Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ပျောက်ဆုံးသွာခဲ့သော မြန်မာနိုင်ငံ & ၂၀၁၀ အတွင်း ဗုံးပေါက်ကွဲမှုများ

  • Saturday, November 27, 2010
  • .
  • အကြောင်းအရာ >
  • ဟိမ၀န္တာ တောင်ခြေက နီပေါနိုင်ငံငယ်လေးရဲ့ မြို့တော် ခတ္တမန္ဒူကို ခြေချမိတယ်ဆိုရင်ပဲ လှပတဲ့ ရောင်စုံ ဆာရီဝတ်စုံတွေနဲ့ နီပေါပျိုမေတွေ လှုပ်ရှားသွားလာနေဟန် မြင်ကွင်းက ရောင်စုံပန်းခင်းကြီး တခုအလား ကျမကို ဆီးကြိုနေခဲ့တယ်။ လူမှုဖွံ့ဖြိုးရေး သင်တန်းတခုအတွက် ဒီအရပ် ဒီဒေသမှာ ၃ လတာ နေထိုင်ရမယ်ဆိုတဲ့ အသိနဲ့အတူ နီပေါရဲ့လူမှုဘ၀ကိုလည်း အထိုက်အလျောက် လေ့လာခွင့်ရခဲ့ပါတယ်။ တောင်အာရှရဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံငယ်လေးတခုလို့ သိထားခဲ့တဲ့ ကျမအတွက် ခတ္တမန္ဒူမြို့ နေရာတော်တော်များများဟာ မြန်မာနိုင်ငံနဲ့ ဆင်ဆင်တူနေသလို ခံစားရပါတယ်။

    ဒီလိုနဲ့ မထင်မှတ်တဲ့တနေ့မှာ မြန်မာစကားပြောတဲ့ အသက် ၇၀ ကျော် အဘိုးအိုတယောက်ကို အမှတ်မထင် သိကျွမ်းခွင့် ရလိုက်တယ်။ အဘိုးက မြန်မာနိုင်ငံမှာ မွေးပြီး ၂၃ နှစ်လောက်အထိ မြန်မာပြည်မှာပဲ နေခဲ့တာ။ မြန်မာပြည်မှာ ကြီးတယ်လို့ ပြောရမှာပေါ့။ သူက ဂေါ်ရခါးလူမျိုးပါ။ နီပေါကို ပြန်ပြောင်းလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီလို့ ပြောပြပါတယ်။

    ကျမကို မြန်မာနိုင်ငံက လာမှန်းသိသိချင်း သူမေးလိုက်တာက “နီပေါမှာ နေလို့တတ်ရဲ့လား” တဲ့။ သူ့ကိုကြည့်ရတာ ကျမကို နီပေါမှာ ၃ လ နေရမယ်ဆိုလို့ သနားနေတဲပုံ ရပါတယ်။
    “ဘာလို့လဲ” လို့ ကျမမေးတော့ “နီပေါမှာ မီးကို အချိန်ပိုင်းနဲ့ ပေးတာ၊ တနေ့ကို ၂ နာရီ ပျက်တယ်။ မိုးရွာပြီးရင်လည်း လမ်းမပေါ်မှာ ရွံ့ဗွက်တွေနဲ့ ညစ်ပတ်နေရော၊ နေလို့တတ်ရဲ့လား” တဲ့။ “ဒီကလူတွေက မြန်မာတွေလိုမဟုတ်ဘူး၊ မယဉ်ကျေးဘူး၊ သမီး တော်တော် သည်းခံနေရမှာနော်” တဲ့။
    လွန်ခဲ့တဲ့နှစ် ၅၀ ကျော်က မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေထဲက မထွက်နိုင်သေးတဲ့ နီပေါအဘိုးဟာ ကနေ့ခေတ် နီပေါရဲ့ အခြေအနေကို မြန်မာနိုင်ငံကလာတဲ့ ကျမများ စိတ်ညစ်စိတ်ပျက်နေမလား စိုးရိမ်စိတ်နဲ့ ပြောနေရှာပါတယ်။

