Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဂယက် မငြိမ်သေး

  • Sunday, December 19, 2010
  • .
  • အကြောင်းအရာ >

  • အင်္ဂလန်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခံရသော မြန်မာသရုပ်ဆောင် ၆ ဦးထဲ၌ အစိုးရ၀ါဒဖြန့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သူများ ပါဝင်နေ ခြင်းကြောင့် အစီအစဉ် ပျက်သွားကြောင်း သတင်းရရှိသည်။
    Policy-Movie-actors-get-trouble

    ၂၀၁၀ ဇူလိုင်လ ၃၁ ရက်နေ့က “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာ ကျောင်းသားများ။ (ဓာတ်ပုံ - burmatoday.net)

    “နေတိုးနဲ့ သူထူးစံတို့ အပါအ၀င် သရုပ်ဆောင် တချို့ကို အင်္ဂလန်က ရုပ်ရှင် ကုမ္ပဏီတခုက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာ ပJustify Fullျက်သွားတယ်လို့ သိရပါတယ်။ နေတိုးကို အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားမှာ ပါဝင်ထားတဲ့ အတွက် ဟိုဘက်မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပြီး အခြေအနေတွေ ရှုပ်ထွေးမှာစိုးလို့ အင်္ဂလန်သံရုံးက ဗီဇာထုတ်မပေးတာလို့ သိရပါတယ်” ဟု အမည် မဖော်လိုသည့် သရုပ်ဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

    ကမ်းလှမ်းခံရသည့် သရုပ်ဆောင် ၆ ဦးအနက် သူထူးစံမှလွဲ၍ နေတိုး၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနှင့် ၀ိုင်းစုခိုင်သိန်းတို့သည် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ခဲ့ ကြသူများ ဖြစ်သည်။
    သူထူးစံမှာ ဗီဇာရရှိခဲ့ သော်လည်း မြန်မာနိုင်ငံ ရဲအထူး သတင်းတပ်ဖွဲ့က လန်ဒန်ရှိ မြန်မာ့အရေး လှုပ်ရှားသူများ စာရင်းကို ပြကာ ၄င်းတို့နှင့် ပတ်သက်ခြင်း မပြုရန် ဖိအားပေးခဲ့ ခြင်းကြောင့် ခရီးစဉ်ကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် သရုပ်ဆောင်က ဆက်လက် ပြောသည်။

    သို့သော် သရုပ်ဆောင် သူထူးစံက “ကျနော်က အင်္ဂလန်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီနဲ့ တိုက်ရိုက် မသိပါဘူး။ ရန်ကုန် မှာရှိတဲ့ သူတို့ရဲ့ အေးဂျင့်ကနေတဆင့် ကျနော့်ကို ဆက်သွယ်တာပါ။ ကျနော်က ဘောလုံးအသင်းနဲ့အတူ နယ်ရောက်နေလို့ သံရုံးနဲ့ ဗီဇာကိစ္စတွေကိုလည်း သေချာ မသိသေးပါဘူး။ ဒီကိစ္စတွေအတွက် ကျနော့် ညီမ လေး ကပဲ ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။နေတိုးအတွက် ဗီဇာငြင်းဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အင်္ဂလန်သံရုံးသို့ ယမန်နေ့က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

    မြန်မာသရုပ်ဆောင်များ ငှားရမ်းရိုက်ကူးရေးအတွက် ဆောင်ရွက်ပေးခဲ့သော မစန္ဒီက “အင်္ဂလန်မှာရှိတဲ့ ကျမ မိတ်ဆွေက မြန်မာ သရုပ်ဆောင်တွေကို ရုပ်ရှင်ရိုက်ဖို့အတွက် ငှားရမ်းလိုတယ် ဆိုတာကြောင့် နေတိုး၊ သူထူးစံ၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနဲ့ ၀ိုင်းစုခိုင်သိန်းတို့ကို ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးခဲ့တာပါ။ အနုပညာကြေး ညှိနှိုင်းတာတွေ သူတို့ဟာသူတို့ တိုက်ရိုက် ပြောဆိုကြတာပါ။ ကျမက သူတို့နဲ့ ဆက်သွယ်ပေးရုံပါပဲ။ ကျန်တာ သူတို့ဟာသူတို့ ဆက်လုပ်ကြတာပါ” ဟု ပြောသည်။

    မြန်မာ သရုပ်ဆောင်များကို ကမ်းလှမ်းခဲ့သော အင်္ဂလန်ကုမ္ပဏီမှာ ရှယ်ယာရှင် ၅ ဦးပိုင်ဆိုင်သော ကုမ္ပဏီ ဟုသာ သိရှိထားပြီး အဆိုပါ ကုမ္ပဏီမှ ရှယ်ယာဝင်တဦးနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် သရုပ်ဆောင်များနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ် ပျက်ရခြင်းမှာ ဗီဇာအခက်အခဲနှင့် ၀ိုင်းစုခိုင်သိန်းကလည်း လက်ခံ ထားသောပွဲများကြောင့် မအားဟုဆိုကာ နောက်ဆုတ်သွားခြင်း တို့ကြောင့်ဖြစ်ကြောင်း မစန္ဒီက ဆက်လက် ပြောသည်။

    တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး တပ်မှ အငြိမ်းစား ဒု ဗိုလ်မှူးကြီး တင်သန်းဦး စီစဉ်ရိုက်ကူးခဲ့သည့် အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားသည် သမိုင်းအမှန်ကို ဖျောက်ဖျက်သည့် ဇာတ်ကား တကား ဖြစ်ခြင်းကြောင့် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများကို ပြည်ပခရီးစဉ်များတွင် ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြမှုများ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်ရောက် နေတိုးနှင့် သရုပ်ဆောင်များ၊ အမေရိကန်ရောက် ၀ိုင်းစုခိုင်သိန်းနှင့် သရုပ်ဆောင်များကို ပြည်ပရောက် မြန်မာများက ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။

    http://www.irrawaddy.org/bur/