင်မ တဦးက “သွားရလာရတာက အရင်လို အဆင်မပြေတဲ့အပြင် ကုန်ဈေးတွေလည်း ပိုကြီးသွားတယ်” ဟု ဆိုသည်။
ဈေးရောင်းချနေသူ ဈေးသည် တချို့ကလည်း ယခု ဈေးသစ်သည် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းဟု ဆိုကြသည်။
လက်ရှိဖွင့်လှစ်ထားသော သီရိမင်္ဂလာ ဈေးသစ်သည် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ပိတောက်ချောင်းအနီးရှိ မြေဧက ၁၇ ဒသမ ၇၅ ဧကပေါ်၌ ဆောက်လုပ်ထားသော တထပ်ဟောလ်တိုက် ပုံစံ ဈေးဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၂၉၀၃ ခန်း၊ ဈေးရုံ ၉ ရုံ၊ ကားစီးရေ ၂ ထောင်ကျော် ထားနိုင်သော ကားပါကင်တို့ ပါရှိသည်။
“တထပ် ဆောက်ရတာက မီးဘေး အန္တရာယ် ကင်းဖို့နဲ့ လေ၀င်လေထွက် ကောင်းဖို့ပါ” ဟု မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြည်တွင်းဂျာနယ်များကို ပြောဆိုသည်။
ရန်ကုန်မြို့ရှိ ဈေးကြီးများသည် မကြာခဏ မီးလောင်မှုဖြစ်လေ့ရှိပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှုသည် မီးသတ်ဦးစီးဌာန၏ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှု များသွားရကြောင်း မြို့တော်ဝန်က လျှပ်တပြက် ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။
မီးသတ်ဦးစီးဌာနမှ ပြောဆိုရာတွင် ဈေးများ၌ မီးသတ်ရေကန်မရှိခြင်း၊ ဈေးများ၏ တည်ဆောက်မှုပုံစံ မှန်ကန်မှု မရှိခြင်း၊ ဈေးဆောက်မည်ဆိုပါက ဈေးတာဝန်ရှိသူများသည် မီးသတ်ဌာန၏ မီးဘေးအကြံဉာဏ် ယူလေ့မရှိခြင်း တို့ကြောင့် မီးလောင်မှု မကြာခဏဖြစ်ပွားရသည်ဟု ဆိုသည်။
ရန်ကုန်မြို့၌ အခွန်လွတ်ဈေး ၁၁ ခုအပါအ၀င် စုစုပေါင်း ၁၆၈ ဈေးရှိပြီး ဈေးအားလုံးနီးပါးသည် မီးဘေးကာကွယ်မှု စနစ် အားနည်းကြောင်း သိရသည်။
ဈေးပေါင်း ၁၀၀ ကျော်အနက် အများစုသည် ဟောင်းနွမ်းနေခြင်း၊ လူနေအိမ်များနှင့်နီးကပ်လွန်းခြင်းတို့ကြောင့် ပြောင်းရွှေ့ရနိုင်သော ဈေးကြီးများ၊ ဈေးဟောင်းများ ရှိနေ၍ ရန်ကုန်မြို့မှ ဈေးသူဈေးသားများသည် ကျီးလန့်စာစား ဘ၀သို့ ရောက်ရှိနေကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဆိုသည်။
ပြောင်းရွှေ့ရမည်ဟု လတ်တလော သတင်းထွက်နေသော ဈေးကြီးများမှာ သင်္ဃန်ကျွန်း စံပြဈေးကြီး၊ ဗဟိုစံပြ ငါးဈေးကြီး၊ ရွှေတိဂုံ စေတီ ခြေရင်းရှိ ဒဂုံမြို့နယ်ဈေး၊ တောင်ဥက္ကလာပ မြို့နယ်မှ နန္ဒ၀န်ဈေးကြီး တို့ဖြစ်သည်။ ထို့ကြောင့် ထိုဈေးများမှ ဈေးသူ ဈေးသားများသည် စိုးရိမ်သောက ရောက်နေကြကြောင်း သိရသည်။
“သူတို့ကဈေးတွေ ပြောင်းရမယ်ဆိုတာ ဘယ်တော့မှ ကြိုမပြောဘူး။ ပြင်ဆင်မှုက မရှိတော့ လူတွေ ဒုက္ခရောက် ကြတယ်။ ပြောင်းမယ့်ကိစ္စ ကန့်ကွက်တာများတဲ့ ဈေးဆိုရင် မီးရှို့ပစ်တတ်တယ်” ဟု ဗဟိုစံပြဈေးမှ အ၀တ်အထည် ရောင်းချသူ ဈေးဆိုင်ပိုင်ရှင် တဦးက ပြောသည်။
