Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အစားထိုးပြီး အမေရိကန်နှင့်အတူ ပင်လယ်ဝါတွင် လေယာဉ်တင်သင်္ဘော ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်၊ ကိုရီးယားကျွန်းဆွယ် စစ်န

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • w6902

    w6901

    မြောက်ကိုရီးယားနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယား စစ်တပ်၏ တုံ့ပြန်ဆောင်ရွက်မှုအပေါ် ဝေဖန်ပြစ်တင်မှု ခံရပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးသည် နိုဝင်ဘာ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်၏ လုံခြုံရေး အကြံပေးကို ကာကွယ်ရေးဝန်ကြီးသစ် အဖြစ် နိုဝင်ဘာ ၂၆ ရက်တွင် ခန့်အပ်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

    ယင်းအချိန်တွင် အမေရိကန်နှင့် တောင်ကိုရီးယားက နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် ပါဝင်မည့် လေးရက်ကြာမည့် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်နေခြင်းကြောင့် ကိုရီး ယား ကျွန်းဆွယ်တွင် စစ်ပွဲနှုတ်ခမ်းဝသို့ ရောက်နေပြီဟု မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    ဝေဖန်ခံရပြီးနောက် ကာကွယ်ရေးဝန်ကြီး ကင်တေယောင်သည် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် အသက် ၆၁ နှစ်ရှိ ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီးဟောင်း လီဟီဝန်က ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်တွင် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးဌာနချုပ်တွင် deputy chief ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စစ်ဘက်မှ အနားယူခဲ့သည်။ နောက်ပိုင်းတွင် သမ္မတ၏ လုံခြုံရေးလက်ထောက်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ တောင်ကိုရီးယားက နယ်စပ်ရှိ ကျွန်းများသို့ လက်နက်နှင့်တပ်အင်အား တိုးမြှင့်စေလွှတ်မည်ဟု ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားက တိုက်ခိုက်မှု ထပ်မံပြုလုပ်ပါက ပြင်းပြင်းထန်ထန် တုံ့ပြန်ခွင့်ပေးမည့် စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲခဲ့သည်။

    တောင်ကိုရီးယား ယုံပြောင်ကျွန်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သော မြောက်ကိုရီးယား အမြောက်တပ်သို့ ကင်ဂျုံအီလ်နှင့်ကင်ဂျုံအွန်က ပစ်ခတ်မှု မပြုလုပ်မီ နာရီအနည်းငယ်အလိုတွင် သွားရောက်ခဲ့ကြောင်း၊ တောင်ကိုရီးယား မရိန်းတပ်သား နှစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးစေခဲ့သော ပစ်ခတ်မှုကို ကင်ဂျုံအီလ် ကိုယ်တိုင် အမိန့်ပေးခဲ့ဖွယ် ရှိကြောင်း တောင်ကိုရီးယား Joongaug နေ့စဉ်သတင်းစာက အစိုးရသတင်း ရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ ယင်းလုပ်ရပ်သည် အတွေ့အကြုံ နုနယ်ပြီး လူသိနည်းကာ ပြုံယမ်း စစ်ဘက်ထောက်ခံမှု အနည်းငယ်သာ ရထားသည်ဆိုသော ကင်ဂျုံအွန်ပုံရိပ် ပျောက်ကွယ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။