အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)  -  ဒီဇင်ဘာ ၁၅၊ ၂၀၁၀
ခင်မောင်တိုးရဲ့ ခင်မောင်တိုး     တောင်ဥက္ကလာမှာ နေတဲ့ ခင်မောင်တိုးရဲ့ ငယ်ဘ၀အကြောင်း ဖတ်စေချင်လို့ ထည့်ပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် Bi-weekly က ယူတယ်။ မိုးမခ ၀က်ဆိုက်ကို ရောက်လာသူတွေထဲမှာ သူ့ပရိသတ်ကလည်း အများကြီး ရှိမယ် ထင်ပါတယ်။
ဒီကာတွန်းအကြောင်းတော့  ရန်ကုန်သားတွေက သိပ် သိတာပေါ့။ နိုင်ခြံငါး ရောက်နေတဲ့သူတွေ  ဒီကာတွန်းကြည့်ပြီး မျက်မှောင်ကြုံ့နေမှာ စိုးလို့ ရှင်းပြရမယ် ဆိုရင် -  မိုးရွာရင်  မြောင်းတွေရေလျှံလို့ ဒူးလောက် ပေါင်လောက် ရေတွေထဲ သွားရဖြတ်ရ  နဲ့ရွေးစရာကို မရှိဘူး။ ကိုယ်တို့ တိုက်လဲ ထိနေပြီ။ တခါတလေ ကားတောင်  ဘီးတ၀က် ရေထဲ မြုပ်လျက် ည သိပ်ထားကြရတာ။ မနက်ကျ ဘရိတ်တွေ လျှောလို့လေ။ အဲ  မိုးကုန်တော့မယ် ဆိုရင် မီးက ပျက်ပါပြီ။ ခွဲတမ်းနဲ့ သုံးရတာမျိုး ဖြစ်ပြီ။  မီးစက်သံ ညံနေတာတော့ ပြောနဲ့တော့လေ။အဲဒါကို  လှောင်ထားပုံလေးက ကြည့်ပါဦး ညဖက်မှာ “မိုးကုန်မှဘဲ ရေကြီး ရေလျှံတဲ့ ဒုက္ခ  အေးတော့တယ် ယောင်္ကျားရေ မီးခြစ် ဘယ်နားထားတုန်း” တဲ့။ ရေမလျှံတော့  မီးမလာတော့ဘူးလေ။ တစိမ့်စိမ့်ကို ရီနေမိ (သတ်ပုံကျမ်းထဲကလို ရေးရရင်  ရယ်နေမိတော့တယ်) ကွာ။

လေဆိပ် လုံခြုံရေးတိုးတာလဲ  သိရအောင်လို့ပါ။  
  နာရေး 

သုခုမ ဒေါ်နန်းကွယ်လွန်တဲ့ သတင်း 
  သေပြီတော် 
 ဒီတပတ်  7DAY (ဒီဇင်ဘာ ၉) မျက်နှာဖုံးမှာပါလာတာက ကားတာယာနဲ့ ကွန်ကရစ်လမ်း။  ဒီသတင်းက ဒီဂျာနယ်တစောင်ထဲမဟုတ်ဘူးနော် အတော်များများမှာပါလာတာ။  တပြိုင်တည်းလိုလိုပါလာ တာ ဆိုတော့ တမင်ထည့်ခိုင်းတာ ဖြစ်နိုင်နေပြီလေ။ 
  သေကြ  ရေးကြ များလာတော့ နေပြည်တော်လမ်းက သေပြီတော်လမ်း အဲ သေမင်းတမန်လမ်းကြီး  ဖြစ်လာနေတာကိုး။  ခင်းတဲ့လူတွေက ခိုးလွန်းလို့ ဒါမှမဟုတ်  ဘိုင်ကျင့်ဘိုင်ကြံ ကြံလွန်းလို့ လမ်းကြီးဖြောင့်သလောက် ကွန်က၇စ်သားက  ကြမ်းသွာတာပါ။ တကယ်ဆို အပေါ်က ကတ္တရာတထပ်အုပ်ပြီးခင်းရမှာကို မခင်းဘဲ  ခိုလိုက် ပြန်တော့ ဘယ်လောက်ကောင်းတဲ့ တာယာ ဘဲ ဖြစ်ဖြစ်  ကျိတ်ပြီးပွတ်မောင်းတဲ့အခါပွတ်မှုအားမြင့်လာပြီး မကြာခင်တာယာ ပူလာမှာဘဲ  အရှိန်ကမြင့်လာရင် ပိုဆိုးပြီပေါ့ အတွင်းက လေပေါင်က တအား တက်လာပြိး  တာယာပွင့်ထွက် သွားတော့တာလေ။ခုတော့  ထုံးစံအတိုင်း ကိုယ်ခိုးတာမပေါ်အောင် နအဖ ထုံးစံအတိုင်း တာယာတွေက  တိုက်ဆွေးမို့ ဟောင်းလို့မို့ နဲ့ လွှဲချလိုက်တာလို့ နားလည်ရပါတယ်။  
 http://moemaka.com/
 





