Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မနီလာသိန်း အစာငတ်ခံ ဆန္ဒပြ၊ ထောင်ဝင်စာ အပိတ်ခံရ

  • Thursday, December 9, 2010
  • .
  • အကြောင်းအရာ >

  • မကွေးတိုင်း သရက်ထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ မနီလာသိန်းသည် အစာငတ်ခံ ဆန္ဒပြနေကြောင်းနှင့် ထောင်ဝင်စာလည်း ပိတ်ခံထားရကြောင်း မိသားစုဝင် တဦး ကပြောပြသည်။

    Jimmy_Ni_Lar_thein_Mie_Mie_Lay

    အဖမ်းအဆီးမခံရမီ တွေ့မြင်ရသည့် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု၊ မနီလာသိန်းနှင့် သမီးငယ်လေး (ဓာတ်ပုံ - မိုးမခ)

    “အစာငတ်ခံဆန္ဒပြနေတယ်လို့ ထောင်မှူးကပြောတယ်။ ထောင်ဝင်စာလည်း တွေ့ခွင့်မရခဲ့ပါဘူး။ဘာ့ကြောင့် အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာလည်း ကျမတို့ သိခွင့်မရခဲ့ပါဘူး။ သူ့သမီးလေးပါလို့ ၅ မိနစ်လောက် တွေ့ခွင့်ပေးပါ ပြောတာတောင် မရပါဘူး”ဟု မနီလာသိန်း၏ ယောက်မဖြစ်သူ မသန္တာယုက ပြောသည်။

    အောက်တိုဘာလက နောက်ဆုံးထောင်ဝင်စာတွေ့ခွင့်ရခဲ့ပြီး ယခုလ ၆ ရက်တွင် မသန္တာယု ထောင်ဝင်စာသွားတွေ့စဉ် မနီလာသိန်း(အသက် ၃၇ နှစ်) အစာငတ်ခံဆန္ဒပြနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

    မနီလာသိန်းသည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေး ကျဆင်းရေး ၊ ကုန်ဈေးနှုန်းကျဆင်းရေး တို့အတွက် လမ်းလျှောက်ဆန္ဒပြပွဲများတွင် ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခ) ကိုဂျင်မီနှင့်အတူ ဦးဆောင်ပါဝင်ခဲ့ရာ အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည်။ ယခင်ကလည်း မနီလာသိန်းကို အာဏာပိုင်များ ၁၉၉၆ မှ ၂၀၀၃ ခုနှစ် အထိ ထောင်ဒဏ် ၈ နှစ် ချမှတ်ထားခဲ့ဖူးသည်။

    ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ အား နအဖစစ်အစိုးရက ၂၀၀၇ သြဂုတ်လ ၂၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မနီလာသိန်းသည်လည်း လသားအရွယ် တဦးတည်းသော သမီးလေး မနေခြည်မင်းယု ကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ထို့နောက် ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် နအဖစစ်အစိုးရက မနီလာသိန်းကို ဖမ်းဆီးခဲ့ပြီး သရက်ထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယုကိုမူ စစ်အာဏာပိုင်များက တောင်ကြီးထောင်တွင် အကျဉ်းချထားသည်။

    မသန္တာယုက မနီလာသိန်းသည် အမျိုးသမီးရောဂါ ရှိနေပြီး မျက်စိကြောင့် ခေါင်းကိုက်သည့် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရ ကြောင်း၊ ထို့ကြောင့် လစဉ် ဆေးများပို့ပေး နေရကြောင်း၊ ယခု ထောင်ဝင်စာ တွေ့ခွင့်မရ၍ မနီလာသိန်း၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ပြောဆိုသည်။မနီလာသိန်းသည် ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်ကာ အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များက ထောင်ဝင်စာ ၂ ပတ် ပိတ်ပင်ထားကြောင်း သရက်ထောင်နှင့် နီးစပ်သူတဦးကလည်း ပြောသည်။

    ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအစဖြစ်သော လောင်စာဆီဈေးကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၃၉ ဦးကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ မိသားစုနှင့် ဝေးကွာသောေ ထောင်များတွင် ထိန်းသိမ်းထားခဲ့သည်။
    မြန်မာနိုင်ငံတ၀န်းလုံးရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော် အကျဉ်းကျခံ နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မူရင်း ... http://www.irrawaddy.org/bur/index.php/news/5186-2010-12-09-08-04-35