Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖားကန့် အပါအ၀င် မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာ နယ်မြေများတွင် ကျောက်စိမ်းလုပ်ကွက်သစ်များ ထပ်မံဖော်ထုတ်လုပ်ကိုင်ခွင့်

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • w6912
    ဖားကန့်မှော်ရှိ ရေမဆေး ကျောက်သမားများကို တွေ့ရစဉ်

    ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖားကန့် အပါအ၀င် မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာ နယ်မြေများတွင် ကျောက်စိမ်း၊ကျောက်မျက် လုပ်ကွက်သစ်များ ထပ်မံဖော်ထုတ် ချထားပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက်မျက်ရတ နာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်း ကော်မတီမှ သိရှိရသည်။

    ထို့ကြောင့် ကျောက်မျက်ရတနာ နယ်မြေများတွင် ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်များ ရယူ၍ တူးဖော်ထုတ်လုပ်နေသည့် ကျောက်စိမ်း၊ကျောက်မျက် လုပ်ကွက်များအနက်မှ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လများအတွင်း သက် တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်များနှင့် ဖားကန့် ရတနာနယ်မြေ သတ်မှတ်လုပ်ကွက် အသစ်များ၊ လစ်လပ် သတ်မှတ်လုပ်ကွက်များနှင့် လစ်လပ်ဖော်ထုတ် လုပ်ကွက်များကို မြန်မာကျောက်မျက်ရတနာ ဥပဒေများနှင့်အညီ နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အသင်းများအား ဈေးပြိုင်စနစ်ဖြင့် တူးဖော်ထုတ်လုပ်နိုင်ရန် ခွင့်ပြုပေးရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ဖော်ထုတ်လုပ်ကွက်များနှင့် သတ်မှတ် လုပ်ကွက်များကို လျှောက်ထားရာတွင် လုပ်ကွက်များ အဆိုပြု လျှောက်ထားသော ကုမ္ပဏီသည် အဆိုပြုလွှာနှင့်အတူ ငွေကြေးခိုင်မာမှု ရှိကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် (သို့) သက်ဆိုင်ရာမှ အသိအမှတ်ပြု ထားသည့် ပုဂ္ဂလိကဘဏ် တစ်ခုမှ ဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပူးတွဲတင်ပြ လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရသည်။အဆိုပြုလွှာများကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်မှ စတင်၍ သတ်မှတ်နေရာများတွင် မှတ်ပုံတင်ကြေးများ ပေးသွင်းကာ မှတ်ပုံတင်ပြီး ထုတ်ယူနိုင်ကြောင်း၊ လုပ်ကွက်မြေပုံများကို ကြည့်ရှုနိုင်ကြောင်း သိရသည်။

    မြန်မာကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများကို ယခင် နှစ်များကလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ချထားပေးခဲ့ရာ ဖားကန့်ရတနာမြေ၌ Jade Dragon Gems Co., Ltd, Jing Po Aung Jade and Gems, မြန်မာစည်သူကုမ္ပဏီလီမိ တက်၊ရတနာတောင်တန်း ကုမ္ပဏီလီမိတက်၊ ရွှေဂုဏ်ဂုဏ် ကျောက်မျက်ရတနာ လီမိတက်တို့ လုပ်ကိုင်ခဲ့ကြပြီး မိုင်းရှူးရတနာမြေ၌ Khun Pa O Gems Jade Co., Ltd၊ ပတ္တမြားနဂါး ကျောက်စိမ်းကုမ္ပဏီလီမိတက် စသည့် ကုမ္ပဏီများအား လုပ်ကိုင်ခွင့်များ ချပေးခဲ့ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံတွင် ယခင်က ဖားကန့်ရတနာမြေမှသာ ကျောက်မျက်ရတနာများ ထုတ်ယူနိုင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း မိုင်းရှူးရတနာမြေအသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ မိုင်းရှူးရတနာမြေရှိ ကျောက်မျက်လုပ်ကွက် ၂၂၇ ကွက်မှ ကျောက်မျက်ကာရက် ထောင်ပေါင်း ၆၇၄၉.၆၆ ကာရက်ကို ထုတ်ယူနိုင်ခဲ့ကြောင်း၊ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းသည် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်သာမက ပြည်ပ ကျောက်စိမ်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ရာ မုံရွာမြို့ရှိ ကြေးစင်တောင်နှင့်စံပယ်တောင်တို့တွင် မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီလီမိတက်၊ လောက်ကိုင် သတ္တုတူးဖော်ရေး လုပ်ကွက်များတွင် Cornerstone Resource(Myanmar) စသည့် ကုမ္ပဏီများမှ လုပ်ကိုင်ခဲ့ ကြောင်း သိရသည်။