ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
ရန်ကုန် တာမွေမြို့နယ်ရဲစခန်းတွင် သံဃာတော်တပါးကို ဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်းကာ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။တာမွေမြို့နယ် တာမွေကလေးရပ်ကွက် လေးထောင့်ကန်လမ်းပေါ်ရှိ Happy Now အင်တာနက်ဆိုင်တွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် ဗုံးတွေ့သည်ဆိုကာ စစ်ကား ၂စီးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီးနောက် သံဃာတော်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တာမွေရဲစခန်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“ဧရာဝတီတိုင်းဘက်က ဦးက္ကုန္ဒောဘာသဆိုတဲ့ သံဃာတော်တပါးပဲ။ သူက အဲဒီအင်တာနက်ဆိုင်မှာ ၀င်သုံးခဲ့ပြီး အိတ်ကလည်း မေ့ကျန်ခဲ့တော့ အဲဒီအိတ်ကနေတဆင့်လိုက်တာ။ အိတ်ထဲမှာတော့ လက်နှိပ်ဓါတ်မီး ၊ သင်္ကန်း နဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ရယ်ပဲပါတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောသည်။နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ် အောက်ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ အင်တာနက်ဆိုင်များတွင် ဗုံးတွေ့ရှိနေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ခံတဦးက “ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက ပြည်ပက တိုက်ခိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာနက်ကော်နက်ရှင်တွေကျတယ်။ စီးပွားရေးလုပ်ငန်းတွေ က ထိခိုက်လို့ အော်လာတော့ နည်းနည်း ပြန်ကောင်းလာတယ်။ အခု အင်တာနက်ဆိုင်တွေမှာ ဗုံးတွေ့တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်ဆိုတော့ အစိုးရက အင်တာနက်သုံးစွဲပြီး ပြည်ပကို သတင်းပေါက်ကြားမှုတွေကို ထိန်းချုပ်နိုင်ဖို့ တဘက်လှည့်နဲ့ လုပ်နေတယ်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။ယခုဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်း၍လည်း နအဖ မီဒီယာများက ဖော်ပြခြင်းမရှိသေးပေ။
Facebook “ စူနာမီ လှိုင်း ”
“ ညီညွှတ်ကြဖို့ လိုလေပြီ ”.....
မြန်မာပြည်သည် ဒို့ ပြည်၊ မြန်မာစာသည် ဒို့ စာ၊ မြန်မာစကားသည် ငါတို့ စကား။
မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလံတော်
ရရင် ရ၊ မရရင်ချ။ ဒါဘဲ ...
“ ယုံကြည်မှု နဲ့  လွတ်လပ်မှုအတွက် ”
တိုက်...တိုက်...တိုက်...တိုက်...တိုက်...
Youth fighter for Democracy
My life for mother land
- .
- ( http://www.facebook.com/tsunarmiwave?v=wall )
Labels
- ဓာတ်ပုံ (11)
- နည်းပညာ (19)
- ဖတ်စရာ မှတ်စရာ (22)
- ဗွီဒီယို (45)
- သတင်း (175)
- သတင်းဌာနများ (2)
- သီချင်း (6)
- ဆောင်းပါး (29)
- ကြေငြာချက် (2)
TsunarmiWave Shine
စူနာမီ လှိုင်း. Powered by Blogger.






















