Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ရန်ကုန်-ယူနန် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်

  • Friday, December 17, 2010
  • .
  • အကြောင်းအရာ >

  • မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၁ ခု ဇန်န၀ါရီလ ၌ စတင် ဖောက်လုပ်မည်ဟု နေပြည်တော်ရှိ မြန်မာ့ မီးရထား ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တဦးက ပြောဆိုသည်။
    train-from-Mirror

    တရုတ်နိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင် ရထားတွဲများနေပြည်တော်တွင် တွေ့ ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

    အဆိုပါ ကီလိုမီတာ အရှည် ၁၉၂၀ ရှိ မြန်နှုန်းမြင့် ရထားလမ်းသည် ၁ နာရီ လျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် မောင်းနှင်နိုင် မည် ဖြစ်သည်ဟု သိရသည်။
    တရုတ်နိုင်ငံ၏ အရှေ့တောင် အာရှ နိုင်ငံများနှင့် ဆက်သွယ်သည့် အမြန်ရထားလမ်း စီမံကိန်းတွင် တရုတ်နိုင်ငံ အနောက် ပိုင်း ဒေသ ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် ရန်ကုန်မြို့သို့ ဖောက်လုပ်မည့် ယခု လမ်းပိုင်းသည် တခု အပါအ၀င် ဖြစ်
    ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

    တရုတ်နိုင်ငံ၏ မြန်မာပြည်နှင့် ကုန်သွယ်မှုကို အကောင်းဆုံး အထောက်အပံပေးနိုင်မည့် အဆိုပါ အမြန်ရထားလမ်း စီမံကိန်း တွင် လမ်းပိုင်းများစွာ ပါဝင်သောကြောင့် ပြည်တွင်း ကုမ္ပဏီတချို့ကိုလည်း လမ်းပိုင်းတည်ဆောက်ခွင့် ပေးသွားမည် ဖြစ်ပြီး ယခု အချိန်တွင် ဖောက်လုပ်သွားမည့် ရထားလမ်းကြောင်းကို ရေးဆွဲပြီးသွားပြီဟု အဆိုပါ အထူးစီမံကိန်းတွင် ပါဝင်သည့် မီးရထား ၀န်ကြီးဌာနမှ အင်ဂျင်နီယာ တဦးကလည်း ပြောသည်။

    “ပြီးခဲ့တဲ့ အောက်တိုဘာလ က ကူမင်း မီးရထားအုပ်ချုပ်ရေး အဖွဲ့တွေက မီးရထားတွဲတွေကို ချစ်ကြည်ရေး အနေနဲ့ လက်ဆောင်ပေးပြီး နေပြည်တော် ဘူတာကြီးကိုလည်း ကြည့်သွားတယ်။ သူတို့ ဆောက်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း အတွက် နေရာအနေအထား လာလေ့လာတဲ့ အင်ဂျင်နီယာ အဖွဲ့လည်း ပါတယ်”ဟု ၎င်းက ဆိုသည်။စစ်အစိုးရသည် တရုတ်နိုင်ငံမှ မီးရထားတွဲများ လက်ဆောင်ပေးအပ်ခြင်း အခမ်းအနားကို သတင်းစာများတွင် ဖော်ပြထား သော်လည်း အသစ် ဖောက်လုပ်မည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖော်ပြသည်ကို မတွေ့ရှိရပေ။

    “တရုတ်နိုင်ငံ က အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးဖို့ လုပ်တဲ့ကိစ္စမှာ မြန်မာပြည်က ၂ နိုင်ငံ ရထားလမ်း ဖောက်ဖို့ သဘောတူလိုက်တာ။ စီးပွားအမြင်အရ တရုတ်က ကြည့်ပြီး ဘယ်နိုင်ငံတွေကနေ ငါတို့ နိုင်ငံထဲကိုအချိန်ကုန်သက်သာပြီး ပို့ကုန်တွေရောက်လာမလဲ ရည်ရွယ်ချက်နဲ့ လုပ်နေတာ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းလုပ်တဲ့ ကိစ္စတိုင်းမှာ ပါသွားတာ အကုန်လုံးက မြန်မာပြည်က အဖိုးတန် ထုတ်ကုန်တွေ ချည်းပဲ”ဟု စီးပွားရေး ပညာရှင် တဦးကပြော သည်။ရန်ကုန်-နေပြည်တော် အမြန်ရထားလမ်းပိုင်းကို ပြည်တွင်း အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိနေသည်ဟု သိရသည်။

    ယူနန်ပြည်နယ် ကူမင်းမြို့မှ ကူမင်း-ရန်ကုန်၊ ကူမင်း- ကမ္ဘောဒီးယား၊ ကူမင်း-လာအို၊ ကူမင်း- ဗီယက်နမ်တို့ ဖောက်လုပ် သွား မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း တရုတ်မီးရထား ထိပ်တန်းအတိုင်ပင်ခံ တဦး ဖြစ်သူ Wan Menshu က ချိုင်းနား ဒေးလီး သတင်းတွင် ပြောဆိုထားသည်။
    တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင် လက်ရှိ ၈ လကျော် အတွင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားအရ ဖော်ပြထားကြောင်း ယခု တပတ် ပြည်တွင်းထုတ် 7 Day ဂျာနယ်တွင် ဖော်ပြထားသည်။

    မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော် တင်ပို့ထားပြီး တရုတ်ပြည်မှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော် ပြန်လည် တင်သွင်းနေဟု ပါရှိသည်။အဆိုပါ ပမာဏထဲတွင် ပြီးခဲ့သည့် နိုဝင်ဘာ လ က ရောင်းချခဲ့ရသည့် ကျောက်မျက်ရတနာပွဲတော်မှ ရရှိသည့် ၀င်ငွေများ မပါရှိသေးကြောင်း သိရသည်။


    http://www.irrawaddy.org/bur/