ဓာတ်ပုံ - ဧရာဝတီ
ဂီရိ ဒဏ်ထိ ပေါက်တောမြို့နယ် မြင်ကွင်း
အုန်းပင်က ထိုးဖောက်ဖြိုခွဲသွားခဲ့ပါပြီ
ကျမတို့လည်း အတူတူပါပဲ
အုတ်ခံအိမ်လည်း ပြိုတာပါပဲ
နှစ်ချို့ပင်ကြီးတွေလည်း ဘယ်ခံနိုင်မလဲ
အမိုးမရှိတော့တဲ့ အိမ်အောက်လေးမှာပဲ ခို
အိမ်ကို မိုးသွားတဲ့ အုန်းပင်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အင်းကြင်းချိုင်ကျွန်း ဂီရိဒဏ်ထိ မြင်ကွင်းတွေဖြစ်ပါတယ်။ ထိုကျွန်းပေါ်ရှိ မောက်ပြား ၊ သရက်ချောင်း ၊ တန်းလွှဲချောင်း ၊ ကျောက်စု ၊ ဗျိုင်းသစ် ၊ နတ်ရွာ ၊ ကျောက်မောင်း ၊ ပြင်ကြီးစတဲ့ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်းများစွာလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ရခိုင် မုန်တိုင်းဘေး ဓာတ်ပုံတချို့
ပုံတွေကို ရခိုင် ဂီရိ ဘလော့ဂ်နဲ့ နေရဉ္ဇရာကနေ ယူပါတယ်။ ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းနဲ့ ပတ်သက်ပြီး အချက်အလက်၊ ဓာတ်ပုံတွေ တင်နေတဲ့ ရခိုင် ဂီရိ ဘလော့ဂ်ကိုလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်။
မြေပုံမြို့နယ် အပျက်အစီး
မြေပုံမြို့နယ်တွင် ယနေ့မနက် RNDP ပါတီမှ ကောက်ယူရရှိသော စာရင်းများအရ ဂီရိမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၂၆ ဦး ရှိနေကြောင်း သိရသည်။"လူတွေက ကုန်းမြင့်တွေ. တောင်ကုန်းတွေမှာ ဖြစ်သလို တဲထိုးနေကြရတယ်တဲ့ ၊ တချို့ အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ရွာတွေက ၂၀ တောင်မကျန်ဘူးတဲ့ဗျာ"ဟု မြေပုံမြို့နယ် RNDP အမတ်လောင်းနှင့် အဆက်အသွယ်ရခဲ့သူက ပြောသည်။
ကျောက်ဖြူမြို့နယ် အပျက်အစီး။ (ဓာတ်ပုံ - Arakan Giri blog)
-