Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မိုင်းလားတွင် တွေ့

  • Tuesday, December 14, 2010
  • .
  • အကြောင်းအရာ >

  • ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် ပြောင်းလဲရန် ငြင်းဆန်ထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) ထိန်းချုပ်ရာ မိုင်းလားတွင် ယခင်အပတ် ရှမ်းနှစ်သစ်ကူး ပွဲတော်တွင်း တွေ့ဆုံခဲ့ကြသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သော သတင်းများ အဆိုအရ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) ၏ တပ်မဟာ (၁)၊ ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလား အပစ်ရပ်အဖွဲ့ ထိပ်သီးကိုယ်စားလှယ်များ တံခါးပိတ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
    ssaတိုင်းရင်းသား လက်နက်ကိုင် အင်အားစု အချင်းချင်း ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားရန်နှင့် အရေးပေါ် အချိန်တွင် တဖွဲ့နှင့် တဖွဲ့ အကူအညီပေးရန် ဆွေးနွေးခြင်းဟု ဆိုသည်။

    မြန်မာစစ်တပ်က ကိုးကန့်ကို ၂ဝဝ၉ တွင် စစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဤလက်နက်ကိုင် အဖွဲ့များ ပိုမို ပူးပေါင်းလာကြပြီး မဟာမိတ် ဖွဲ့စည်းရာတွင် ကချင်လွတ်မြောက်ရေး တပ်မတော်လည်း ပါသည်။

    ထိုင်းနိုင်ငံ မယ်ဆိုင်နေ NDAA အဖွဲ့ဝင်တဦးက “တိုင်းရင်းသား မဟာမိတ် အုပ်စုအနေနဲ့ ကိုးကန့်တွေရဲ့ ရှုံးနိမ့်မှုကနေ သင်ခန်းစာ ကြီးကြီးရလိုက်ပါပြီ။ နောက်ထပ် ဒုတိယအမှား ထပ်လုပ်မှာ မဟုတ်တော့ပါဘူး” ဟု ဆိုသည်။ထို့ပြင် SSA-N သည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အချင်းချင်း ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် မိုင်းလားတွင် ရုံးတခု ဖွင့်လှစ် လိုက်သည်ဟုလည်း ဒေသခံ ကုန်သည် တဦးက ဆိုသည်။

    မယ်ဆိုင်မှ NDAA အငြိမ်းစားအရာရှိ တဦးက “တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုဟာ တရုတ်နိုင်ငံရဲ့ ကူညီမှုကို ပါးပါးလေး မှီခိုနေရပါတယ်။ ဒါပေမဲ့ တရုတ်က ကူညီသည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ၊ တိုင်းရင်းသားတွေကတော့ ရှေ့ဆက် ချီတက် နေမှာပါ” ဟုဆိုသည်။

    မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား အင်အားစုများကို မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ညွှန်ကြားသည့် အချိန်မှ စ၍ အပစ်ရပ် အုပ်စုများနှင့် မြန်မာ စစ်တပ် အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ၂ဝ၁ဝ ဧပြီတွင်ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)
    ၏ တပ်မဟာ (၃) နှင့် (၇) တို့ စစ်အစိုးရ လက်အောက်ခံ ပြည်သူ့စစ် အသွင်ပြောင်းလဲခဲ့ကြသည်။
    စက်တင်ဘာနှင့် နိုဝင်ဘာလအတွင်းက မြန်မာစစ်တပ်က ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း တပ်မဟာ (၁) ကို အသေးစား စစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    http://mizzimaburmese.com/