Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

အထူးဒေသ ၄ အ၀င်ဂိတ် ပိတ်ထားရန် တြိဂံတိုင်းမှူးညွှန်ကြား

  • Thursday, November 25, 2010
  • .
  • အကြောင်းအရာ >
  • အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားအထူးဒေသ(၄)နှင့် သျှမ်း အရှေ့မြို့တော်ကျိုင်းတုံသို့ ဆက်သွယ်ထားသော နမ့်လွေမြစ်တံတားနယ်ခြားတာ့ပင်းဂိတ်ကို နအဖဘက်မှပိတ် လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

    “မနေ့ မနက်ကစပြီး တာ့ပင်းတံတားဂိတ်ကို နအဖဘက်ကပိတ်လိုက်ပြီ။ ကုန်ရောင်းကုန်ဝယ်ပစ္စည်းတင်ကားအားလုံး သွားလာခွင့်ပိတ်ထားတယ်။ ဂိတ်မှာ ကား ၁၀ စီးလောက်တန်းစီနေတာ ကျော်လို့မရတော့ လှည့်ပြန်လာခဲ့ရတယ်” ဟု ကျိုင်းတုံကားသမားတစ်ဦးက ပြောပါသည်။

    ကျိုင်းတုံ-မိုင်းလားကားလမ်းပေါ်ရှိ မိုင်းလားနယ်ဝင် တာ့ပင်းဂိတ်၌ ကုန်တင်ကားသွားလာမှုပိတ်ရန် တြိဂံတိုင်းစစ်ဌါန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

    “တာချီလိတ်ကနေ မိုင်းလားကိုသွားမဲ့ ကုန်တင်ကားတွေလဲ ပိတ်ထားတယ်လို့ကြားတော့ လှည့်ပြန်လာကြတယ်” ဟု တာချီလိတ်ကားသမားတစ်ဦးကလည်း ပြောပါသည်။

    တဖက်၌လည်း ၀ နယ်နှင့် မိုင်းလားနယ်အကြား နအဖထိန်းချုပ်နယ်မြေဖြစ်သော မိုင်းယန်းမြို့တွင်းနယ်မြေ (မြို့ပြင် မြောက်ဘက်ခြမ်း ၀ နယ်၊ တောင်ဘက်ခြမ်း မိုင်းလားနယ်မြေ)အား ည ၇ နာရီ မှမနက် ၆ နာရီ နေ၀င်မီးငြိမ်းအမိန့် ယနေ့တိုင်ထုတ်ပြန်ထားသည်ဟုဆို၏။

    “ညမထွက်ရအမိန့်တော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကစခဲ့တာ။ အခုထက်ထိဘဲ။ ဒီအမိန့် ကာလရှည်ကြာထုတ်ပြန်ထား တော့ ပြည်သူတွေလဲစိတ်ညစ်တာပေါ့။ ကြောက်တဲ့သူကကြောက်။ တချို့လဲ စစ်ဖြစ်လာနိုင်တယ်လို့ထင်ပြီး တခြား ဒေသ ပြောင်းရွှေ့ဖို့စီစဉ်နေကြတာလဲရှိတယ်” ဟု တာချီလိတ်ရောက် မိုင်းယန်းဒေသခံတစ်ဦးက ပြောပါသည်။

    ၂၀၁၀ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ပြောင်းလဲမဖွဲ့လျှင် မတရားအသင်းဖြစ်သွား မည်ဟု နအဖကခြိမ်းခြောက်ထားသော်လည်း ၀နှင့်မိုင်းလားတပ်ဖွဲ့ကလက်မခံသဖြင့် ယနေ့တိုင် နှစ်ဖက်အခြေအနေတင်းမာနေဆဲဖြစ်သည်။

    source:သျှမ်းသံတော်ဆင့်