သင်္ဃန်းကျွန်း ဈေးကြီးမီးလောင်မှုတွင်လည်း ၎င်း၏ အထည်ဆိုင်မီးလောင်ခံခဲ့ရပြီး သိန်းရာဂဏန်း ဆုံးရှုံးခဲ့ရသည်ဟု ရှင်းပြသည်။ ထိုမီးလောင်မှုသည် အာဏာပိုင်တို့၏ ရှို့မီးဟုသာ ထင်မြင်ကြောင်းလည်း သူက ဆိုသည်။

ဈေးရှေ့မှ ဆောက်လုပ်ဆဲ ကားရပ်နားရာနေရာ (ဓာတ်ပုံ - ဧရာဝတီ)
သီရိမင်္ဂလာဈေးမှ ဈေးသည်များ၏ ဆန္ဒပြ တောင်းဆိုချက်ကို ကြည့်ခြင်းဖြင့် အာဏာပိုင်တို့၏ ပြည်သူများအပေါ် အလေးမထားခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ပိုမို ပေါ်လွင် ထင်ရှားနေကြောင်း ၎င်းက ဆက်ပြောသည်။
ဈေးသစ်ဖွင့်လှစ်ပြီး တပတ်ခန့်ရှိသည့်တိုင် မြို့တော်ဝန်နှင့်ဈေးတာဝန်ရှိသူများက နေရာ ခက်ခဲနေသည့် ဈေးသည်များအား နေရာစီစဉ် ပေးရန် တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း သိရသည်။
၂၄ ရက်နေ့က ဈေးသည်များ၏ ဆန္ဒပြ တောင်းဆိုမှုသည် အောင်မြင်မှု မရှိခဲ့ဘဲ မြို့တော်ဝန်၏ လျစ်လျူရှုခြင်းကို ခံနေရသဖြင့် ဒေါသထွက်ကာ စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုကြသည်။
“ဦးအောင်သိန်းလင်းကို နေရာ ပေးဖို့ ဈေးသည်တွေက သံပြိုင် တောင်းတော့ ဖဲကြိုးဖြတ်ပြီးတာနဲ့ ချက်ချင်း ပြန်သွားတယ်။ ဈေးထဲလည်း ပတ်မကြည့်သွားဘူး။ ဘာမှလည်း ပြောမသွားပါဘူး။ လူတွေကို လှည့်မကြည့်ဘဲ မျက်နှာ နီနီရဲရဲနဲ့ ကားပေါ်တက်သွားတယ်” ဟု ဆန္ဒပြ ဈေးသည် တဦးက ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တဦး ကူညီသည်။



ဂျပန်ကလာတဲ့ ကင်မရာအဖွဲ့တဖွဲ့က မြန်မာဒါရိုက်တာနဲ့ ပေါင်းပြီး ရုပ်ရှင်ပြိုင်ပွဲ ဝင်နိုင်လောက်တဲ့ ဇာတ်ကားတွေ ရိုက် ချင်တယ်လို့ ကမ်းလှမ်းလာတာမျိုး ရှိတယ်။ သူတို့ ကမ်းလှမ်းတာက မြန်မာ့ရုပ်ရှင်လောကအတွက် ဆိုပြီး ကမ်းလှမ်း လာတာမျိုးပါ။ ရုပ်ရှင်လောက တိုးတက်ဖို့အတွက် တခြားနိုင်ငံက နည်းပညာတွေပါ သုံးဖို့လိုအပ်မယ်ထင်လို့ သူတို့ အဖွဲ့နဲ့ ပူးပေါင်းအလုပ်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ သူတို့ကလည်း သူတို့ရဲ့ နည်းပညာတွေကိုပါ မျှဝေပေးမယ် ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရုပ်ရှင်လောကအတွက်တော့ နည်းပညာပိုင်းဆိုင်ရာအရ အမြတ်ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့ကတော့ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။
