Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ဒေါ်စု လွတ်မြောက်လာပြီးနှောက် လွိုင်ကော် တက္ကသိုလ် ကျောင်းတွင် ထောက်လှမ်းရေး လွတ်ထား

  • Wednesday, December 8, 2010
  • .
  • အကြောင်းအရာ >
  • ကရင်နီပြည် လွိုင်ကော်မြို့နယ်ရှိ လွိုင်ကော် တက္ကသိုလ်ကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းနှင့် ပတ်သက်၍ ကျောင်းသူ၊ သားများ စိတ်ဝင်တစား ဆွေးနွေးကြသဖြင့် စစ်အစိုးရမှ ထောက်လှမ်းရေး လွတ်ထားသည့်အတွက် ကျောင်းသားများ စိတ်အနှောင့်အယှက်ဖြစ်နေသည်။

    လွိုင်ကော် နည်းပညာ တက္ကသိုလ်ကျောင်းရဲ့ မြင်ကွင်း (ဓါတ်ပုံ=ကေတီ)

    လွိုင်ကော် နည်းပညာ တက္ကသိုလ်ကျောင်းရဲ့ မြင်ကွင်း (ဓါတ်ပုံ=ကေတီ)

    “ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေ ဒေါ်စုလွတ်တာကို တအား ဆွေးနွေးနေကြလို့လေ။ ပြောချင်တာက တော်တော် စိတ်ဝင်စားကြတယ်ပေါ့” ဟု ကျောင်းသားများနှင့် နီးစပ်သူ လွိုင်ကော်ဒေသခံ တဦးက ပြောပါသည်။

    ကျောင်းသူ၊သားများသည် ကန်တင်းတွင် ၀ိုင်းဖွဲ့ပြီး မြန်မာ့ ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှုအပေါ် နှင့် ယခုလက်ရှိအခြေအနေကို စိတ်ဝင်တစား ငြင်းခုန်၊ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်သည့်အတွက် စစ်အစိုးရမှ ပြီးခဲ့သည့်ပတ်တွင် အရပ်ဝတ် ထောက်လှမ်းရေး ၂ ဦးကို လွတ်လာခြင်း ဖြစ်သည်။

    “သူများက တော်သေးတယ်။ ငါတို့က သမိုင်းမေဂျာ ယူထားတာဆိုတော့ နိုင်ငံရေးအကြောင်းက ပါလာမှာပဲ။ မပြောလို့ မရဘူး။ စာကို လုံးဝ စိတ်ဝင်စားမှု မရှိမှ မပြောပဲ နေနိုင်မှာ” ဟု လွိုင်ကော် တက္ကသိုလ် ကျောင်းသား တဦးက ပြောပါသည်။လွိုင်ကော် တက္ကသိုလ်ကျောင်းတွင် ကျောင်းသူ၊ သား ဦးရေ ၄၀၀ ၀န်းကျင်လောက်ရှိပြီး ထိုကဲ့သို့ ထောက်လှမ်းရေး ချထားခြင်းသည် ကျောင်းသူ၊သားများ အတွက် သင်ခန်းစာ ဆွေးနွေးရာတွင် အနှောင့်အယှက် ဖြစ်သလို ကျောင်းသူ၊ သားများအတွက် လွတ်လပ်စွာ ပြောဆိုခွင့် မရဟု ကျောင်းသူ/သားများက ပြောကြပါသည်။