Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မြန်မာ့အရေး ပိုမိုအားပေးရန် အိန္ဒိယကို ဒေါ်စု တိုက်တွန်း

  • Tuesday, December 7, 2010
  • .
  • အကြောင်းအရာ >

  • နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်ခေါင်းဆောင်များနှင့် နှစ်ပေါင်းများစွာ တရင်းတနှီး ဆက်ဆံခဲ့သည့် အိန္ဒိယအစိုးရ ခေါင်းဆောင်များကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ပိုမိုအားပေးထောက်ခံရန် တိုက်တွန်းလိုက်သည်။မဇ္ဈိမ လက်ခံရရှိထားသည့် ဗီဒီယိုထဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး တိုးတက်လာရန် အထောက်အကူပြုမည့် မြန်မာ့ဒီမိုကရေစီအရေးကို ပိုမိုကူညီရန် အိန္ဒိယ ခေါင်းဆောင်များကို မေတ္တာရပ်ခံ တိုက်တွန်းထားသည်။ ဤသည်မှာ နယူးဒေလီရှိ သတင်းကလပ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အထိမ်းအမှတ်အဖြစ် မြန်မာများနှင့် အိန္ဒိယနိုင်ငံသားများ ပူးတွဲကျင်းပမည့် ယနေ့ အစည်းအဝေး၌ ပြသရန် ဗီဒီယိုပေးပို့၍ ပြောဆိုခြင်း ဖြစ်သည်။



    အိန္ဒိယ နိုင်ငံခြားရေးမူဝါဒကို သွယ်ဝိုက်ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က “အိန္ဒိယအစိုးရနဲ့တကွ မြန်မာ့ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေကြသူအားလုံးနဲ့ ပိုမိုနီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိချင်ပါတယ်” ဟု ဆိုသည်။
    ယနေ့ အစည်းအဝေးကို မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ဒေလီမြို့အခြေစိုက် အမျိုးသမီး လုံခြုံမှု စီမံရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ WISCOMP က ဦးစီးကျင်းပပြီး၊ ဝန်ကြီးဟောင်းများ၊ ဥပဒေပြုအမတ်များနှင့် ထောက်ခံအားပေးသူများ တက်ရောက်မည်။

    ၂ မိနစ်ကြာ နှုတ်ခွန်းဆက်သမှု ဗီဒီယိုထဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ဒုက္ခသည်များကို အိန္ဒိယက လက်ခံကူညီထားသဖြင့် ကျေးဇူးတင်ကြောင်းပါ ပြောထားသည်။သူက “အိန္ဒိယနိုင်ငံမှာ သွားရောက်ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေနဲ့ အိန္ဒိယနိုင်ငံမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်ရှိ လှုပ်ရှားနေတဲ့ နိုင်ငံရေးအင်အားစုတွေကို အိန္ဒိယက အကူအညီပေးနေဆဲ ဖြစ်တဲ့အတွက် ကျမအနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

    သောင်းချီရှိသည့် မြန်မာများသည် အိန္ဒိယတွင် ရှိနေပြီး အများစုမှာ နယ်နိမိတ်ချင်းထိနေသည့် အရှေ့မြောက် ပြည်နယ် မဏိပူနှင့် မီဇိုရမ်တွင် နေထိုင်ကြသည်။ ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်လာလျှင် အိန္ဒိယနှင့် နိုင်ငံအချို့ရှိ မြန်မာများ ယုံကြည်စိတ်ချစွာ ပြန်လာမည်ကို စောင့်စားနေကြောင်းနှင့် ဒီမိုကရေစီရေးအတွက် အိန္ဒိယ ကူညီမည်ဟု မျှော်လင့်ကြောင်း သူက ဆိုသည်။ ထို့ပြင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေး လိုလားသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတဝှန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်အတွက် အရေးထားကြရန်ပါ သတိပေးသည်။

    မြန်မာ့ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်နည်းကို တစိုက်မတ်မတ် ကျင့်သုံးခဲ့သဖြင့် အိန္ဒိယဂုဏ်ဆောင် မဟတ္တမဂန္ဒီနှင့် နှိုင်းယှဉ်ဂုဏ်ပြုခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ အရပ်သားများကို ချီးမြှင့်လေ့ရှိသည့် ဂျဝါဟာလာ နေရူးဆုကို ၁၉၉၅ ခုနှစ်တွင် အိန္ဒိယထံမှ လက်ခံရရှိခဲ့သည်။
    ၁၉၄၈ ခုနှစ်မှစ၍ ၁၉၅ဝ ကျော် နှစ်များအထိ မြန်မာနိုင်ငံ၌ အကျပ်အတည်းများစွာ ရင်ဆိုင်နေရစဉ် ရွေးကောက်ခံ မြန်မာ့ဒီမိုကရေစီ အစိုးရကို အိန္ဒိယခေါင်းဆောင် ဂျဝါဟာလာ နေရူးက ထိရောက်စွာ ကူညီခဲ့ဖူးသည်။

    အလားတူ ၁၉၈၈ ခုနှစ်မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ၁၉၉ဝ နှစ်များအထိ အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီကို တက်ကြွစွာ ထောက်ခံ အားပေးခဲ့သော်လည်း ၁၉၉၅ အလွန် ကာလများမှစ၍ စီးပွားရေး အခွင့်အလမ်းများအတွက် မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်ရေး ဦးစားပေးခဲ့သည်။