Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ပြေတီဦးဖောင်ဒေးရှင်း၏ ပညာသင်ဆု ထောက်ပံ့ကြေး ပထမအကြိမ် ပေးအပ်ပွဲ ကျင်းပပြုလုပ်

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • e3362

    ပြေတီဦးဖောင်ဒေးရှင်း၏ ပညာသင်ဆု ထောက်ပံ့ကြေးပထမ အကြိမ်ပေးအပ်ပွဲ အခမ်းအနားအား သရုပ်ဆောင်ပြေတီဦး၏ အသက် ၃၂ နှစ်ပြည့် မွေးနေ့ဖြစ်သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆နာရီ ခွဲတွင် ရန်ကုန်မြို့ကရ၀ိက်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။"ကျွန်တော့်ရဲ့ ၃၁နှစ် ပြည့်မွေးနေ့က ရရှိလာတဲ့အကျိုးအမြတ်လေးတွေကို အခုလိုပညာရေး ဖောင်ဒေးရှင်းလေး တစ်ခုတည်ထောင်ခွင့် ရလိုက်တဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ အခုပထမဆုံးအကြိမ်မှာ ဆယ်ယောက်ကို ထောက်ပံ့ခွင့်ရသလို နောင်ကိုလည်း အခုထက်ပိုပြီး ကူညီထောက်ပံ့ပေးသွားနိုင်ဖို့ ကြိုးစားသွားမှာပါ" ဟု ပြေတီဦးက ဆိုသည်။

    ပြေတီဦးဖောင်ဒေးရှင်း ပညာသင် ထောက်ပံ့ကြေးရန်ပုံငွေသည် ပြေတီဦး၏အသက် ၃၁ နှစ်ပြည့် မွေးနေ့ဖျော်ဖြေပွဲခွေ ရောင်းချရသည့် ငွေကျပ်သိန်းတစ်ရာအား မတည်၍ တည်ထောင်ထားခြင်း ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဆေးတက္ကသိုလ် တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူ ဆယ်ဦးအား ရွေးချယ်၍ ပညာသင် ထောက်ပံ့ကြေးငွေပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

    ပြေတီဦးပညာရေး ဖောင်ဒေးရှင်း၏ ပထမအကြိမ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ၌ ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလအတွက် တစ်လလျှင် ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးသွားပြီး နယ်မှလာ ရောက်ရသူများအတွက် နေထိုင်စားသောက်စရိတ်နှင့် သွားလာစရိတ်များပါ ကုန်ကျခံပေးခဲ့သည်ဟု သိရသည်။ ယင်းနေ့တွင် ပြေတီဦး၏အနုပညာ အသိုင်းအ၀န်းမှ မိတ်ဆွေအများအပြား တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ပြေတီဦးနှင့်အတူ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် လက်ထပ်ထိမ်းမြားရန် စီစဉ်ထားသည့် သူ၏ချစ်သူ အိန္ဒြာကျော်ဇင်သည်လည်း ဧည့်ခံပေးခဲ့သည်ကို တွေ့မြင်ခဲ့ရ သည်။