Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ပြည်န၀ဒေး တံတား၏ ရေလမ်းကြောင်းကို ပြောင်းလဲသတ်မှတ်

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • w6925

    ပြည်မြို့ရှိ ဧရာဝတီမြစ်ကူး န၀ဒေးတံတား၏ ရေလမ်းကြောင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ အသစ်ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခင်ရေယာဉ်များ မောင်းနှင်ခွင့် ပြုထားသော အစုန်လမ်းဖြစ်သည့် ရေလယ်တိုင် အမှတ်(၄)နှင့်(၅)မှ ရေလယ်တိုင် အမှတ်(၆)နှင့်(၇)သို့ လည်းကောင်း၊ အဆန်လမ်းအား ရေလယ်တိုင်အမှတ် (၃)နှင့်(၄)မှ ရေလယ်တိုင် အမှတ်(၅) နှင့်(၆)သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ယင်းတို့အကြားမှ ရေယာဉ်များ ဖြတ်သန်းသွားလာရမည်ဟု သိရသည်။

    ယခုပြောင်းလဲလိုက်သည့် ရေလမ်းကြောင်းမှာ ကင်းလွတ်အကျယ် ၁၁၀ မီတာရှိ၍ အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၁၇ မီတာရှိကြောင်းနှင့် ရေယာဉ်များ ဖြတ်သန်း ရမည့် ၀င်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံ အမှတ်အသား ပြသ၍ ညတွင် မီးစိမ်းထွန်းညှိထားမည် ဖြစ်ပြီး မ၀င်ရသည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြပြီး ညအခါတွင် မီးနီ ထွန်းထားမည်ဟု သိရသည်။

    ထိုကဲ့သို့ ရေလမ်းကြောင်း ပြောင်းလဲ သတ်မှတ်လိုက်ခြင်းမှာ ရေနည်းကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ဟု သိရပြီး ပြည်မြို့အနီး ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှုမှာလည်း နိုဝင်ဘာလသာ ရှိသေးသော်လည်း တဖြည်ဖြည်း များပြားလာကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမို ဆောလျင်စွာ ပေါ်ထွန်းလာနေသည်ဟု သိရသည်။''ပြည်တစ်ဖက်ကမ်း ရွှေဘုံသာ ဘက်ခြမ်းနဲ့ န၀ဒေးတံတားရဲ့ ရေစုန် အောက်ဘက် နတ်မှော်အနီးမှာဆိုရင် သောင်ခုံ တော်တော်ကြီးကိုပေါ်နေပါပြီ''ဟု ပြည်မြို့ရှိ ဒေသခံတစ်ဦးက ဆိုပါသည်။