အိန္ဒိယနှင့် ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးကို အခုအခါ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
စီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်းမှတဆင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ ဖြစ်ကြသော မီဇူရမ်နှင့် အာသံပြည်နယ်များကို ဆက်သွယ်ဖေါက်လုပ်မည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။
စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်နေကြောင်းကို စစ်တွေမြို့ခံ တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။“အခု သူတို့က စစ်တွေ ဆိပ်ကမ်းဟောင်း အင်းပေါက်ဝကနေ ကမ်းနားလမ်း တလျောက်ကို မြေတွေ စတင်ဖို့ နေပါတယ်။ သဲတွေကို လော်ရီကားတွေ တင်လာပြီး မြေဖို့ နေတာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံသား အင်ဂျင်နီယာတွေလည်း တွေ့တယ်။ သူတို့က ဆိပ်ကမ်းသာ ဟိုတည်မှာ တည်းခိုနေကြတာ ဖြစ်ပါတယ်။” ယခင်က စစ်တွေ ဆိပ်ကမ်းကို တည်ဆောက်ပါက အထင်ကရ နေရာများ ပြောင်းရွှေ့ရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အဆိုပါ သတင်းမှာ တိတ်ဆိတ်နေကြောင်း သူက ဆက်ပြောသည်။
“အရင်ကတော့ စစ်တွေ ဆေးရုံကြီးကို ဝေသာလီ အားကစားကွင်းဘက်ကို ပြောင်းမယ်။ ဈေးကြီးကိုတော့ ယခင်က သင်္ချိုင်းဟောင်း အာဂျိတ်တောင်ကုန်းကို ပြောင်းမယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့တာ ရှိပါတယ်။ အခုတော့ ဒီသတင်းတွေကို မကြားရတဲ့အတွက် လူတွေကတော့ ဆိပ်ကမ်းဆောက်ပေမယ့် စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်။” သို့သော်လည်း စစ်တွေ ဆေးရုံကြီးမှာ ဆိပ်ကမ်းဆောက်လုပ်သည့် နေရာနှင့် နီးကပ်စွာ တည်ရှိသဖြင့် ကားအ၀င်အထွက် အသံများနှင့် သင်္ဘောသံများကြောင့် ဆူညံမူများ ဖြစ်နိုင်ပြီး လေကောင်း လေသန့် ရနေမူကိုလည်း အဟန့်အတား ဖြစ်သွားနိုင်ကြောင်း သူက ပြောသည်။ ၎င်းပြင် စစ်တွေ ကမ်းနားလမ်း၊ မင်းကြီးကျောက်တန်းနှင့် ပလ္လင်တောများလည်း ပျက်စီးပျောက်ကွယ်သွားနိုင်ကြောင်း သူက ပြောသည်။
“ခုလို အပျက်အစီးတွေ ရှိနိုင်ပေမယ့် ဒီစီမံကိန်းအတွက် အလုပ်အကိုင် အခွင့်အလန်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့တော့ နည်းနည်းမျှော်လင့်မိပါတယ်။ ရခိုင် စီးပွားရေးက လုံးဝ ချွတ်ခြုံကျနေတော့ ဒီစီမံကိန်းက အခွင့်အရေး တစုံတရာ ပေါ်ပေါက်နိုင်မလား ဆိုပြီး လူတွေက မျှော်လင့်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။အဆိုပါ စီမံကိန်းအတွက် အိန္ဒိယ အစိုးရက အမေရိကန် ဒေါ်လာ သန်း ၁၂၀ ထောက်ပံ့ပေးရန် မြန်မာစစ်အစိုးရနှင့် ၂၀၀၉ ခုနှစ် ဧပြီလက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်း၏ အဓိက အရေးပါသော စစ်တွေ ဆိပ်ကမ်း စီမံကိန်းကို စတင်ဆောက်လုပ်နေပြီ စီမံကိန်း တခုလုံးကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု သိရသည်။
ကုလားတန် မြစ်ကြောင်း စီမံကိန်းမှာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များအား စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး နိင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ဆက်စပ်မည် ဖြစ်သောကြောင့် ဒေသအတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူများ ရှိလာနိုင်မည်ဟု အများက ခန့်မှန်းပြောဆိုမူများ ရှိနေသည်။သို့သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများမှ ကုလားမြစ် ဘက်စုံ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရခိုင် ယဉ်ကျေးမူဆိုင်ရာ အမွေအနှစ်များ ပျက်စီးဆုံးရှုံးမူများ ရှိနိုင်ကြောင်း ဝေဖန်ပြောဆိုမူများလည်း ထွက်ပေါ်နေသည်။
ကုလားတန် စီမံကိန်းတွင် ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း စတင်တည်ဆောက်
Facebook “ စူနာမီ လှိုင်း ”
“ ညီညွှတ်ကြဖို့ လိုလေပြီ ”.....
မြန်မာပြည်သည် ဒို့ ပြည်၊ မြန်မာစာသည် ဒို့ စာ၊ မြန်မာစကားသည် ငါတို့ စကား။
မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလံတော်
ရရင် ရ၊ မရရင်ချ။ ဒါဘဲ ...
“ ယုံကြည်မှု နဲ့  လွတ်လပ်မှုအတွက် ”
တိုက်...တိုက်...တိုက်...တိုက်...တိုက်...
“ ကိုယ်ပိုင်ဆိုင်တဲ့ မွေးရာပါ ကိုယ်ပိုင်
အခွင့်အရေး ” တွေကို အသာတကြည်
တောင်းယူလို့ ရရင်ရ၊ မရရင်တော့...
ဒီအောက်က နမူနာလေးတွေအတိုင်း
အငြိုးအတေး အာဃာတ နဲ့ မျှော်လင့် မ
ထားသော ဆုံးရှုံးမှု၊ဖိလွန်းလျှင်ကြွတတ်
တဲ့ သင်္ခါရ တရား၊ ကြီးကျယ်တယ် လို့ 
ထင်မထားမိတဲ့ ပုဂ္ဂိုလ်ရေးစော်ကားမှု ၊
သက်ရောက်မှု ရဲ့ နေရာတိုင်းလိုလို မှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်ပြီး
ဘေးထွက်ဆိုးကျိုး ရလာဒ်၊ ဆုံးရှုံးမှုတွေ
အသက်နဲ့ ရင်းပြီး ပေးလိုက်ကြရတာက
အပြစ်မဲ့ လူသားမြောက်များစွာ၊ ဒီအရာ
ကို အခြေခံပြီး စဉ်းစားကြမယ်ဆိုရင် ...
သေးဖွဲသော အရာလေးတစ်ခုကိုတောင်
လျှော့တွက်လို့ မရဘူး ဆိုတာပဲ...........
ဆုံးရှုံးမှုပေါင်း မြောက်များစွာ ရင်းနှီး
မြှုပ်နှံလိုက်ရတဲ့ သင်္ခန်းစာ ကောင်းတစ်ခု
ဖြစ်ခဲ့တယ်ဆိုရင်တော့...“ စူနာမီ လှိုင်း”
Youth fighter for Democracy
My life for mother land
- .
- ( http://www.facebook.com/tsunarmiwave?v=wall )
Labels
- ဓာတ်ပုံ (11)
- နည်းပညာ (19)
- ဖတ်စရာ မှတ်စရာ (22)
- ဗွီဒီယို (45)
- သတင်း (175)
- သတင်းဌာနများ (2)
- သီချင်း (6)
- ဆောင်းပါး (29)
- ကြေငြာချက် (2)
TsunarmiWave Shine
စူနာမီ လှိုင်း. Powered by Blogger.