Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

နေပြည်တော်မှာ ခွေးတွေတောင် ရူးကုန်ပြီ နဲ့ အထက်ကအမိန့်အရ တဒေါ်လာ ငွေ ၁၀၀၀ နှုန်း အခွန်ဆောင်ရမယ် …

  • Friday, December 17, 2010
  • .
  • အကြောင်းအရာ >
  • မိုးမခစာဖတ်သူတဦး (ပျဉ်းမနား)

    ဒီဇင်ဘာ ၁၇၊ ၂၀၁၀

    အယ်ဒီတာမင်းများ ခင်ဗျား

    (ခင်ဗျားတို့ကလည်း “မင်း” တပ်ခေါ်ရင် စာတွေ အမြန်တင်ပေးဆိုလို့ အယ်ဒီတာကို မင်း တပ်ပေးလိုက်တယ်။)ဂျာနယ်တွေမှာ ဆင်ဆာလွတ်လာတဲ့ သတင်းတပုဒ်ကတော့ - နေပြည်တော်မှာ ခွေးရူးတွေ သောင်းကျန်းနေကြောင်း သတင်းပါတယ်။ နေပြည်တော်မှာ အရူးတွေ ပေါချက်ကတော့ ခွေးတွေတောင် ရုးကုန်ပြီ ဆိုတဲ့ သဘောပေါက်ပြီး တစိမ့်စိမ့် ရယ်နေမိတယ်။ ရာသီမဟုတ် ဘာမဟုတ် ခွေးရူးတွေ အရမ်းပေါပြီး ကလေးတွေ ကျောင်းသားတွေကို လိုက်ကိုက်နေတယ်။ နေပြည်တော်တ၀ိုက်က အရပ်တွေမှာ ရွာတွေမှာ လူတွေ ကျီးလန့်စာစား ဖြစ်နေတယ်လို့ ဆိုတယ်။ ခွေးရူးဆေးကလည်း လူတိုင်း မထိုးနိုင်တော့ ဟိုနေပြည်တော်နန်းတော်ထဲက မိသားစုတွေလို အဖိုးတန်ပြည်သူလူထုကြီးပါ ခွေးရူးပြန်ကုန်ကြမှာ စိုးမိပါကြောင်း ပြည်သူ့အော်လံနဲ့ အော်လိုက်တယ်။

    နောက်သတင်းတခုကတော့ ဂျာနယ်သတင်းမဟုတ်ဘူး။ လုပ်ငန်းရှင်ရပ်ကွက်သတင်း ဖြစ်ပါတယ်။ အစိုးရ“မင်း” များကတော့ နိုင်ငံခြားဧည့်သည်တွေ မြန်မာပြည်ကို လာလည်ကြတာကို အင်န်အယ်ဒီက မတားမြစ်တော့ဘူးလို့ပြောလိုက်တာအပေါ်အမြတ်ထုတ်တာကတော့ကမ်းကုန်ပဲဗျား။နိုင်ငံခြားဧည့်သည်လက်ခံတဲ့ ဟော်တယ်လုပ်ငန်းရှင်တွေကို အထက်ကလာတဲ့ အမိန့် ဆိုပြီး ခေါ်ပြောလိုက်တယ်။ အရင်က ဟော်တယ်တခန်း ၅ ဒေါ်လာ ယူရင် အခု ၁၀ ဒေါ်လာ ဈေးမြှင့်ပြီး တောင်းကြရမယ် ဆိုပဲ။ ပြီးတော့ အခွန်ဆောင်ရင် တဒေါ်လာကို ကျပ် ၁ ထောင်နှုန်းနဲ့ တွက်ပြီး ဆောင်ကြရမယ် တဲ့။ အထက်က အမိန့်။ သို့သော် မြန်မာပြည်မှာ အမေရိကန်ဒေါ်လာက ၈၅၀ ဈေးပဲ ပေါက်တာလေ။ သူတို့ အစိုးရဈေးက မြန်မာငွေ ကျပ် ၁၀ ဆိုလား။ ကဲ .. ဘယ်လိုလုပ်ကြမှာလဲ။

    နေပြည်တော်က ခွေးရူးတွေအပြင် ခွေးရူးပြန်နေသူ အစိုးရမင်းတွေကိုယ်တိုင်က မြန်မာပြည်သူတွေကို လိုက်ကိုက်နေရုံတင်မက နိုင်ငံခြားသားတွေကိုပါ လိုက်ကိုက်နေကုန်ပြီ။ဒေါ်လာပြလည်း အဲသည် အရူးတွေက ပိုပြီး လိုက်ကိုက်တော့မှာ … ကယ်ကြပါဦး အထက်က အမိန့်ကြီး ရဲ့ …။


    http://moemaka.com/