၂၀၁၁ မှာ ကျနော့် တကိုယ်တော်အခွေ ထွက်မယ်၊ အဲဒီခွေနဲ့ ပတ်သက်တဲ့ ပွဲလေး တပွဲလုပ်ဖို့ စီစဉ်ထားတယ်။ ဇန်နဝါရီ လမှာတော့ ပန်းချီပြပွဲတပွဲ လုပ်ဖို့ စီစဉ်ထားတယ်။ အရင်တုန်းကတည်းက လုပ်လာတဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမယ်လို့ စိတ်ကူးထားပါတယ်။ ကျနော့်အကူအညီကို လိုတယ်လို့ ပြောလာတဲ့လူတွေ၊ ကျနော်က မနေနိုင် မထိုင်နိုင် သွားကူရမယ့်ကိစ္စတွေကို ဆက်လုပ်သွားဦးမှာပါ။ ဟိုလူနဲ့ ပေါင်းပြီး မလုပ်ဘူး၊ ဒီအဖွဲ့အစည်းနဲ့ ပေါင်းပြီး မလုပ်ဘူး ဆိုတာမျိုးတော့ ကျနော့်မှာ မရှိပါဘူး။
နှုတ်ခမ်းမွေး လူမော်။ ။ ကျနော်တို့က အိမ်မှာ ဆိုင်းဘုတ်သာ တင်ထားတာ သက်ဆိုင်ရာက ပွဲမိန့်မပေးတော့ ပွဲမကရတာ ကြာပီ။ အဲဒါကြောင့် လာမယ့်နှစ်ဆိုရင်လည်း ကျနော်တို့ အတွက် ပွဲမိန့်က သေချာဦးမှာမဟုတ်ဘူး။ ဒီလူပဲ၊ ဒီအစိုးရပဲ ဆိုရင်တော့ သေချာတယ် ကျနော်တို့ ကရဦးမှာ မဟုတ်ဘူး။ အိမ်ကိုလာတဲ့ နိုင်ငံခြားသားတွေလောက်ကိုပဲ ကပြရမှာပဲ။ ၂၀၁၀ မှာတော့ အစ်မကြီး စု လွတ်လာလို့ ကျနော်တို့ ညီအစ်ကိုတတွေက ဝမ်းသာတယ်၊ ပျော်ရွှင်ရတယ်။ ၂၀၁၁ မှာတော့ ဒီထက် ဝမ်းသာစရာကောင်းတဲ့ ကိစ္စတွေနဲ့ ကျနော်တို့ ဆုံချင်တယ်။ ကျနော်တို့ မိတ်ဆွေကြီး ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ထောင်ထဲမှာ ရှိနေတုန်းပဲ။ နှစ်သစ်မှာ သူတို့တွေ လွတ်ငြိမ်း ချမ်းသာခွင့်ရကြပါစေ၊ သူတို့တွေလည်း ပျော်ရွှင်ရပါစေလို့ ပြောချင်ပါတယ်။
ကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိ သေး ဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာ တယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။
၂၀၁၁ မှာတော့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲအရ လွှတ်တော် ပေါ်လာမယ်၊ အစိုးရအသစ် ပေါ်လာမယ်။ ဒါပေမယ့် ဒီ လွှတ်တော်နဲ့ အစိုးရက တမျိုးသားလုံး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည် ဘူး။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ကျနော်တို့ မဖြစ်မနေ လုပ်ကြရမယ်၊ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမှာပဲ။ နအဖ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို CRPP အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်။ လက်ရှိ တိုင်းပြည်အနေအထားအရ တိုင်းရင်းသားတွေ အနေနဲ့ တန်းတူအခွင့်အရေး ရဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိဖို့ လိုအပ်တယ်။ အဲဒါကြောင့် NLD အပါအဝင် တခြား နိုင်ငံရေးပါတီတွေ လက်တွဲပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။ ၂၀၁၁ ကတော့ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် ကျပ်ကျပ်တည်းတည်းနဲ့ ဖြတ်သန်းရဦးမယ့်နှစ်လို့ ကျနော် မြင်ပါတယ်။ နှစ်သစ်မှာလည်း လူတိုင်းလူတိုင်းက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆက်လက် ကြိုးပမ်း သွားဖို့ လိုဦးမယ်လို့ ကျနော်ပြောချင်ပါတယ်။