    ပထမက ကျမကို အဘိုးက စနေတယ်လို့တောင် ထင်လိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝ သယံဇာတတွေနဲ့ လှပနေတဲ့နိုင်ငံလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့ ကျမတို့ မွေးလာကတည်းက ဒီအချိန်အထိ မြင်နေရတာကတော့ မီးမမှန် ရေမလာနဲ့၊ နွေဆို ရေရှားပြီး မိုးတွင်းဆို မိုးရွာလို့ လမ်းပေါ်ရေလျှံနေတာ၊ ဒါတွေဟာ ကျမအတွက် နေ့စဉ် မြင်နေကျ မြင်ကွင်းတွေ ဖြစ်နေပြီ။ ကျမ မမွေးခင် နီပေါအဘိုးအို နေထိုင်ခဲ့စဉ်က မြန်မာနိုင်ငံကလည်း ဒီလိုပဲလို့ ကျမထင်ခဲ့တာပါ။

    တကယ်တော့ နီပေါမှာ တနေ့ကို ၂ နာရီ မီးမလာဘူးဆိုတာ တပတ်မှာ ကြာသပတေး တရက်တည်း မလာတာ။ ကျမထင်တာ ကျမနေတာ မြို့တော်မို့လို့ မီးမှန်တာလားလို့ပေါ့။ ကျမ ရွာဘက်ကို သွားတော့ မြင်သမျှ မြင်ကွင်းအားလုံးက မြန်မာနိုင်ငံက ကျေးလက်ဒေသတွေ အတိုင်းပါပဲ။ ဒါပေမယ့် လူတိုင်းက ဟမ်းဖုန်းနဲ့၊ ဆိုင်ကယ်နဲ့၊ ၂၄ နာရီ မီးလာတယ်။ ပြောရရင် တော်တော် အံ့သြသွားတယ်။ ကျမ မလာခင်က နီပေါဟာ တော်တော်ဆင်းရဲတာပဲ၊ ဘာညာနဲ့ ကျမ ကြီးကျယ်နေခဲ့သေးတာ။ ကျမထင်တာ တော်တော်ကြီး လွဲသွားတယ်။

    အဘိုးစကားကြောင့် ကျမ စဉ်းစားကြည့်မိတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ကျမတို့နိုင်ငံ ဘယ်လောက်လှလိုက်မလဲ။ မြန်မာတွေ ဘယ်လောက် အဆင့်အတန်း ရှိလိုက်မလဲ ကျမ မြင်ယောင်မိတယ်။ ဒီနေရာမှာ ကျမ ပြောချင်တဲ့ အဆင့်အတန်းဆိုတာ လူနေမှုအဆင့်အတန်း ပညာရေး ကျန်းမာရေး အားလုံးကို ဆိုလိုချင်တာပါ။ ဒီလိုဆိုရင် မြန်မာလို့ပြောရမှာ ကြောက်နေ၊ ရှက်နေတဲ့ မြန်မာတွေ ဘယ်ကလဲလို့မေးရင် “ဖမာ့” လို့လည်း ရဲရဲတင်းတင်း ပြောလို့ရပြီလို့ ဝမ်းနည်းစွာ တွေးလိုက်မိတယ်။

    အဘိုးက မြန်မာပြည်ကို တော်တော်ချစ်ပုံရပါတယ်။ အဘိုးက ကတ္တီပါဖိနပ်ကိုပဲ စီးထားပါတယ်။ မြန်မာပြည်ကနေ မှာယူတာလို့ ပြောပါတယ်။ ကျမကို အခုမှမြင်ဖူးပေမယ့် တော်တော်ဂရုစိုက်တယ်။ တပတ်လောက် မသွားရင် ဖုန်းဆက်ပြီး မေးတတ်တယ်။ မြန်မာစကား ပြောချင်လို့ပါတဲ့။
    ကျမတို့နဲ့ အပြင်သွားတော့ အဘိုးက သူရဲ့ချွေးမကိုတောင် မြန်မာပြည်မှာနေဖူးတဲ့ အဆက်အနွယ်ထဲကမို့ သူတို့နဲ့ မျိုးနွယ်မတူဘဲနဲ့ လက်ခံခဲ့တာ လို့ပြောပါတယ်။ နီပေါတွေက မျိုးနွယ်စုကို ဘယ်လောက်အရေးထားလဲဆိုတာ သိတဲ့ ကျမအတွက် အဘိုးရဲ့ မြန်မာချစ်စိတ်က ကြက်သီးထစေပါတယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ သူတို့လယ်မြေတွေကို သိမ်းလိုက်လို့ နီပေါကို ပြောင်းခဲ့ရပေမယ့် အဘိုးက မြန်မာကို ချစ်နေဆဲပါပဲ။

