သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ မြို့မတောင် ရပ်ကွက်၌ လက်သည်မသိ ဗုံးပေါက်ကွဲမှုတခု ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့ကြာင်း စုံစမ်း သိရှိရပါသည်။“လင်းခေး ဝမ့်တိုက်ရပ်ကွက်- ရပ်ကွက် ဥက္ကဌဟောင်း လုံးတာယရဲ့ အိမ်ရှေ့မှာ ဗုံးပေါက်ကွဲတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ သောကြာညမှာ ဖြစ်တာ။ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ညအချိန်ဆိုတော့ အသံကြားရလဲ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” - ဟု တောင်ရွာရပ်ကွက် ဒေသခံ တဦးက ပြောသည်။
လက်သည်မသိ၊ အကြောင်းရင်း မသိရသော်လည်း အဆိုပါ လုံးတာယ ရပ်ကွက် ဥက္ကဌတာဝန်မှ အနားမယူမီက ဥက္ကဌ အာဏာသုံးပြီး ဒေသခံရွာသားများထံ ပိုက်ဆံကောက်ခြင်း၊ နအဖ စစ်အာဏာပိုင် ဆန္ဒအတိုင်း အကျိုးဆောင်လုပ်ပေး လေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု လင်းခေးဒေသခံ တဦးက ဤကဲ့သို့ပြောပြသည်။
“ဦးတာယ က (မြို့မတောင်ရပ်ကွက်ဥက္ကဌ ဟောင်း) အသက် ၅၅ နှစ်လောက်ရှိတယ်။ သူဥက္ကဌလုပ်တုန်းက အာဏာ တအားသုံးတယ်။ ရွာသားတွေဆီက ပိုက်ဆံကောက်တယ်။ သူ့အိမ်မှာ ဖုန်းတပ်ဖို့။ နောက်ပြီး သူသုံးဖို့ ဆိုင်ကယ်တစီးဝယ်ဖို့။ ထိုင်းကို အလုပ်သွားလုပ်တဲ့ သားသမီးတွေ ရှိတဲ့အိမ်ဆို ၂ ဆကောက် တယ်။ သူအလုပ်က ထွက်ရင် တက်လာတဲ့ ဥက္ကဌသစ်ကို အဲဒီပစ္စည်းတွေ လွှဲပေးမယ်ဆိုဘဲ။ အခုဥက္ကဌသစ် တက်လာလဲ လွှဲမပေးသေးဘူး” - ဟု ဆိုသည်။
ယခုနှစ်များအတွင်း အဆိုပါလုပ်ရပ်မျိုး လင်းခေးမြို့ရပ်ကွက်ဥက္ကဌတို့ ကျင့်သုံးလာကြသဖြင့် ရွာသားများ ငြီးငြူ နေကြသည်ဟု ၎င်းကပြော ပြသည်။ “လင်းခေးမှာအိမ်တိုင်းနီးပါး ထိုင်းကိုသွားအလုပ်လုပ်ကြတယ်လေ။ သူတို့ပိုက်ဆံကောက်မယ်ဆိုရင် ထိုင်းအလုပ်သွား လုပ်တဲ့အိမ်ဆိုရင် ၂ ဆ ထည့်ရမယ်ဆိုတာဖြစ်လာတယ်။ သာမာန်အားဖြင့်က ဟိုကြေးဒီကြေးအရမ်းကိုများနေပြီ။ ၂ ဆ ထည့်ရမယ်လို့ လုပ်လိုက်ပြန်တော့ လူတွေက မခံနိုင်ကြတော့ဘူး”- ဟု အမည်မဖော်လိုသည့်ကျောင်းဆရာမ တဦးက ပြောသည်။ ယခုနှစ်ဆန်းပိုင်း လုံးတာယ ရပ်ကွက်ဥက္ကဌ အလုပ်မှနှုတ်ထွက်ပြီးနောက်ပိုင်း အတွင်းရေးမှူး စိုင်းစိန္တာက ရပ်ကွက် ဥက္ကဌရာထူးဆက်ခံလာ သည်ဟုလည်း သိရသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်း ဗုံးပေါက်ကွဲ
Facebook “ စူနာမီ လှိုင်း ”
“ ညီညွှတ်ကြဖို့ လိုလေပြီ ”.....
မြန်မာပြည်သည် ဒို့ ပြည်၊ မြန်မာစာသည် ဒို့ စာ၊ မြန်မာစကားသည် ငါတို့ စကား။
မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလံတော်
ရရင် ရ၊ မရရင်ချ။ ဒါဘဲ ...
“ ယုံကြည်မှု နဲ့  လွတ်လပ်မှုအတွက် ”
တိုက်...တိုက်...တိုက်...တိုက်...တိုက်...
“ ကိုယ်ပိုင်ဆိုင်တဲ့ မွေးရာပါ ကိုယ်ပိုင်
အခွင့်အရေး ” တွေကို အသာတကြည်
တောင်းယူလို့ ရရင်ရ၊ မရရင်တော့...
ဒီအောက်က နမူနာလေးတွေအတိုင်း
အငြိုးအတေး အာဃာတ နဲ့ မျှော်လင့် မ
ထားသော ဆုံးရှုံးမှု၊ဖိလွန်းလျှင်ကြွတတ်
တဲ့ သင်္ခါရ တရား၊ ကြီးကျယ်တယ် လို့ 
ထင်မထားမိတဲ့ ပုဂ္ဂိုလ်ရေးစော်ကားမှု ၊
သက်ရောက်မှု ရဲ့ နေရာတိုင်းလိုလို မှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်ပြီး
ဘေးထွက်ဆိုးကျိုး ရလာဒ်၊ ဆုံးရှုံးမှုတွေ
အသက်နဲ့ ရင်းပြီး ပေးလိုက်ကြရတာက
အပြစ်မဲ့ လူသားမြောက်များစွာ၊ ဒီအရာ
ကို အခြေခံပြီး စဉ်းစားကြမယ်ဆိုရင် ...
သေးဖွဲသော အရာလေးတစ်ခုကိုတောင်
လျှော့တွက်လို့ မရဘူး ဆိုတာပဲ...........
ဆုံးရှုံးမှုပေါင်း မြောက်များစွာ ရင်းနှီး
မြှုပ်နှံလိုက်ရတဲ့ သင်္ခန်းစာ ကောင်းတစ်ခု
ဖြစ်ခဲ့တယ်ဆိုရင်တော့...“ စူနာမီ လှိုင်း”
Youth fighter for Democracy
My life for mother land
- .
- ( http://www.facebook.com/tsunarmiwave?v=wall )
Labels
- ဓာတ်ပုံ (11)
- နည်းပညာ (19)
- ဖတ်စရာ မှတ်စရာ (22)
- ဗွီဒီယို (45)
- သတင်း (175)
- သတင်းဌာနများ (2)
- သီချင်း (6)
- ဆောင်းပါး (29)
- ကြေငြာချက် (2)
TsunarmiWave Shine
စူနာမီ လှိုင်း. Powered by Blogger.