နှစ်သစ်မှာ ဘာတွေလုပ်မလဲဆိုတော့ ကျနော်တို့ လုပ်နေတဲ့ လူမှုရေးလုပ်ငန်းဆိုတာက လုပ်ချင်တိုင်း လုပ်ခွင့်ရတဲ့ အခြေ အနေမရှိသေးတော့ ဘာကိုမှ ကြိုပြောလို့မရဘူးဗျ။ အများအကျိုးကို ဒီထက်တိုးပြီး ဘယ်လိုကူညီလို့ ရမလဲ ဆိုတာကိုပဲ ကျနော် ခေါင်းထဲ ထည့်ထားတယ်။ ဆိုတော့ လုပ်ငန်းတွေ အကောင်အထည်ဖော်မှပဲ ကျနော့်အနေနဲ့ ပြောလို့ ကောင်း မယ်။ အခုလက်ရှိတော့ ကျနော်တို့ရဲ့ မျက်စိ ခွဲစိတ်ခန်းကိစ္စကိုပဲ ဇောင်းပေးပြီး လုပ်ဆောင်နေပါတယ်။ ရှေ့နှစ် ဧပြီလ လောက်ဆိုရင် စတင်ပြီး ခွဲစိတ်မှုတွေ လုပ်နိုင်ပါပြီ။
ကျနော့်ကို စာရေးခွင့်တွေဘာတွေ ပိတ်ထားတာ ၁၂ နှစ် ရှိပြီ။ အခုထိလည်း ပိတ်ထားတုန်း ပဲ။ ဘာမှလည်း ရေးခွင့် ပြောခွင့် မရှိဘူး ဆိုတော့ ကျနော့်အနေနဲ့ ဘာ အစီအစဉ်မှ မရှိဘူးလို့ ပြောလို့ရတယ်။ NLD ကလုပ်တဲ့ စာပေ ဟောပြောပွဲတွေ ဘာတွေမှာ ကျနော့်ကို ပြောဖို့ ဖိတ်တာမျိုး တွေတော့ နှစ်တိုင်းလိုလိုရှိပါတယ်။ အမျိုးသားအောင်ပွဲနေ့ တို့ ပြည်ထောင်စု နေ့တို့ ဘာတို့ပေါ့ဗျာ။ လာမယ့်နှစ်မှာလည်း ကျနော့်ကို ဟောပြောဖို့ ထပ်ဖိတ်ဦးမယ်ဆိုရင်တော့ သွားပြီး ဟောဖြစ် ပြောဖြစ်ဦးမှာပါ။ ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက် စာရေးခွင့်၊ ဟောပြောခွင့်မရဘဲနဲ့ ကျနော့်အသက် တနှစ်ကြီးသွားဦးမှာ ကိုတော့ နှမြောတယ်ဗျာ။
အနုပညာ လုပ်ငန်းတွေကိုပဲ ရှေ့တိုးပြီးဆက်လုပ်သွားမှာပါ။ နှစ်သစ်တနှစ်ဖြစ်တာကြောင့် စိတ်သစ်၊ လူသစ်နဲ့ အကောင်းတွေကို ဆက်လုပ်သွားမှာပါ။ ရှေ့တိုးပြီး အောင်မြင်အောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်ကို ကျနော့်အတွက် ပြောရမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ ပိုပြီးထိရောက်မှုရှိလာတယ်။ ပရိသတ်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှု ပိုကောင်း လာတယ်။ လုပ်ငန်းဆိုင်ရာတွေမှာလည်း ပိုပြီးအဆင်လာပါတယ်။
ကျနော်ကတော့ ၂၀၁၁ မှာ ၂၀၁၀ က အကြွေးတွေပဲ ကျေအောင် ဆက်လုပ်ရမှာပါ။ ထွေထွေထူးထူး လုပ်စရာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က အလုပ်တွေ ကျန်နေတာကြောင့် အဲဒါတွေကိုပဲ ဆက်လုပ်သွားမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ဘာမှ မထူးခြားခဲ့ဘူး လို့မြင်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလိုပဲ ထွေထွေထူးထူးပြောင်းလဲတာ မရှိခဲ့ဘူးလို့ မြင်တာပါပဲ။ လာမယ့် ၂၀၁၁ မှာလည်း ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလို့ ထင်ပါတယ်။
