Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မြန်မာနိုင်ငံတွင် ကမ္ဘာသိနာမည်ကျော် ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေး တိုးပွားနေ

  • Sunday, December 19, 2010
  • .
  • အကြောင်းအရာ >
  • မြန်မာနိုင်ငံတွင် ခွန်ဆာတို့ကဲ့သို့ ကမ္ဘာကျော် ထိပ်တန်း ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှု တနှစ်ထက်တနှစ် ပိုမိုများပြားလာ ကြောင်း စုံစမ်းသိရှိရပါသည်။

    ဘိန်းဘုရင်ဟောင်း ဦးခွန်ဆာ (ဓါတ်ပုံ - SHAN)

    ဘိန်းဘုရင်ဟောင်း ဦးခွန်ဆာ (ဓါတ်ပုံ - SHAN)

    “အရင်တုန်းကတော့ ခွန်ဆာပေါ့၊ ပြီးတော့ဝှေ့ရှော်ကန်း၊ ဒါပေမယ့်အခု ဝှေ့ရှော်ကန်းခေတ်မဟုတ် တော့ဘူး။ကနေ့ ခေတ်ကတော့ ပြည်ပက သိပ်မသိသေးတဲ့မူးယစ်ရာဇ အသစ် တွေများလာတယ်။ အဲကြောင့် အမေရိကန် တို့ ထိုင်းတို့က သူတို့အရင်ကသိထားတဲ့ ဝှေ့ရှော်ကန်းကိုဘဲ ဖမ်းဝရမ်းဆက် ထုတ်နေရတာပေါ့”-ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းကပြောပါသည်။

    လက်ရှိသျှမ်းပြည်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသူ များမှာ နအဖကျောထောက်နောက်ခံပြု ပေးသည့် ပြည်သူ့ စစ်ခေါင်းဆောင်များဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးဧရိယာ နှစ်ဆ တိုးလာခြင်းမှာလည်း ပြည်သူ့စစ်များနှင့် ဗမာစစ်တပ် တိုက်ရိုက်ထိန်းချုပ်သည့် နယ်မြေများတွင်သာဖြစ်ကြောင်း၊ စိတ်ကြွဆေးပြားထုတ်ရာတွင်လည်း အရင် နှစ်များ က အပစ်ရပ်တပ်ဖွဲ့ အချို့ထုတ်လုပ်သည့် အရည်အသွေးနှင့်အရည်အတွက်ထက်လက်ရှိ ပြည်သူ့ စစ် များက အပြိုင်ထုတ် လာနိုင်ကြောင်း၊ သယ်ယူရောင်းချရာတွင်လည်း ပြည်သူ့စစ်မဟုတ်ပါက ဈေးကွက်သို့မထိုးဖေါက်နိုင် တော့ကြောင်း - သျှမ်းပြည်တွင်း မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသူ တဦးကပြောပြပါ သည်။

    “ကျနော် ရာဘစွဲလို့ ကျနော့်မိဘ က ထိုင်းကိုလွတ်လိုက်တာ ၃ လ ရှိပြီ၊ အခု ဆေးတော့ ဖြတ်နိုင်ပြီ။ ဒါပေမယ့် ကျနော်တို့မြို့မှာ ရာဘပေါတဲ့အကြောင်း ပြောပြချင်တယ်၊ မနှစ်က သျှမ်းနှစ်သစ်ကူးပွဲမှာ ရာဘကို ချိုချဉ်ဝေသ လို လက်ဆင့်ကမ်းဝေတာ။ ဒီနှစ်လဲ အဲလိုဘဲတဲ့” - ဟု အသက် ၁၉ နှစ်ရှိ စိုင်းခမ်းစိုင်း ကပြောပါသည်။
    UWSA ဝ ပြည်သွေးစည်းရေးတပ်မတော်ခေါင်းဆောင်ပိုင်းတဦးဖြစ်သူ ဝှေ့ရှော်ကန်းအား ဖမ်းမိပါက အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမည်ဟု အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နှင့် ထိုင်းမူးယစ် နှိမ်နင်းရေး အဖွဲ့တို့က ဆယ်နှစ်ခန့်ကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝေ့ရှော်ကန်းပုံ ပါ သည့် ဘီယာ ခွက်၊ မီးခြစ် များနှင့်တခြားလက်ကမ်းစာစောင်များဖြင့် ထိုင်းမြန်မာနယ်စပ်ဒေသတလျှောက်ဖြန့်ဝေထားကြောင်း ဘန်ကောက် ပိုစ့် သတင်းကိုကိုး၍ ဗွီအိုအေသတင်းဌာနကပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သတင်း ထုတ်ပြန်ခဲ့ပါသည်။

    နအဖ စစ်အာဏာာပိုင်တို့ စိတ်ကြိုက်ရွေးခြယ်ခဲ့သော ရွေးကောက်ပွဲ အနိုင်ရ ကြံ့ဖွတ်ပါတီဝင် အောက်ပါ လွှတ်တော် ကိုယ်စားလှယ်များသည် - နာမည်ကျော် မူးယစ်ရာဇာများဖြစ်ကြောင်းဒေသခံပြည်သူများအကြား ရေပန်းစားအသိ အမှတ်ပြု လက်ရှိသည်။