    ကျမ နီပေါကို မလာခင် သူငယ်ချင်းက Passport Cover လေးတခု လက်ဆောင်ပေးပါတယ်။ အနက်ရောင်လေးပါ။ ပြီးတော့ ဘာပြောလဲဆိုရင် အနီရောင် Passport ကိုင်သွားရင် နီပေါလေဆိပ်မှာ ရစ်မှာစိုးလို့တဲ့။ ကျမ ဝမ်းနည်း ဒေါသ ခံစားချက်ပေါင်းစုံနဲ့ မြန်မာနိုင်ငံကမို့လို့ မြန်မာ Passport ကိုင်တာ ဖုံးကွယ်စရာမလိုဘူးလို့ ပြန်ပြောခဲ့ပါတယ်။ အဘိုးကို တွေ့လိုက်ရတော့ ကျမ တော်တော် အားတက်ပါတယ်။ ဝမ်းလည်း ဝမ်းသာသွားတယ်။ အဘိုးပြောတဲ့ မြန်မာနိုင်ငံကို ကျမ တကယ်မြင်ချင်ပါတယ်။ ကျမတို့တတွေ ရေမြေသယံဇာတ ပြည့်စုံတဲ့နိုင်ငံမှာ ယဉ်ကျေးတဲ့ လူမျိုးဖြစ်ပေမယ့် ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် မြန်မာတွေရဲ့ လူမှုအဆင့်အတန်း နိမ့်ကျနေတာကတော့ ရင်နင့်စရာပါပဲ။နီပေါလို နိုင်ငံငယ်လေးတောင်မှ မြန်မာပြည်သူတွေထက် လွတ်လပ်မှုရှိနေတာတွေ့ရတော့ ကျမတို့ လွတ်လပ်ချင်လှပါပြီ။

    ၂၀၁၀ အတွင်း ဗုံးပေါက်ကွဲမှုများ

    ၂၀၁၀ အတွင်း ဗုံးပေါက်ကွဲမှုများ

    ပေါက်ကွဲသည့် နေရာ ပေါက်ကွဲသည့် အချိန် ပေါက်ကွဲ အလုံးရေ ဒဏ်ရာရ/သေဆုံးသူ
    လွိုင်ကော်မြို့ ရဲစခန်း၊ ကယားပြည်နယ်
    ဧပြီ ၂၈ ဗုံး ၁ လုံး ၁ ဦးသေ၊ ရဲ ၄ ဦး ဒဏ်ရာရ
    သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်း၊ တောင်ငူမြို့နယ်၊ ပဲခူးတိုင်း ဧပြီ ၂၇ ဗုံး ၃ လုံး ၄ ဦးဒဏ်ရာရ
    ဆက်သွယ်ရေးရုံး၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်
    ဧပြီ ၂၇ ဗုံး ၁ လုံး ၃ ဦးဒဏ်ရာရ
    မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ် ဧပြီ ၁၇၊ နံနက်ပိုင်း မိုင်းဗုံး ၁၀ လုံး ၁ ဦးဒဏ်ရာရ
    ကန်တော်ကြီး ပတ်လမ်းရှိ X2O သင်္ကြန်မဏ္ဍပ်၊ ရန်ကုန်မြို့ ဧပြီ ၁၅၊ နံနက်ပိုင်း ဗုံး ၃ လုံး ၁၀ ဦးသေ၊ ၁၇၀ ဒဏ်ရာရ
    အမှတ် (၃) စစ်ဆေးရေးဂိတ် (မြဝတီအထွက် ခင်နိမ်းမူဂိတ်)၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ် ဧပြီ ၁၄ ဗုံး ၁ လုံး ၂ ဦး ဒဏ်ရာရ
    အေးရှားဝေါလ် တိုးဂိတ်၊ မူဆယ်မြို့ ၁၀၅ မိုင်၊ ရှမ်းပြည်နယ် ဧပြီ ၁၄ ဗုံး ၁ လုံး -
    ကော့ကရိတ်ဈေး၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ် ဖေဖော်ဝါရီ ၁၉၊ နံနက်ပိုင်း
    ဗုံး ၂ လုံး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
    မူးယစ်ဆေးဝါးပြတိုက် ရှေ့၊ လောက်ကိုင်မြို့၊ ရှမ်းပြည်နယ် ဖေဖော်ဝါရီ ၁၅၊ နံနက် ၇ နာရီခွဲခန့် ချိန်ကိုက်ဗုံး ၁ လုံး တဦးသေ၊ အများအပြား ဒဏ်ရာရ