လာမယ့် ၂၀၁၁ ဇန်နဝါရီလမှာ ဦးဇာဂနာရဲ့ မွေးနေ့ပွဲကို ကျမတို့ အဖွဲ့တွေ ကျင်းပပေး သွားဖို့ အစီအစဉ်ရှိတယ်။ အဲဒီကနေတဆင့် ကျမတို့ကို ဦးဇာဂနာ ဖြစ်စေချင်တဲ့ မြန်မာ့ရိုး ရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့သူတွေ ဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါ။ လာမယ့် ၂၀၁၁ မှာ ဘယ်လို အခက်အခဲတွေပဲ ကြုံရ ကြုံရ ကျမ တတ်နိုင်တဲ့ ဘက်ကနေ အတတ် နိုင်ဆုံး ကြိုးစားပြီး ပြည်သူချစ်တဲ့ အနုပညာသမား စစ်စစ်ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ နှစ်သစ်မှာ လူသားတိုင်း စိတ်ချမ်းသာမှု ရနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။ ။
သတင်းဂျာနယ်များ၌ တနှစ်တာ ဖော်ပြခဲ့သည့် သတင်း၊ အထွေထွေ သတင်းဆောင်းပါး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ သတင်းဆောင်းပါး၊ သတင်းဓာတ်ပုံနှင့် ကာတွန်းဆုဟူ၍ ၅ ဆု သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ သီရိရိပ်သာ၌ ချီးမြှင့်သွားမည်ဟု သိရခြင်း ဖြစ်သည်။
အဆိုပါပုဂ္ဂိုလ် ဆက်ပြောသည်မှာ “ နအဖစစ်အစိုးရက ၀ ပြည်တိုးတက်ဖို့သူ့မှာစေတနာရှိတာမဟုတ်ဘူး။ ဒီတော့ ကျနော် တို့ တိုးတက်ချင်ရင် ကျနော်တို့ကိုယ်တိုင် လုပ်မှဘဲရတော့မယ်။ တက်လာမယ့် အစိုးရသစ်နဲ့ ၀ အရေး သွားဆွေးနွေးမယ်။ စစ်အစိုးရလုပ်ငန်းစဉ်ထဲမှာလဲ မပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံထဲ မှာလဲ ၀င်မပါဘူး။ မိန့်ခွန်းထဲမှာပါတဲ့ အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူအတိုင်းရပ်တည်သွားမယ် ” - ဟု ဆို၏။

“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြော လို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ် တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော် တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။
နအဖ ခလရ (၁၀၆) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့ လက်နက်ကြီး တပ်ဆင် ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများ သို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်း တက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြို တိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်း က နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။
အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်း ကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက် တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီး နှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။





























